Saturday, November 30, 2013

Posted by Unknown | File under :
အခု တင်ပေးထားတာတွေကို သိတဲ့သူတွေလည်း ရှိသလို အသုံး မပြုဖြစ်သေးတဲ့လူတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ဒီပို့စ်လေးကတော့ online free storage ကို အသုံးမပြုဘူးသေးတဲ့သူတွေအတွက်
ရည်ရွယ်ပြီးရေးထားတာဖြစ်ပါတယ်။သုံးနေတဲ့သူတွေကတော့ ကျော်ဖတ်သွားပေါ့ဗျာ။
 အထူးသဖြင့် ကျွန်တော်တို့ data တွေ video ဖိုင်တွေ အမှတ်တရ ရိုက်ထားတဲ့ photo တွေကို များသောအားဖြင့် memory card ထဲမှာပဲ သိမ်းဆည်းထားကြတာများပါတယ်။အဲ့ဒါကို လုံခြုံပြီလို့ သင်ထင်ပါသလား။အဲ့လိုဆိုရင် မှားပါလိမ့်မယ်။အဖြေက တော့မျက်လုံးစုံမှိတ်ပြီး ယုံကြည်လို့ မရဘူးဆိုတာပဲ ထွက်လာမှာပါ။ဘာ့ကြောင့်လဲဆိုတော့ ပစ္စည်းသင်္ခါရ လူသင်္ခါရ မို့လို့ ပါပဲ။ဥမပါ အဲ့လေ ဥပမာ။  ။ ဆိုပါစို့ ကိုယ်လက်ရှိကိုင်နေတဲ့ ဖုန်းက အကြောင်းတစ်မျိုးမျိုးကြောင့် ရေထဲကျသွားတာတို့၊memory card ပျက်သွားတာတို့၊ ဖုန်းရဲ့ memory card ကို virus ကိုက်သွားတာမျိုးတို့ဆိုရင် သင့်ဖုန်းရဲ့ data တွေကို ပြန်ရတော့မယ် လို့ ထင်ပါသလား။သွားပါပြီ အကုန်လုံး ဘာမှ ပြန်ရမှာမဟုတ်တော့ပါဘူး။ဆိုတော့ ဖုန်းရဲ့အတွင်းမှာရှိတဲ့ data file တွေကို internet သုံးရင်းနဲ့ save ထားမယ်ဆိုရင်
ပိုပြီးတော့ လုံခြုံပါလိမ့်မယ်။အခု နည်းလေးကတော့ online မှာ ရှိတဲ့ free storage ပေးထားတဲ့ ဆိုဒ်တွေမှာ အကောင့်ဖွင့်ပြီးမန်ဘာဝင်ထားရုံနဲ့ social network ကြီးထဲမှာ သင့်data တွေကို  password ခံထားပြီး စိတ်ချလက်ချထားနိုင်ပါပြီ။

အခု ကျွန်တော်တင်ပေးထားတဲ့ ဆိုဒ်တွေ ကတော့ အသုံးပြုရတာ အဆင်ပြေပြီး လွယ်ကူစေတာမို့လို့ တင်ပေးလိုက်ပါတယ်။တခြားသောဆိုဒ်တွေကို မတင်ပေးတာက တစ်ချို့ကပိုက်ပိုက်ပေးပြီးသုံးရတာတွေနဲ့ အသုံးပြုတဲ့သူတွေ အဆင်မပြေမှာစိုးလို့ပါ  အခုတင်ပေးထားတဲ့ ဆိုဒ်တွေကို လက်ရှိကျွန်တော်လည်းသုံးနေပါကြောင်း၊တော်တော်လေး အဆင်ပြေလို့ ပြန်ရှယ်လိုက်ရတာပါ။ကဲ အကောင့်ဖွင့်ပြီး ကိုယ့်ရဲ့ data တွေကို online မှာသိမ်းထား ချင်တယ်ဆိုရင် အောက်က လင့်လေးတွေကိုသွားပြီး အကောင့်တွေ စဖွင့်ပေတော့ဗျို့


https://www.dropbox.com/

https://www.sugarsync.com/

https://www.box.com/

http://evernote.com/ 

http://www.justcloud.com/

https://www.mediafire.com/

http://minus.com/

http://www.skydrive.com   (google drive နဲ့ ဆင်တူပါတယ်)

https://www.icloud.com/ (for ios)

https://loom.com/ (for ios)  အခုတင်ထားပေးတဲ့ ဆိုဒ်တွေနဲ့ တင်တော်တော် လုံလောက်ပြီလို့ထင်ပါတယ်။ တစ်ချို့သော ဆိုဒ်တွေရှိသေးပေမဲ့ သုံးရတာအရမ်းများသွားပြီး အရွေးခက်သွားမှာစိုးလို့ ဒီလောက်ပဲတင်ပေးလိုက်ပါတယ် ခင်ဗျာ။ အားလုံး အဆင်ပြေရင် ကျွန်တော် အပင်ပန်းခံရကျိုးနပ်ပါတယ်ခင်ဗျာ။ကျွန်တော် ပင်ပန်းရကျိုးလေးနပ်အောင် like လေးတော့လုပ်ပေးသွားကြပါခင်ဗျာ။နောက် မသိသေးတဲ့သူတွေ ကိုလည်း ဒီ online storage site လေးတွေကို ရှယ်ပေးကျဖို့ တောင်းဆိုပါရစေ။အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။နောက်လည်းလာလည်ဖို့ ဖိတ်ခေါ်ပါတယ်ဗျား။

Respect Everybody :)
By (KO AUNG)



0 comments:

Post a Comment