မိုဘိုင်းဖုန်းတွေမှာ ထည့်သွင်းအသုံးပြုထားတဲ့ Chipset စနစ်တစ်ခုဖြစ်ပြီး ဒီစနစ်ကိုတော့ အခြားဖုန်းတွေမှာ မမြင်တွေ့ရဘဲ Sony ရဲ့ Xperia Series ဖုန်းတွေမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေမှာ ထည့်သွင်းအသုံးပြုနိုင်ဖို့အတွက် Sony ကနေ ပြုလုပ်ခဲ့တာပါ။ Sony ကနေ ပြုလုပ်ခဲ့တာဆိုပေမယ့်လည်း ဒီစနစ်ကို စတင်ခဲ့တာကတော့ ဆွီဒင်ရဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Ericsson နဲ့ STMicroelectronics ဆိုတဲ့ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး တင်ဆက်ခဲ့တဲ့ နည်းပညာတစ်ခုလည်း ဖြစ်ပါတယ်။ နည်းပညာပိုင်းအရ စွန့်စားမှုတီထွင်မှု တစ်ခုလည်းဖြစ်ခဲ့ပြီး ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး တီထွင်ခဲ့တဲ့အပြင် ဒီစနစ်ကို စတင်ခဲ့တာကတော့ ၂၀၀၉ ဖေဖေါ်ဝါရီမှာ စတင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ကုမ္ပဏီနှစ်ခု အကျိုးတူပူးပေါင်းပြီး စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီ Chipset စနစ်ကိုတော့ Smart Phone တွေနဲ့ Tablet တွေအတွက် အသုံးပြုနိုင်မှုစနစ်တွေ ပိုမိုကောင်းမွန်လာစေဖို့နဲ့ Modems စနစ်တွေကို ပိုမိုကောင်းမွန်လာစေဖို့အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီ Chipset စနစ်ကို တီထွင်ခဲ့တာဟာလည်း Chipset တွေကို စတင်ခဲ့တယ်လို့ ဆိုနိုင်တဲ့ Qualcomm ရဲ့ Chipset စနစ်ပေါ်မှာပဲ အခြေခံထားခဲ့တာဖြစ်ပြီး Qualcomm Chipset တွေလိုပဲ စွမ်းဆောင်ရည်မြင့်မားတဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီးပေးနိုင်အောင် ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ Chipset ရဲ့လုပ်ဆောင်ချက်တွေကိုလည်း ပိုမိုကောင်းမွန်တဲ့ စနစ်တွေနဲ့ လုပ်ဆောင်နိုင်အောင် ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီ Chipset စနစ်ကိုတော့ Sony ရဲ့ Xperia Sola ဖုန်းမှာ မြင်တွေ့နိုင်မှာဖြစ်ပြီး ဒီဖုန်းမှာတော့ နည်းပညာ အဆင့်မြှင့်တင်မှုစနစ်တွေအနေနဲ့ Floating Touch ဆိုတဲ့ Touch Screen ကို ထိစရာမလိုအပ်ဘဲနဲ့ Screen ရဲ့အပေါ်ဘက်ကနေပဲ လက်ကိုဖြတ်သန်းရုံနဲ့ Touch စနစ်တွေကို လှုပ်ရှားစေနိုင်မယ့် စနစ်တွေကိုလည်း ထည့်သွင်းပေးထားတာ တွေ့ရမှာပါ။Friday, January 24, 2014
Posted by Unknown | File under : mobile Hardware knowledge
မိုဘိုင်းဖုန်းတွေမှာ ထည့်သွင်းအသုံးပြုထားတဲ့ Chipset စနစ်တစ်ခုဖြစ်ပြီး ဒီစနစ်ကိုတော့ အခြားဖုန်းတွေမှာ မမြင်တွေ့ရဘဲ Sony ရဲ့ Xperia Series ဖုန်းတွေမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေမှာ ထည့်သွင်းအသုံးပြုနိုင်ဖို့အတွက် Sony ကနေ ပြုလုပ်ခဲ့တာပါ။ Sony ကနေ ပြုလုပ်ခဲ့တာဆိုပေမယ့်လည်း ဒီစနစ်ကို စတင်ခဲ့တာကတော့ ဆွီဒင်ရဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Ericsson နဲ့ STMicroelectronics ဆိုတဲ့ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး တင်ဆက်ခဲ့တဲ့ နည်းပညာတစ်ခုလည်း ဖြစ်ပါတယ်။ နည်းပညာပိုင်းအရ စွန့်စားမှုတီထွင်မှု တစ်ခုလည်းဖြစ်ခဲ့ပြီး ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး တီထွင်ခဲ့တဲ့အပြင် ဒီစနစ်ကို စတင်ခဲ့တာကတော့ ၂၀၀၉ ဖေဖေါ်ဝါရီမှာ စတင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ကုမ္ပဏီနှစ်ခု အကျိုးတူပူးပေါင်းပြီး စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီ Chipset စနစ်ကိုတော့ Smart Phone တွေနဲ့ Tablet တွေအတွက် အသုံးပြုနိုင်မှုစနစ်တွေ ပိုမိုကောင်းမွန်လာစေဖို့နဲ့ Modems စနစ်တွေကို ပိုမိုကောင်းမွန်လာစေဖို့အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီ Chipset စနစ်ကို တီထွင်ခဲ့တာဟာလည်း Chipset တွေကို စတင်ခဲ့တယ်လို့ ဆိုနိုင်တဲ့ Qualcomm ရဲ့ Chipset စနစ်ပေါ်မှာပဲ အခြေခံထားခဲ့တာဖြစ်ပြီး Qualcomm Chipset တွေလိုပဲ စွမ်းဆောင်ရည်မြင့်မားတဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီးပေးနိုင်အောင် ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ Chipset ရဲ့လုပ်ဆောင်ချက်တွေကိုလည်း ပိုမိုကောင်းမွန်တဲ့ စနစ်တွေနဲ့ လုပ်ဆောင်နိုင်အောင် ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီ Chipset စနစ်ကိုတော့ Sony ရဲ့ Xperia Sola ဖုန်းမှာ မြင်တွေ့နိုင်မှာဖြစ်ပြီး ဒီဖုန်းမှာတော့ နည်းပညာ အဆင့်မြှင့်တင်မှုစနစ်တွေအနေနဲ့ Floating Touch ဆိုတဲ့ Touch Screen ကို ထိစရာမလိုအပ်ဘဲနဲ့ Screen ရဲ့အပေါ်ဘက်ကနေပဲ လက်ကိုဖြတ်သန်းရုံနဲ့ Touch စနစ်တွေကို လှုပ်ရှားစေနိုင်မယ့် စနစ်တွေကိုလည်း ထည့်သွင်းပေးထားတာ တွေ့ရမှာပါ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment