Wednesday, February 11, 2015

Posted by Unknown | File under :
~

Huawei Y535-C00 ကို Network unlock , Myanmar Font , Root တစ်ခါထဲ One Click နဲ့ လုပ်လို့ရပါပြီ။

ဒီ Tool လေးကို လုပ်ထားတာကတော့ Developer ကို ရဲကြီးပါ။

Sim Card ထည့်တဲံ့အခါတောင်းတဲ့ Network Lock ကို ဒီ Tool လေးနဲ့ Unlock 

လုပ်နိုင်ပါတယ်။

Root နဲ့ Myanmar Font ကိုပါ တစ်ခါထဲတွဲပြီး ထည့်လို့ရတာကြောင့် အဆင်ပြေတာကတော့ 

အတိုင်းထက်အလွန်ပဲပေါ့။ :)

လိုအပ်မယ်ဆိုရင်တော့.......


                                  



လုပ်ပုံလုပ်နည်းလေးကလည်း အရမ်းလွယ်ပါတယ်။

Phone ကို VSB Debugging on ပြီး Unknow Source ကို on ပါ။

ပြီးရင် PC (Computer) နဲ့ connect လုပ်ပြီး Driver သိပြီဆိုရင် Tool ကို ဖွင့်လိုက်ပါ။

ပြီးရင် 1 ကိုနှိပ်ပြီး Enter ခေါက်လိုက်ပါ။

Tool မှာ Auto အလုပ်လုပ်ပြီး Phone မှာ Reboot ကျသွားပါလိမ့်မယ်။

ခဏစောင့်လိုက်ပါ။

Phone မှာ Home Screen ကို ပြန်တက်လာပြီဆိုရင် Network Unlock လုပ်ပြီးသား

Root ပါရပြီး Myanmar Font ပါ တစ်ခါထဲပါတဲ့ Y535-C00 လေးကို ပိုင်ဆိုင်နိုင်ပါပြီ။

Monday, February 9, 2015

Posted by Unknown | File under :
အကြောင်းအမျိုးiPhone တစ်လုံးကောက်ရထားတယ်....


ဈေးသက်သာလို့ iPhone တစ်လုံး ဝယ်ထားလိုက်မိပါတယ်..


မူလပိုင်ရှင်နဲ့ ဆက်သွယ်လို့ မရတော့လို့ပါ.. 
စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးနဲ့ စတင်မေးမြန်းလာကြပေမယ့် နောက်ဆုံးမှာတော့ iCloud Activation ကို 

ကျော်ချင်လို့ နည်းလမ်းရှိရင် ပြောပြပေးပါ ဟူ၍ အဆုံးသတ်တွေ တူညီကြပါတယ်.. 

သူတို့တွေ အားလုံးဟာ "This iPhone is currently linked to an Apple ID. Sign in wth the Apple 


ID that was used to set up this iPhone" ဆိုတဲ့ စာတန်းလေးကို မြင်တွေ့လိုက်ရလို့ပဲ ဖြစ်ပါတယ်။ 

DoulCi က iCloud Activation ကို ကျော်လို့ရပြီလို့ သက်သေ အထောက်ထားများနဲ့တစ်ကွ ချပြလိုက်တဲ့ 

အချိန်ကစလို့ အားလုံးရဲ့ စိတ်ထဲမှာ iCloud ကို ကျော်လို့ရတာပဲလို့ စိတ်ထဲစွဲသွားပါတယ်... 

အဲဒီက စတင်လို့ internet မှာ iCloud Bypass software တွေပေါ်လာပါတော့တယ်၊ အားလုံးဟာ Fake တွေ 


Scam တွေဖြစ်ပြီး စက်ကို ဒုက္ခပေးတတ်ပါတယ်။ 

ဒါပေမယ့် အခုတော့ iCloud Activation ကို အမှန်တစ်ကယ် Bypass လုပ်ပေးနိုင်မယ့် အဖြေတစ်ခုကို 

တွေ့ထားပါပြီ... 

