Sunday, January 5, 2014
Posted by Unknown | File under : Other Knowledge
နောင် မဝေးတော့တဲ့ အနာဂတ်မှာ smart car ခေတ်ကို ရောက်ပါတော့မယ်။ Google နဲ့ ဂျာမနီ Audi တို့ ပူးပေါင်းလို့ ကားအတွင်း အသုံးပြုမယ့် Android in-car OS ကို မိတ်ဆက် ပြသ တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။ဒီတော့ ကားတွေကို စမတ်ကားအဖြစ်ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ပထမဆုံး ခြေလှမ်းအနေနဲ့ ကားရဲ့  ဖျော်ဖြေရေး စနစ်တွေကို Control လုပ်နိုင်မယ့် OS ဖြစ်ပါတယ်။ အခြားသော လုပ်ဆောင်ချက် သစ်များလည်း ပါဝင်ပါသေးတယ်။ Google ရဲ့  Android Team နဲ့ Audi တို့ပဲ ပေါင်းတာ မဟုတ်ပါဘူး။ ကားအတွင်း ကွန်ပြူတာ စနစ်အတွက် Nvidia လည်း ပါဝင်ပူးပေါင်းဦးမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ Hardware နဲ့ Software များကို ၃ ပွင့်ဆိုင်ပူးပေါင်း ဖန်တီးမှာ ဖြစ်ပါတယ်။ ဒီတော့ နောက်ဆုံးရလဒ် အနေနဲ့ ကားအတွင်း အသုံးပြုမယ့် Android in car OS ပေါ်လာခြင်း ဖြစ်ပါ တယ်။ စမတ်ဖုန်းများနဲ့လည်း အလွယ်တကူ တွဲဆက် အသုံးပြုနိုင်မှာပါ။ယင်း နည်းပညာကို Audi မှာတင် အသုံးပြုမှာ မဟုတ်ပဲ Google နဲ့ သဘောတူညီချက် ရတဲ့ ကားကုမ္မဏီထုတ် ကားတိုင်းမှာ အသုံးပြု နိုင်ဖို့ ရည်ရွယ်ထားကြောင်း သိရ ပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment