Friday, December 27, 2013

Posted by Unknown | File under :

လျှပ်စစ် ဓာတ်အား ပြန်လည် အားသွင်းပေးနိုင်သည့် E-Life နောက်ဆုံးပေါ်ကျန်းမာရေး အထောက်အကူပြု စက်ကို အခမဲ့ အသုံးပြုခွင့် ပေးသွားမည် ဖြစ်ကြောင်း လမ်းမတော် One Energize Station မှ သိရသည်။
E-Life စက် လာရောက် အသုံးပြုသူများကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက် အထိ သုံးရက်တိုင်တိုင် အခမဲ့ အသုံးပြုမှု အနေဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။ အဆိုပါ E-Life စက်ကို အမှတ် (၈၂) မြေညီထပ် ရွှေတောင်လမ်းလသာ မြို့နယ်ရှိ One Energize Station တွင် အသုံးပြုခွင့် ရမည်ဖြစ်သည်။လူတို့၏ ခန္ဓာကိုယ်တွင် သဘာဝအားဖြင့် လျှပ်စစ်ဓာတ်အား ရှိနေရာ ခန္ဓာကိုယ် အတွင်းရှိ နှလုံး၊ အဆုတ်၊ အူမကြီး၊ အစာအိမ်၊ ကျောက်ကပ်၊ ဦးနှောက်၊ အူသိမ် အစရှိသော ကိုယ်တွင်း အင်္ဂါများ ပုံမှန် လုပ်ဆောင် ချက်အတိုင်း လုပ်ကိုင်ရန် အထောက်အကူ ပေး ကြောင်း သိရသည်။ယင်း သဘာဝ လျှပ်စစ်ဓာတ်အားသည်
ခန္ဓာကိုယ်၌ လျော့နည်းသွားမည် ဆိုပါက ကိုယ်တွင်း အင်္ဂါများ ပုံမှန် အလုပ် မလုပ်နိုင်တော့ဘဲ စွမ်းရည် ကျဆင်းကာ ရောဂါဝေဒနာများ ဖြစ်ပေါ်စေနိုင်သည်။ E-Life စက်မှ လျှပ်စစ် ဓာတ်အားသည် ခန္ဓာကိုယ်အား ထိခိုက်နာကျင်စေနိုင်ခြင်း၊ အပူလောင်စေခြင်းနှင့် တခြားသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိဘဲ လျှပ်စစ်ဓာတ်အားကို ခန္ဓာကိုယ်ထဲသို့ ပြန်လည် အားသွင်းပေး ခြင်းဖြင့် ရောဂါ ဝေဒနာများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။
E-Life စက်ကို အသုံးပြုခြင်းဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ လေးဖက်နာ၊ အစာအိမ်၊ ဆီးနှင့် ကျောက်ကပ်၊ လေဖြတ်ပြီး ခြေလက် မလှုပ်ရှားနိုင်သူများ၊ အရိုးအကြော၊ ဦးနှောက်နှင့် အာရုံကြော၊ သွေး၊ ပန်းသေ၊ ပန်းညှိုး၊ သားသမီး မထွန်းကားသူ၊ အရေပြားရောဂါ၊ အဝလွန်သူများနှင့် အသားအရေ လှပချင်သူများ အသုံးပြုနိုင်ကြောင်း သိရသည်။
ထက်နေ

0 comments:

Post a Comment