အထူးသတိပြုဖို့ တစ်ခုကတော့ ခိုးခံထားရတယ်လို့ Apple ကို Report လုပ်ထားတဲ့ iPhone, iPad တို့ဆိုရင်တော့ 


ဒီနည်းနဲ့လည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ Clean Device တွေမှာသာ အဆင်ပြေနိုင်ပါလိမ့်မယ်။ 

အကယ်၍ မိမိမှာ တစ်ဆင့်ပြန်ဝယ်ထားတဲ့ iPhone/iPad ရှိနေပြီး ဒီDevice Clean ဖြစ် မဖြစ်ဆိုတာ သိနိုင်ဖို့ 


အတွက် Device IMEI number နဲ့ စစ်ဆေးကြည့်နိုင်ပါတယ်။ 

>> IMEI number ရှာဖွေနည်း 

ကိုယ့်ရဲ့ IMEI number ကို သိပြီဆိုရင်တော့ မိမိရဲ့ Device ဟာ Blacklist ထဲမှာ ထည့်ထားခံရပြီလားဆိုတာကို 


မသင်္ကာရင် စစ်ဆေးကြည့်နိုင်ပါတယ်။ 

>> Check iDevice Blacklisted 

iCloud Lock Remove လုပ်ပေးနိုင်သော Device များ 

  • iPhone 5S
  • iPhone 5C
  • iPhone 5
  • iPhone 4S
  • iPhone 4
  • iPad Air
  • iPad Mini with Retina
  • iPad Mini
  • iPad 4
  • iPad 3

ယခုဖော်ပြမည့်နည်းလမ်းဟာ အခမဲ့တော့ မဟုတ်ပါဘူး၊ ထိုက်တန်တဲ့ ဝန်ဆောင်ခကို ပေးချေပြီးမှ iCloud 


Activation Remove လုပ်ပေးမှာ ဖြစ်ပါတယ်.. 

**iCloud Activation ကို Remove လုပ်နည်း** 

၁) မိမိ iDevice ၏ IMEI number ကို မှန်ကန်စွာ သိရှိအောင် ရှာထားပါ။ 

၂) iCloud Removal Official website ဤနေရာသို့ သွားပါ။ 

၃) IMEI number ကို အမှာစာမှာ ဖြည့်သွင်းပေးပါ။ 


၎) iCloud lock ကို Remove လုပ်ပြီးသွားတဲ့ အခါမှာ email နှင့် အကြောင်းပြန်ကြားပါလိမ့်မည်။ 

၅) နောက်ဆုံးမှာတော့ မိမိကိုယ်ပိုင် iCloud account ကို ဖြည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။ 

မှတ်ချက်။ ။ ဖော်ပြပါဆောင်းပါးသည် ကြောငြာဆောင်းပါး မဟုတ်ကြောင်းနှင့် ကျွန်တော်ကိုယ်တိုင်လည်း ယခု 


service ကို အသုံးမပြုဖူးသေးကြောင်း ဝန်ခံပါသည်။ သို့သော် အဆိုပါ website သည် Unlock service 

နာမည်ရပြီးသော site တစ်ခုဖြစ်ပါသည်။ 

ထို့ကြောင့် အဆိုပါ service ကို အသုံးပြုမည့်သူသည် မိမိ၏ ကိုယ်ပိုင် စွန့်စားမှု (Own Risk) သာဖြစ်ပြီး၊ 


ာရေးသူနှင့် မသက်ဆိုင်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ 

ဖုန်းပျောက်သွားတဲ့အခါ apple official page ကို report တင်ရမယ့် link ကို အောက်မှာပေးထားပါတယ်..

http://support.apple.com/kb/ht2526

Tuesday, February 3, 2015

Posted by Unknown | File under :

ဖုန်းတစ်လုံးရဲ့ Powersection ပိုင်းမှာပါဝင်တဲ့ components လေးတွေရဲ့အခေါ်အဝေါ်နဲ့ ပါင်းစပ်အလုပ်လုပ်ပုံ။ဖြစ်တတ်တဲ့ error များနဲ့ ပြုပြင်ပုံတို့ ကိုအခုမှစတင်လေ့လာနေတဲ့ညီငယ်
များပါနားလည်သဘောပေါက်အောင်၊ပုံလေးတွေနဲ့ တကွရှင်းပြပေးထားပါတယ်။ကျွန်တော့်ရဲ့
သင်ဆရာများဖြစ်ကြတဲ့ အခြေခံ electronic ပညာကိုသင်ပေးတဲ့ဆရာကြီးဦးသန်းဆင့်
ဆရာကြီးဦးထိန်ဝင်းနဲ့ ဖုန်း hardware ပိုင်းကိုသင်ပေးခဲ့တဲ့ ဆရာကိုထွန်း၊ဆရာချစ် နဲ့ မြင်ဆရာများ
ဖြစ်ကြတဲ့ဆရာဦးမောင်နိင်၊ဆရာကိုစိုင်း၊နဲ့ ကိုစိုးမြင့်သူသူငယ်ချင်းဆရာများကိုဒီဆောင်းပါးလေးနဲ့ 
ဂါရ၀ပြုလိုက်ပါတယ်။
တကယ်တော့ electronic နယ်ပယ်မှာ smartphone ဆိုတာ နည်းပညာအမြင့်ဆုံး electronic device
လို့ ပြောရင်ရပါတယ်။ဒီလို အဆင့်မြင့်နည်းပညာတစ်ခုကိုအခြေံအဆင့်မီတာတိုင်းနည်းတောင်မသိသေး
တဲ့ညီငယ်တွေအတွက်အရာရာဟာေ၀၀ါးနေမှာအမှန်ပါပဲ။ဒါပေမယ့်ဘာမှအားမငယ်ပါနဲ့ ညီလေးတို့ ၊
ဇွဲရှိရှိနဲ့ ကြိုးစားအားထုတ်ဖို့ ပဲလိုပါတယ်။အဆင်ပြေရင်တော့အခြေခံပိုင်းပါပေါင်းစပ်သင်ပေးတဲ့
သင်တန်းတွေကိုမေးမြန်းပြီးတက်ပေါ့။
ဖုန်းတစ်လုံးရဲ့ power ပိုင်းမှာပါဝင်တဲ့ပစ္စည်းလေးတွေက

(၁)  capacitor အ၀ါရောင်နဲ့ အညိုရောင်အတုံးလေးတွေပါ။သူတို့ က ပတ်လမ်းမှာလိုအပ်တဲ့
dc volt ကိုတည်ငြိမ်မှုရှိအောင်ပြုလုပ်ပေးပါတယ်။ dc လျှပ်စီးကြောင်းမှာရော ယှက်ပါလာတဲ့
ac လှိုင်းအနှောက်အယှက်တွေကိုလဲဖယ်ရှားစစ်ထုပ်ပေးပါတယ်။ဒါကတော့ capacitor လေးတွေရဲ့
ပုံပါ။

smd-capacitor1

ဒီကောင်လေးတွေထဲက တစ်ချို့  capacitor လေးတွေဟာဒီစီဗို့ လိုင်းရဲ့ အပေါင်းနဲ့ အနှုတ်ကိုခွပြီး

တပ်ထားပါတယ်၊တစ်ခါတစ်ရံမှာ ဒီကောင်လေးတွေရှော့ဖြစ်ပြီး
ဖုန်းပါဝါသေတဲ့ပြစ်ချက်မျိုးတွေကြုံရပါတယ်။
IMG_6429
ဒီပုံမှာဆိုရင်မျှားအနီရောင်လေးပြထားတဲ့ capacitor လေးရှော့ဖြစ်ပြီးပါဝါသေနေတာပါ၊
power supply နဲ့ ချိတ်လိုက်ရင်အမ်ပီယာအဆုံးထိပြသွားပါတယ်။ဒီလိုပြစ်ချက်မျိုးက
အတွေ့ အကြုံများတဲ့သူဆိုရင်ချက်ချင်းစဉ်းစားမိမှာပါ။ battery ငုတ်ရဲ့အ၀င်မှာနားက
အပေါင်းအနှုတ်လိုင်းကိုခွပြီးတတ်ထားတဲ့ ဒီကောင်လေးက dc ဗို့ ကိုလုံးဝပိတ်ချလိုက်တာ။
Capacitor တွေမှာဖြစ်တတ်တဲ့ ပြစ်ချက်ကတော့၊ရှော့ဖြစ်ပြီးဝါယာကြိုးတစ်ချောင်းလိုဖြစ်သွားတာ
နောက်တစ်မျိုးက open ဖြစ်တယ်လို့ လဲခေါ်ပါတယ်၊ capacitor ရဲ့ မိုက်ခရိုဖရက်တန်ဖိုးလုံး
ဝပျောက်သွားတာမျိုးပါ။ရေ၀င်တဲ့ဖုန်းတွေမှာအဖြစ်များပါတယ်။တကယ်လို့ ဒီပစ္စည်းလေး
တွေကိုအစားထိုးပြုပြင်မယ်ဆိုရင်၊စက်ပြားဟောင်းလေးတွေစုဆောင်းထားရပါမယ်။
ဖုန်းထဲမှာအသုံးပြုတဲ့ SMD components လို့ ခေါ်တဲ့ သေးငယ်တဲ့ပစ္စည်းလေးတွေကို
အပြင်မှာဝယ်ဖို့ မလွယ်ကူပါဘူး၊ဒါကြောင့်စက်ပြားများများစုဆောင်းထားတဲ့သူဟာ
အလွယ်တကူပဲပြင်ဆင်လို့ ရသွားမှာပါ။
(၂) Resistor ဒီကောင်လေးတွေကအမဲရောင်အတုံးအသေးဆုံးလေးတွေပါ။အရွယ်နဲနဲကြီးတဲ့
ကောင်တွေလဲအနဲငယ်သုံးပါတယ်။သူတို့ ကတော့ရှော့ဖြစ်တယ်လို့ သိပ်မရှိပါဘူး
open ပြတ်သွားတာများပါတယ်။ fuse resistor  ကိုတော့အဖြူရောင်အတုံးလေးတွေအဖြစ်
ခွဲခြားပေးထားပါတယ်။ပုံမှာမြင်နေရတာတော့ SMD Resistor လေးတွေပါ။
smd-resistor
(၃) coil ကွိုင်လေးတွေကိုတော့ပါဝါပိုင်းမှာအနဲဆုံးလေးလုံးကနေခြောက်လုံးထိတွေ့ ရတတ်ပါတယ်။
ကွိုင်လေးတွေသုံးရခြင်းရဲ့အကြောင်းကတော့၊ပတ်လမ်းမှာလိုအပ်တဲ့ လျှပ်စီးကြောင်း အမ်ပီယာ၊
တောင့်တင်းကောင်းမွန်စေရန်၊dc လျှပ်စီးကြောင်းကနေ ac အသွင်ကိုကူးပြောင်းယူရန်၊dc ဗို့ ကိုလို
အပ်သလိုထုပ်ယူပေးနိင်ရန်အသုံးပြုကြပါတယ်။ပုံမှာမြင်ရတာကတော့ SMD Coil လေးပါ။
´
power ic pin out
(၄) FET နဲ့  SOT
FET က Field effect transistor , SOT က Small outline transistor ပါ။ပါဝါပိုင်းမှာ
နှစ်မျိုးစလုံးသုံးတတ်ပါတယ်။ဒီကောင်လေးတွေက လျှပ်စီးကြောင်းတွေကိုလိုအပ်သလို
အပိတ်အဖွင့်လုပ်တဲ့နေရာမှာသုံးကြပါတယ်၊နောက်တစ်မျိုးက battery ကိုအားသွင်းတဲ့
နေရာမျိုးမှာအမ်ပီယာကိုလိုအပ်သလိုထိန်းချုပ်ပေးနိင်ဖို့ သုံးကြပါတယ်။ဒီပစ္စည်းလေးတွေ
ပျက်စီးသွားရင်တော့အမျိုးအစားတူတစ်ခုခုနဲ့ လဲလှယ်အသုံးပြုသင့်ပါတယ်၊
ခြေတောက်ကိုကြိုးပူးပြီးသုံးတာရတယ်ဆိုပေမယ့်၊တစ်ချို့ ပတ်လမ်းတွေမှာပါဝါအဖွင့်အပိတ်
လုပ်ပေးယုံသာမကပဲ၊ charging ပိုင်းကိုပါတွဲဖက်နေတာမျိုးဆိုရင်၊ error တစ်မျိုးမျိုးတက်လာ
နိင်ပါတယ်။ပုံမှာပြထားတာကတော့ SOT လေး၇ဲ့ပုံပါ။
Small-Outline-Transistors-SOT
(၅) DIODE ဒီကောင်လေးတွေကတော့ပါဝါပိုင်းမှာမပါ၇င်မဖြစ်တဲ့ပစ္စည်းလေးတွေပါ။
အေစီကနေဒီစီကိုပြောင်းပေးတဲ့နေ၇ာမှာသုံးပါတယ်။နောက်တစ်ခုကzener diode ပါ၊
သူ့ ကိုတော့တစ်ချို့ ညီငယ်တွေသိပ်သိမှာမဟုတ်ပါဘူး။သူကဘာလုပ်ပေးလဲဆိုတော့
ဒီစီဗို့ ကိုကန့် သပ်ပြီးတည်ငြိမ်အောင်ထိန်းငြှိပေးပါတယ်၊အထူးသဖြင့် charging ပိုင်းတွေမှာ
အသုံးများပါတယ်၊ဒီစီဗို့ အားရဲ့အပေါင်းနဲ့ အနှုတ်ကိုခွပြီးတပ်ဆင်ထားတဲ့အတွက်၊ဒီကောင်
လေးရှော့ဖြစ်ရင် ပါဝါပိုင်းပါသေသွားတတ်ပါတယ်။ပုံမှာပြထားတဲ့ပစ္စည်းကတော့ diode လေးပါ။
Rectifier-Diode
(၆) PMU  Power Management Unit ဖြစ်ပါတယ်၊ပတ်လမ်းမှာပါဝင်တဲ့၊အိုင်စီတွေရဲ့
ဲ့ဗို့ အားလိုအပ်ချက်ကိုဖြန့် ဝေပေးတဲ့အိုင်စီပါ။ဖုန်းတစ်လုံးရဲ့အသက်လို့ လဲပြောနိင်ပါတယ်။
ဒီအိုင်စီထဲမှာအဓိကအပိုင်း(၅)ပိုင်းလောက်ပါဝင်ပါတယ်။
battery ကနေ၀င်လာတဲ့ဗို့ အားကိုလက္ခံပေးတဲ့ input section
စတုဂံလှိုင်းကိုထုပ်လွတ်ပေးတဲ့ oscillator  ပိုင်း၊
ပါဝါအဖွင့်အပိတ်ကိုလက္ခပေးတဲ့ data in,out ပိုင်း၊
charging နဲ့ vibrator  အပိုင်း၊
ကွိုင်ပတ်လမ်းတွေနဲ့ တွဲဖက်လုပ်ဆောင်ပေးတဲ့ output အပိုင်းတို့ ဖြစ်ပါတယ်။
ပုံမှာပြထားတာကတော့ power section တစ်ခုမှာပါဝင်တဲ့ပစ္စည်းလေးတွေစုပေါင်းဖွဲ့ စည်း
ထားတဲ့ပုံလေးပါ။
IMG_6406
(၇) CRTSTAL ဒီကောင်လေးကတော့၊ pmu အတွက်လိုအပ်တဲ့ oscillator ပိုင်းကိုထိန်းချုပ်ပေးပါ
တယ်။ပုံမှန်ပတ်လမ်းတွေမှာ ( f=1/CR) ပုံသေနည်းကိုအသုံးပြုပေမယ့်၊ဒီအပိုင်းမှာတော့
တည်ငြိမ်တဲ့ဗို့ အားကိုလိုအပ်တဲ့အတွက်၊ crystal ကိုအသုံးပြုတာဖြစ်ပါတယ်။
Back light အပိုင်းမှာတော့ crystal ကိုမသုံးကြပါဘူး။
ပုံမှာပြထားတာကတော့ crystal ပတ်လမ်းလေးတစ်ခုပါ။

11
အရင်ကတော့ဒီကောင်လေးတွေအပျက်နဲပါတယ်၊ hyawei g610 မှာတော့တော်တော်လေး
အဖြစ်များပါတယ်။သူရဲ့ error ကပါဝါဖွင့်ရင်တစ်ခါတစ်လေအလွယ်တကူပွင့်ပြီး၊တစ်ခါတစ်လေ
တော်တော်နဲ့ ဖွင့်မရတတ်ပါဘူး၊အဖုံးဖွင့်ပြီးအပူလေးပေးလိုက်မှရသွားတာမျိုးလဲရှိပါတယ်။
တစ်ချို့ ဖုန်းတွေမှာသုံးနေရင်းရုတ်တရက်ပါဝါပိတ်သွားပြီး၊ပြန်ဖွင့်လို့ မရတာလဲရှိပါတယ်။
အကြောင်းကတော့ဒီ crystal လေးအရည်အသွေးညံ့လို့ ပါ။အဲဒီလိုပါဝါကြောင်တဲ့ဖုန်းတွေဆို
crystal လဲကြည့်သင့်ပါတယ်။ဒါကတော့power section ပိုင်းမှာပါဝင်တဲ့ ပစ္စည်းလေးတွေနဲ့ 
ဖြစ်တတ်တဲ့ error လေးတွေပါ။ဒီပုလေးကတော့ power ပိုင်းရဲ့ ဆားကက်ပုံလေးပါ။

2014-04-27_100648
အလုပ်လုပ်ပုံအသေးစိတ်ကတော့ကျွန်တော့ရဲ့မြင်ဆရာဖြစ်တဲ့ ဆရာကိုစိုင်းရှင်းပြထားတာလေးကိုမှီ
ငြမ်းပြီးပြောပြပါမယ်။
Battery ကတဆင့်ရောက်လာတဲ့ 3.7v ဟာ pmu ic ရဲ့ input pinကနေတဆင့် pwm modulator
ထဲကိုဝင်ရောက်သွားပါတယ်၊ pwm ဆိုတာ pulse width modulation ကိုပြောတာပါ
လှိုင်းထုပ်တဲ့အပိုင်းပါ။အဲဒီလိုပဲအပေါင်းဗို့ ဟာ fet ရဲ့  drain ကိုကိုလဲတိုက်ရျိက်ရောက်နေပါတယ်။
power button ကို နှိပ်လိုက်ရင် အိုင်စီရဲ့ disable ငုတ်မှာရှိတဲ့ 1.8v ဟာ 0v သို့ ရောက်သွားပြီးအိုင်စီ
ကိုစတင်အလုပ်လုပ်စေပါတယ်။ oscillator ပတ်လမ်းအလုပ်လုပ်ပြီးoutput ပိုင်းမှာရှိတဲ့ coil
အုပ်စုကနေတစ်ဆင့်အိုင်စီများအတွက်လိုအပ်တဲ့ဗို့ အားများကိုထုတ်လွတ်ပေးပါတယ်။

21
power ic  တွေမှာအဖြစ်များတဲ့ပြစ်ချက်ကတော့ no power,charging error, ပိုင်းတွေပါ၊ရေ၀င်တဲ့ဖုန်းတွေမှာ pmu ရှော့ ဖြစ်တာများပါတယ်။ battery တတ်လိုက်ရင် vibrator ဆက်တိုက်တုန်ခါနေတာမျိုးလဲဖြစ်တတ်ပါတယ်။
pmu ရှော့ဖြစ်ရင်တော့အသစ်လဲလယ်ပေးမှသာကောင်းနိင်ပါမယ်။ huawei g730,610 အိုင်စီတွေကတော့
၄၀၀၀ လောက်ရှိပြီး အခြားမော်ဒယ်တွေမှာအသုံးများတဲ့ pm8029 ကတော့ ၂၅၀၀ ပဲရှိပါတယ်။




ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်
အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။

Monday, February 2, 2015

Posted by Unknown | File under :

ဓါတ်ပုံရိုက်တဲ့ နေရာမှာ တစ်မူထူးခြားအောင် ဒီဆော့ဝဲလေးက အသုံးတည့်ပါလိမ့်မယ်..
ကင်မရာ ဆော့ဝဲလ် ခရေဇီတွေ အတွက် လိုချင်ရင် အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ...

Version 1.1.3
Size 4.28MB
Update 4.1.2015
Repuirements Android 2.3+ 
Author EvSoft

Sunday, February 1, 2015

Posted by Unknown | File under :
ဖုန်း Drivers များစုစည်းမှု

ဖုန်းကလစ်သူတွေအတွက်ရော့

ဖုန်း Service သမားတွေအတွက်ပါ မရှိမဖြစ်တဲ့

ဖုန်း Drivers တွေကို ကျနော် ရနိုင်သလောက်

စုစည်းပြီး တင်ပေးလိုက်ပါတယ်ခင်ဗျား...

အလိုရှိတဲ့ ညီအကိုတွေကတော့ အောက်မှာ စိတ်ကြိုက်သာ

ဒေါင်းလော့ယူနိုင်ပါပြီ။

Motorola USB Drivers
 Download Here

Google USB Drivers
Download Here

Galaxy Nexus USB Drivers 
(GSM or CDMA-Verizon)
Download Here

Universal Naked Driver
Download Here

Samsung USB Drivers
Download Here

OR

Download Here

SAMSUNG_USB_Driver_for_Mobile_Phones

Download Here

Samsung_USB_Driver_1.5.27.0_2
Download Here

SAMSUNG_USB_Driver_v1.5.23.0
Download Here

OR

Download Here

Samsung Android ADB Interface Driver v2.9.510.0
Download Here

OR

Download Here

HTC USB Drivers
HTC Sync Manager

HTC USB Drivers
Download Here

HTC Drivers (Compatible with Win 8)
HTC Drivers (Compatible with Win 8)

Mirror to Download Directory
Download Here

Sony USB Drivers
Download Here

Sony PC Companion

Sony Bridge for Mac

Sony ADB Flashtool Drivers

OR

Download Here

LG USB Drivers
Download Here

OR

Download Here

OR

Download Here


LG United Drivers for Verizon 

OR

Download Here


LG Mobile Support Tool Setup

LG-Flash-Tool-2014.zip

Dell USB Drivers
Download Here

Intel Android USB Drivers
Download Here

ZTE USB Drivers


Download Here

OR


Download Here

ASUS USB Drivers

Download Here

 OR


Download Here

Nexus 7 USB Drivers

 

Huawei USB Drivers


Huawei USB Drivers


HiSuite (drivers included)


Acer USB Drivers 

Download Here


Sharp USB Drivers

Download Here


Amazon USB Drivers


Amazon USB Drivers

OR

Download Here


XIAOMI USB Drivers


Lenovo USB Drivers


MicroMax USB Drivers

OR

Download Here

Tuesday, January 20, 2015


ဒီနေ့လည်း စာအုပ်ကောင်းတွေကိုချည်း

ရွေးတင်ပေးလိုက်ပါတယ်၊ အားလုံးလည်းကြိုက်ကြမှာပါ

စာအုပ်နာမည်လေးမြင်လိုက်တာနဲ့ ဘာဆိုတာကို

သဘောပေါက်မှာပါ၊ ၀ါသနာရှိတဲ့ ညီအကိုများအတွက်

ဆောင်ထားသင့်တဲ့ စာအုပ်ကောင်လေးပါ

အောက်မှာ ရယူနိုင်ပါပြီ။

Download Here

Monday, January 19, 2015

Posted by Unknown | File under :

