Sunday, February 9, 2014

Posted by Unknown | File under :

 အမျိုးသားများနှင့် အမျိုးသမီးများ၏ ကွာခြားချက်

၁။အမျိုးသမီးများမှာ အမျိုးသားများထက် အကွက် ကြိုမြင်ကြသည်။


အမျိုးသားများမှာ ထိုအချက်ကို ကြိုသိထား၍ အမျိုးသမီးများကို တစ်ပတ်ရိုက်ကြကုန်၏။

၂။အမျိုးသမီးများ၌ အမှားများစွာ ရှိသည်။


အမျိုးသားများ၌မူ အမှားနှစ်ခုသာရှိသည်။


ယင်းတို့မှာ ထင်ရာစွတ်ပြောခြင်းနှင့် ထင်ရာစွတ်လုပ်တတ်ခြင်း ဖြစ်သည်။

၃။မိန်းမများ ဖြုန်းနိုင်သည့် ငွေ ပမာဏထက် ဝင်ငွေ ပိုရှာပြနိုင်သူမှာ အာဂ ယောကျာ်း မည်၏။


ထိုယောကျာ်းကို ရအောင် ယူနိုင်သူကား အာဂမိန်းမပင် ဖြစ်၏။

၎။အမျိုးသားများမှာ အမျိုးသမီး တစ်ဦးဦး၏ အချစ်ဦး ဖြစ်လိုကြသည်။


အမျိုးသမီးများမှာမူ အမျိုးသား တစ်ဦးဦး၏ နောက်ဆုံးချစ်သူ သာ ဖြစ်လိုကြ၏။

၅။အမျိုးသားများမှာ အချစ်ဦး မဖြစ်ရသည့်တိုင် စိတ်ပျက်စရာ မလိုပေ။ ပထမဆုံးသော တရားဝင် 


ခင်ပွန်းသည် ဖြစ်ခွင့်ရှိ နိုင်ပါသည်။အမျိုးသမီးများမှာလည်း နောက်ဆုံးချစ်သူ မဖြစ်ရ၍လည်း 

ဝမ်းမနည်းသင့် ပေ။ နောက်ဆုံးမိန်းမ ဖြစ်ရခြင်း ကပင်ကံကောင်းလွန်း နေပြီ ဖြစ်သည်။

၆။မိန်းမတစ်ဦးမှာ ယောကျာ်းက ၎င်းကို ချစ်နေရန်သာ လိုလားသည်။ ၎င်းအား နားလည်မှု့ ပေးခြင်းကိုမူ 


မလိုလား။ယောကျာ်းတစ်ဦးမှာ မိန်းမတစ်ဦးက ၎င်းကို ချစ်နေမည်ထက် နားလည်ပေးမည်ကိုသာ ပို၍ 

လိုလားသည်။

၇။မိန်းမက နည်းနည်းသာချစ်ပြီး နားလည်မှု့ များများပေးမည် ဆိုလျှင် ယောကျာ်းက ကျေနပ်သည်။


ယောက်ကျာ်းက နားလည်မှု့ နည်းနည်းပေးပြီး များများချစ်လျှင် မိန်းမက ကျေနပ်သည်။

၈။မိန်းမများသည် အပြောင်းအလဲ လုပ်လို၍ လက်ထပ်ကြခြင်းဖြစ်သည်။


ယောကျာ်းများမှာ ဘာများ ပြောင်းလဲမည်နည်းဟု မျှော်လင့်၍ လက်ထပ်ကြခြင်း ဖြစ်သည်။


လက်ထပ်ပြီးနောက် ဘာမှ မထူးမှန်း သိကြကုန်၏။



အနှစ်ချုပ်


-------------

လက်ထပ်ပြီး ယောကျာ်းများမှာ လက်မထပ်ရသေးသော ယောကျာ်းများထက် အသက်ပို ရှည်ကြသည်။


သေချင်စိတ်လည်း ပိုများ ကြလေ၏။ ခဏမကြာဆိုသလိုလည်း နောင်တ များစွာရရှိပြီး 

လက်မထပ်ရသေးသော သူများအား အဝီစိသို့ သွားရာလမ်းပမာ လက်မထပ်ရန် တားမြစ်ကြကုန်၏။

0 comments:

Post a Comment