Monday, January 6, 2014

Posted by Unknown | File under :

ကမ္ဘာ့အအေးဆုံး နေရာ အဖြစ် အန္တာတိက တိုက်ရဲ့  အလယ်လောက်မှာရှိတဲ့ Vostok Station အခြေချရာ ဧရိယာ တစ်ဝိုက် ဖြစ်ပါတယ်။
Vosktok Station ဆိုတာ ရုရှား ဘူမိဗေဒ သုတေသန အဖွဲ့တို့ စခန်းချတဲ့နေရာ ဖြစ်ပြီး အအေးပိုင်းဒေသမှာ သုတေသနလုပ်ငန်း များ ပြုလုပ်နေပါတယ်။ ကမ္ဘာပေါ်မှာအအေးဆုံးနေရာ ဖြစ်ပါတယ်။ အပူချိန် - အနုတ် ၈၉.၂ ဒီဂရီ ဆဲလ်ဆီးရက်စ် (သိုမဟုတ်) အနုတ် ၁၂၈.၅၆ ဖာရင်ဟိုက်သာ ရှိတာကြောင့် ကမ္ဘာ့ အအေးဆုံး အဖြစ် သတ်မှတ်ခြင်း ဖြစ်ပါတယ်။ သူ့ဆီမှာ နွေရာသီက ဒီဇင်ဘာကနေ ဇန်နဝါရီ ဖြစ်ပါတယ်။ အဲ့လိုနေ့မျိုးရဲ့  နေ့လည် နေသာနေချိန်တောင် အပူချိန်က အနုတ် ၃၆ ဒီဂရီဆဲလ်ဆီးရက်စ် သို့မဟုတ် အနုတ် ၃၂.၈ ဖာရင်ဟိုက်တောင် ရှိပါတယ်။
ဒီတော့ သာမန်လူတွေ နေထိုင်လို့ရမယ့် အပူချိန်မဟုတ်ပါဘူး။ အပူချိန် ဆိုတာထက် အအေးချိန်လို့ပြောရင်တောင် ပိုမှန်နေပါတယ်။ အအေးဆုံးဒေသမှာ ရှိနေတာမို့ ဘူမိဘေဒတင်မကပဲ ရာသီဥတုဆိုင်ရာ ၊ ဆေးပညာဆိုင်ရာ၊ ရေဒီယိုဓာတ်ကြွမှု စမ်းသပ်မှု ဆိုင်ရာတို့ ပြုလုပ်ရန် အကောင်းဆုံး ဖြစ်တာမို့ ကမ္ဘာတစ်လွှားက နိုင်ငံကြီးများမှ သုတေသန စခန်းများ သွားရောက် ဖွင့်လှစ်ထားကြပါတယ်။ ပိုင်နယ်နယ်မြေ အသီးသီးကိုလည်း နိုင်ငံပေါင်း ၁၃ နိုင်ငံကခွဲယူထားကြပါတယ်။
ပထမဆုံး စတင်ခြေချသူတော့ ဗြိတိန်နိုင်ငံဖြစ်ပြီး ၁၉၀၈ ခုနှစ်ကတည်းက ပိုင်နယ် စယူခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: wiki

0 comments:

Post a Comment