ကျွန်တော် U8650 Deadboot ကို GPGJTAG-pro Box နဲ့ ပြန်နှိုးတာလေးကို သာမန် User တွေ ဗဟုရအောင်ပိုစ့်လေးတစ်ခုအနေနဲ့ ပြန်တင်ပေးတာပါခင်ဗျာ အရင်ဆုံး လိုအပ်တဲ့ Huawei_U8650_BOOT.bin ဖိုင်လေးကို ဒေါင်းရပါမယ် ဒါက အဲဖိုင်ဒေါင်းတဲ့ မူရင်းလင့်ပါClick Here
ဒေါင်းပြီးရင် GPGJTAG-pro Box ကို PC နဲ့ ချိတ်ပြီး အောက်ပုံ မှာ ပြ ထားတဲ့ အတိုင်း တစ်ဆင့်ချင်း လုပ်ရပါမယ်။
1509286_353082684834930_1466324778_n
( 1 ) ပြ ထားတဲ့ နေရာမှာ ဖုန်းအမျိုး အစားကို ရွှေးပေးရပါမယ် 
( 2 ) နေရာမှာ ဖုန်းမော်ဒယ် ကို ရွှေးပေးရပါမယ်
( 3 ) နေရာ မှာ ပြထားတဲ့ အတိုင်း GPGJTAG-pro Box နဲ့ ဖုန်းချိတ်မဲ့ ကြိုး ကို ဖုန်းမှာ သက်ဆိုင်ရာနေရာတွေ အလိုက် ခဲဆော် ရပါမယ် ခဲဆော်ပြီးရင် GPGJTAG-pro Box နဲ့ ချိတ် လိုက်ပါမယ်
( 4 ) နေရာက Set Defaul Point ကို တစ်ချက်နှိပ်ပြီးပေးရပါမယ်
( 5) နေရာမှာတော့ မိမိဖုန်း ကို ပြန် Flash မဲ Boot.bin ဖိုင်အလိုက် ရွှေးပေးရပါမယ် ကျွန်တော် U8650 အတွက်တော့ 4M ကိုရွှေးလိုက်ပါတယ် အဲအဆင်တွေပြီး သွားပြီ ဆိုရင် 
( 6 )နေရာလေးကို နှိပ်ပြီး ဒေါင်းလော့ ဆွဲထားတဲ့ Huawei_U8650_BOOT.bin ကို သွားရွှေးပေးရပါမယ်ပြီးရင်
( 7 ) နေရာလေးက Write ကို နှိပ်ပေးလိုက်ပါ ဘောက်တစ်ခုကျလာရင် Ok ကိုနှိပ်ပေးလိုက်ပြီး သူနှိပ်ခိုင်းသလို Power Key 
ကို နှိပ်ထားပေးလိုက်ပါ ဒါဆိုရင် စပြီးအလုပ်လုပ်နေပါလိမ့်မယ် 100% ပြည့်သွားပြီ ဆိုရင် Power Key ကို လွှတ်ခိုင်းပြီးနောက်တစ်ခေါက် အလုပ်လုပ် နေပါလိမ့်မယ် 100% ပြည့်ပြီး Write Finish ဆိုရင်တော့ Deadboot ကိုပြန်နှိုးခြင်း အောင်မြင်ပါပြီခင်ဗျာ ဖုန်းမှာခဲဆော်ထားတဲ့ ကြိုးတွေ ကို ဖြုတ်ပြီး Battery တပ် ပြီး Power ခလုပ်နှိပ်ကြည့်လိုက်ပါ Huawei Logo လေးပေါ်လာပြီဆိုရင် အမောပြေ ပြီ ပေါ့ဗျာ နောက်တစ်ဆင့်အနေနဲ့ သူနဲ့ သက်ဆိုင်တဲ့ Firmware ထဲက dload ဖိုဒါလေးကို Sdcard ထဲ ကူးထည့်ပြီး Firmware ပြန်တင်ပြီးပြီ ဆိုရင်တော့ ပြီးပြည့်စုံ သွားပါပြီ ခင်ဗျာ…………စိတ်ရှည်လက်ရှည်ဖတ်ပေးတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ကျွန်တော်လုပ်ရင်းနဲ့ မှတ်ထားတာလေးကိုမှတ်မိသလောက်ပြန်ပြောပြထားတာပါ လိုအပ်တာလေးတွေရှိရင်လဲ သိပြီးသားသူတွေက ဖြည့်စွက်ပေးပါလို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ မိမိသိသလောက်လေးကို အစဉ် မျှဝေပေးနေပါမယ်။
Credit ; Ko NayLa