Thursday, January 16, 2014

Posted by Unknown | File under :

ကိုယ့်ဖုန်းကိုယ် စိတ်မချလို့ သံသယလွန်ကဲနေရသူတွေ အတွက် လုံခြုံစိတ်အချရဆုံးဖြစ်စေမယ့် မိုဘိုင်းဖုန်း Blackphone ဟာ နောက်လမှာ ထွက်လာပါလိမ့်မယ်။ သင်ရိုက်ထားသမျှစာတွေ၊ အီးမေလ်တွေ၊ ဓာတ်ပုံတွေကို ဘယ်သူမှ ၀င်စပ်စုလို့ မရနိုင်ပါဘူး။ အင်တာနက်ကတဆင့် ဖိုင်တင်၊ဖိုင်ဆွဲ တာတွေကိုလည်း လုံခြုံစိတ်ချရစွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
“ကမ္ဘာ့လုံခြုံစိတ်အချရဆုံး မိုဘိုင်းဖုန်း” နဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို ဆွစ်ဇလန်ကုမ္ပဏီတစ်ခုက ဒီနေ့ ဇန်န၀ါရီ၊ ၁၆ရက်နေ့မှာပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ခုထက်ထိတော့ Blackphoneဟာ ယခုလက်ရှိဖုန်းတွေထက် ပိုပြီးလုံခြုံစိတ်ချရမှုအရှိဆုံး ဖြစ်နေပါတယ်။ 
Blackphone လို့ခေါ်တဲ့ ဒီဖုန်းကို Googleရဲ့ အထူး Android ဆော့ဝဲလ် ဗားရှင်းပေါ်မှာ ရေးစွဲထားတာဖြစ်ပြီး “Privacy setting” ကို ပိုမိုလွယ်ကူစွာ သုံးလို့ရအောင် ဒီဇိုင်းရေးထားတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလမှာ ထွက်ရှိလာပါလိမ့်မယ်။

0 comments:

Post a Comment