Friday, February 14, 2014

Posted by Unknown | File under :

Firefox ကလာမည့် ရက်အနည်းငယ်အတွင်း ကိုယ်ပိုင် Android launcher တစ်ခုကို ဖြန့်ချိသွားမည်ဖြစ်ပြီး ၎င်းတွင် Firefox browser built-in ပါဝင်မည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ ထို launcher သည် အသစ်စက်စက် တည်ဆောက်ထားခြင်း မဟုတ်ဘဲထွက်ရှိ ထားပြီးသော EverythingMe launcher ကို ပြန်လည်မွမ်းမံ ထားခြင်းဖြစ်သည်။ 

EverythingMe ကဲ့သို့ပင် Firefox launcher သည်သုံးစွဲသူများ၏ တည်နေရာနှင့် သုံးစွဲမှုပုံစံအပေါ် အခြေခံ၍ဆက်စပ်သည့်လင့်ခ်နှင့် app များကိုဖော်ပြပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ထို့အပြင် အင်တာနက်ပေါ်မှ ဆက်စပ်သော အကြောင်းအရာနှင့် app များကိုစုစည်းပေးထားသည့် smart folder များပါဝင်ပြီး အမြဲပြောင်းလဲနေသည့် prediction bar ကလည်း အချိန်တိုင်းတွင် သင့်လျော်သည့် app များကိုဖော်ပြ ပေးသွားမည်ဖြစ်သည်။ 

ထူးခြားသည့် အပြောင်းအလဲမှာ Firefox launcher တွင် Firefox browser ပါဝင်လာခြင်းဖြစ်ကာ launcher ကို install ပြုလုပ်ပြီးနောက် ၎င်း browser ကို default သို့ပြောင်းလဲပေးမည် ဖြစ်သည်။ 

0 comments:

Post a Comment