Apple က သူ့ရဲ့ iOS ကိုဝင်ပြင်ခွင့်မပေးပါဘူး။ ဥပမာ System Keyboard တွေ အသစ်ထည့်လို့မရတာ၊ Crack လုပ်ထားတဲ့ application တွေထည့်လို့မရတာတို့ပေါ့။ Close OS တွေလို့ခေါ်ပါတယ်။ Jailbreak လုပ်တယ်ဆိုတာက Apple ကပိတ်ထားတဲ့ iOS ကို ဖွင့်ပြီး လိုသလိုပြောင်းလို့ရဖို့ Operating System ကိုပြင်လိုက်တာကိုပြောတာပါ။ ကိုယ့်စိတ်ကြိုက် keyboard တွေ Themeတွေ ထည့်လို့ရလာမယ်။ Crack application တွေထည့်လို့ရလာမယ် စသဖြင့်ပေါ့။ ဒါပေမဲ့ jail ထားတဲ့ device ဟာ warranty ပျက်ပါတယ်။ ဒီနေရာမှာ Jailbreak ကိုနှစ်ပိုင်းခွဲလာကြပါတယ်။ Tethered နဲ့ Untethered ပါ။ လွယ်လွယ်ပဲပြောကြပါစို့။ Tethered Jailbreak ဆိုတာ ကျွန်တော်တို့ရဲ့ device ကို tethered jailbreak လုပ်ထားတယ်ဆိုပါစို့။ ကျွန်တော်တို့ ပြန်ပြင်လိုက်တဲ့ theme တွေ၊ font တွေ၊ Crack app တွေက device ကိုမပိတ်မချင်းထိ သုံးလို့ရနေပါတယ်။ device ကိုပိတ်လိုက်ပြီး ပြန်ဖွင့်တဲ့ အခါမှာတော့ theme တွေ၊ font တွေ မရှိတော့ပါဘူး။ Crack app တွေကရှိတော့ ရှိနေပြီး၊ ဖွင့်လို့မရတော့ပါဘူး။ ဆိုလိုတာက jail ထားတဲ့ data တွေမကျန်တော့တာပါဘူး။ Jail မလုပ်ခင် အခြေအနေကို ပြန်ရောက်သွားတာပါ။ တကယ်လို့ jail ထားတဲ့ အခြေအနေကို ပြန်သွားချင်တယ်ဆိုရင်တော့ jailbreak လုပ်ထားတဲ့ computer နဲ့ပြန်ချိန်ပြီး just boot ပြန်လုပ်ရပါတယ်။ Untethered Jailbreak ဆိုတာ ကျွန်တော်တို့ရဲ့ device ကို untethered jailbreak လုပ်ထားတယ်ဆိုရင်တော့။ စက်ကို ပိတ်လိုက်လဲ jail လုပ်ထားတဲ့အခြေအနေကနေ ပြန်ပျောက်မသွားပါဘူး။ ပိတ်ပြီး ပြန်ဖွင့်လိုက်လဲ jail ထားတဲ့ အခြေအနေတိုင်းပဲရှိနေပါတယ်။ ကွန်ပျူတာနဲ့ ပြန်ချိတ်စရာမလိုပါဘူး။ ဒီတော့ဗျာ ကျွန်တော်တို့ အနေနဲ့ warranty လိုချင်တယ်ဆိုရင်တော့ tethered jailbreak လုပ်ပေါ့။ ပိတ်လိုက်တာနဲ့ jailbreak နဲ့ပါတ်သတ်တဲ့ data တွေမရှိတော့ပါဘူး။ ဒါပေမဲ့ ပြသနာက ပိတ်လိုက်ရင် ကျွန်တော်တို့ ထည့်ထားတဲ့ custom font တွေ၊ crack app တွေမရှိတော့ပါဘူး။ ပြန်လိုချင်ရင်တော့ computer နဲ့ပြန်ချိတ်ပြီး just boot ပြန်လုပ်ဖို့လိုပါပြီ။ Untethered ကတော့ ပိတ်ပြီးပြန်ဖွင့်လိုက်လဲ ဘာမှမဖြစ်ပါဘူး။ jailbreak လုပ်ခဲ့တဲ့ data တွေကျန်ခဲ့ဦးမှာပါ။ warranty အတွက်တော့ စိတ်မပူပါနဲ့ factory reset လုပ်လိုက်ရင် ဖုန်းက အသစ်ဖြစ်မှာပါ
Friday, January 10, 2014
Posted by Unknown | File under : Genaral Mobile Knowledge

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment