Tuesday, January 28, 2014


 

ဘာ့ကြောင့် reset ချရတာလဲဆိုတာကတော့ ပြောမနေတော့ ပါဘူး အကြောင်းအမျိုး မျိုးကြောင့်တော်တော်များများ reset ဆိုတာကို ချနေကြတာပါပဲ။စက်လေးနေတာတွေ pattern lock မေ့သွားတာတွေ စတဲ့ အကြောင်း အမျိုးမျိုး ကြောင့် ချလေ့ရှိပါတယ်။တချို့ မသိသေးတဲ့ သူတွေအတွက် ဒီအခန်းကဏ္ဍလေးကို  ထည့်ထားပေးခြင်းဖြစ်ပါတယ်။သိထားတဲ့သူတွေ ကတော့ ကြော်ဖတ်သွားကြပါ။ အရင်ဆုံး ဖုန်းကို reset ချတော့မယ်ဆိုရင် ဖုန်းကို အား အနည်းဆုံး 50% ရှိနေအောင် သွင်းထားပါ။မိမိ ရဲ့ ဒေတာတွေ အကုန်ပျက်မယ်ဆိုတာတော့ သိမှာပါနော်။မပျက်စေချင်ရင်တော့ sim card & memory card စတဲ့ ကတ်တွေနဲ့ Back up လုပ်ထားပါ။setting ထဲမှာ ၀င်ပြီး ချတာကတော့ သိမယ်ထင်ပါတယ်။ အခုနည်း လေးက key တွေကို အသုံးပြုပြီး တော့ ချမှာပါ။ 

   အရင်ဆုံး လုပ်ရမှာကတော့ ဖုန်းကို ပါဝါပိတ်လိုက်ပါ။နောက်ပြီးရင် ဘက်ထရီကို ငါးစက္ကန့် လောက် ဖြုတ်ထားပြီး ပြန်တပ်ပါ။ ပြီးရင်တော့ Power key+Volume Up+Menu key အဲ့သုံးခုကို တပြိုင် နက်ထဲ 10 စက္ကန့် ခန့်တွဲနှိပ်ပေးပါ အဲ့ဒါဆိုရင်တော့ reset ချဖို့ အတွက် wipe data/factory reset ဆိုတာလေးကိုရွေးပေးလိုက်ပါ။သူ့ဘာသူ အလုပ်လုပ်သွားပါလိမ့်မယ်။ပြီးရင်တော့ reboot system now ဆိုတာလေးကို ရွေးပေးလိုက်ပါ။root တော့ မပျက်ပါဘူး။ကျန်တာတော့ အကုန်ပြောင်သွားပါလိမ့်မယ်.။


How To Hard Reset Samsung Galaxy S3 1ညာဘက်ထောင့်အောက်နားမှာရှိတဲ့ ကြော်ငြာတွေကို ကလစ်လုပ်ပေးခြင်းဖြင့် ပြန်လည်ကူညီနိုင်ပါတယ်ခင်ဗျာ။

0 comments:

Post a Comment