လူတစ်ဦးရဲ့ တစ်သက်တာမှာ အသက်အရွယ် အပိုင်းအခြား အလိုက် ဇီဝကမ္မ အနေ အထား၊ 
ပတ်ဝန်းကျင်နဲ့ဘဝနေကျင့်ပုံစံတွေဟာ ကွဲပြားခြားနားလာကြတဲ့ အလျောက် အဖြစ်လွယ်၊ အဖြစ်များတဲ့ 
ရောဂါချင်းလည်းမတူတတ်ကြပါ။ ဒါကို သိထားရင် စိတ်ထဲရှင်းနေတော့ ကြိုတင်ကာကွယ်နိုင်သလို ကုသမှုကိုလည်း 
စောစီးစွာခံယူနိုင်ပါလိမ့်မယ်။
အသက်၂၀-၃၀ အရွယ်
 သွေးမတည့်၊ ဓာတ်မသင့်တာ ဖြစ်လွယ်လှပါတယ်။ အကြောင်းကတော့ လူငယ်ကာလမှာ ကိုယ်ခံအား မပြတ်မြင့်တက်နေဆဲမို့ 
တုံ့ပြန်အား အထူးပြင်းနေ၊ ထက်နေတဲ့ အတွက်ကြောင့်ပါပဲ။
အသက် ၃၁-၄၀ အရွယ်
 အယောက် ၂၀မှာ တစ်ယောက်ဟာ ခေါင်းကိုက်တတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများ  ပိုဖြစ်တတ်တယ်။ဒီလို 
ခေါင်းကိုက်ဝေဒနာ ဖြစ်ရတဲ့ အကြောင်းရင်း အလွန်များပါတယ်။ 
အရက်သောက်ခြင်း၊ သနေ တားဆေးသုံးစွဲခြင်း၊အလုပ်ပင်ပန်းခြင်း၊ အလုပ်ဖီစီးမှုကြီးခြင်း စတာတွေ ကြောင့်ပါ။
အသက် ၄၁-၅၀ အရွယ်
အဖြစ်များဆုံးကတော့ နှလုံးကြွက်သား သွေးငတ်၊ သွေးပြတ်နာပါပဲ။(အထူးသဖြင့် အမျိုးသားတွေ အဖြစ်များတယ်။) 
အမျိုးသမီးတွေမှာတော့ သွေးဆုံးခါနီးအရွယ်ဖြစ်ရင်  သွေးဆုံးကိုင်တဲ့
 ဝေဒနာ ခံစားရတတ်ပါတယ်။ အစမှာ ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်း၊အားမရှိ ချည့်နဲ့ခြင်း၊ အိပ်မပျော်ခြင်း 
၊ပျာယာခတ်ခြင်း၊စိုးရိမ်ပူပန်ခြင်း၊ထိတ်လန့် ကြောက်ရွံ့ခြင်း ၊ ကိုယ်တစ်ချက်တစ်ချက်ပူခြင်း
၊ချွေးထွက်လွယ်ခြင်း၊ကာမရာဂစိတ်ဆန္ဒလျော့ပါးခြင်း၊ ခါးကိုက်ဗိုက်နာခြင်း၊သားမြတ်တင်းခြင်း
၊ခြေလက်ထုံကျဉ်ခြင်း(သို့) ဖောရောင်ခြင်း၊ ဓမ္မတာမမှန်ခြင်း စတာတွေဖြစ်တတ်ပါတယ်။
 အသက်(၅၀) ဝန်းကျင်မှာ ပခုံးပတ်လည် ရောင်ရမ်းတာလည်း သိပ်ဖြစ်လွယ်ပါတယ်။
အသက် ၅၁-၆၀ အရွယ်
အဖြစ်အများဆုံး ရောဂါကတော့ ကင်ဆာပါပဲ။ အဓိက အကြောင်းရင်းကတော့ ကိုယ်ခံအား ဆုတ်ယုတ်ကျဆင်းလာလို့ပါ။အဓိက 
အကြောင်းရင်းကတော့ ကိုယ်ခံအား ဆုတ်ယုတ်ကျဆင်းလာလို့ပါ။ဒါအပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှု ၊ 
အစားအစာညီညွတ်မျှတခြင်းမရှိမှု၊ ဆေးလိပ်နဲ့ အရက်သောက်သုံးမှု၊ စိတ်ချမ်းသာအောင် မနေနိုင်မှု ဒဏ်တွေ ကာလကြာရှည် 
ခံစားလာခဲ့ရတာနဲ့လည်း ဆက်စပ်ပတ်သက်နေတတ်ပါတယ်။
အသက် ၆၀ နှစ်အထက်
အဖြစ်အများဆုံးကတော့  အရိုးပွခြင်းပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဖြစ်လွယ်ပါတယ်။
from;;;ရောဂါဖြစ်စ အချက်ပြလက္ခဏနှင့်ရောဂါဖြစ်လာကိုယ့်ဘာသာ အမြန်အဖြေရှာ
မင်းစံအိမ်

 
 
 
 
 
 
 
0 comments:
Post a Comment