Wednesday, January 22, 2014

Posted by Unknown | File under :

သတင်းများအလွယ်တကူ ဖတ်ရှုနိုင်ရန် မိုဘိုင်းဖုန်းအတွင်း ထည့်သွင်းထားသည့် သတင်း Application များ များပြားလာပြီး သတင်းဌာနများမှ သတင်းများကို ကူးယူဖော်ပြ၍ စီးပွားဖြစ်လုပ်ကိုင်နေခြင်းများ ပေါ်ပေါက်လာရာ ယင်းလုပ်ငန်းများကို ဥပဒေဖြင့်ကာကွယ်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းဌာနများမှ သတင်းများနှင့် အခြားသောသတင်းများကို စုပေါင်းဖော်ပြသော မိုဘိုင်းဖုန်းတွင် အသုံးပြုကြည့်ရှုနိုင်သည့် သတင်း Application အများအပြားပေါ်ပေါက်လာပြီး မိုဘိုင်းဖုန်းဆိုင်များ၌ အများအပြားထည့်သွင်းပေးရကြောင်း စုံစမ်းသိရသည်။
“ဖုန်းလာဝယ်တဲ့သူတွေ Application ထည့်ပေးရင်း သတင်း Application တွေလည်း တော်တော်များများထည့်ပေးတယ်။ BBC တို့ရော “တခြားသတင်း App တွေရော အခုနောက်ပိုင်းပေါ်တဲ့ App တွေလည်း တော်တော်များများထည့်ပေးတယ်။ အခုနောက်ပိုင်း HWH (ဥုံ)ဆိုရင် အကုန်ပါလို့ထည့်ပေးတယ်”ဟု အင်းစိန်မြို့နယ်ရှိ ဖုန်းဆိုင်မှ ၀န်ထမ်းတစ်ဦးကပြောသည်။
သတင်းဌာနများမှ တရားဝင်ပြုလုပ်ထားသည့် App အနည်းငယ်သာရှိသော်လည်း သတင်းဌာနများမှ သတင်းများသာမက ဖေ့စ်ဘွတ်ခ်တွင်ပြုလုပ်ထားကြသည့် အပျော်တမ်းသတင်းများကိုလည်း ကူးယူဖော်ပြထားသည့် App များ ပိုမိုများပြားလာသည်။
အဆိုပါ သတင်း App နှင့် ၀က်ဘ်ဆိုက်များတွင် သတင်းဌာနများမှ သတင်းများကို ကူးယူတင်ထားခြင်း၊ သတင်းဌာနမှ ဖော်ပြထားခြင်းမရှိသည့်သတင်းများ၊ ကျန်းမာရေးသတင်းများနှင့် အခြားသောသတင်းများကို ဖော်ပြမှုများလည်း ရှိနေခြင်းဖြစ်သည်။
အချို့သတင်းဝက်ဘ်ဆိုက်များနှင့် Application များတွင် သတင်းမှန်ကန်မှုနှင့် ခိုင်လုံမှုတာဝန်ယူမှုအားနည်းပြီး အချို့ဝက်ဘ်ဆိုက်များတွင် သတင်းဌာနမှ သတင်းများကိုသာရွေးချယ်ပြီး တိုက်ရိုက်ပေးပို့သည့်သတင်းများရှိပါက စိစစ်ပြီးမှသာဖော်ပြကြောင်း သစ်ထူးလွင်ဝက်ဘ်ဆိုက်ဖန်တီးသူက အင်တာနက်ဂျာနယ်တွင် ဖြေကြားခဲ့သည်။
“ခက်တာက ကျွန်တော်တို့ဆီမှာ ဒါကိုပြန်ပြီးတော့ ဘယ်လိုလုပ်လို့ရမယ်မှန်းမသိတဲ့ တရားဥပဒေကမရှိသေးဘူးဖြစ်နေတယ်။ နည်းပညာဆိုင်ရာအားနည်းသလိုပဲ Law In Structure အားနည်းလို့ ဒီလိုမျိုးတွေဖြစ်နေတာ။ ဥပဒေမရှိဘဲ အဲဒါကိုသွားကိုင်လို့မရဘူး။ အခုက ဘာမှလုပ်လို့မရဘူးဖြစ်နေတာ”ဟု ကွန်ပျူတာလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရဲမြတ်သူကပြောသည်။
ထို့ပြင် မူပိုင်ခွင့်ဥပဒေများလည်း မရှိသေးခြင်းကြောင့် ထိုသို့သတင်းကူးယူဖော်ပြမှုများကို ကာကွယ်ပေးနိုင်ခြင်းမရှိသေးသော်လည်း မီဒီယာများနှင့် ပညာရှင်များအနေဖြင့် ရှုတ်ချဆောင်ရွက်ပါက ယုံကြည်မှုနည်းပါး၍ ပျောက်ကွယ်သွားနိုင်ကြောင်း ဦးရဲမြတ်သူကဆက်လက်ပြောသည်။
လက်ရှိတွင် အဆိုပါသတင်းဝက်ဘ်ဆိုက်များနှင့် Application များမှာ ဈေးကွက်တွင် လူကြိုက်များနေပြီး ကြော်ငြာများလည်း လက်ခံဆောင်ရွက်လျက်ရှိရာ ကြော်ငြာထည့်သွင်းမှုလည်းများပြားကြောင်း စုံစမ်းသိရသည်။

0 comments:

Post a Comment