Wednesday, February 19, 2014

Posted by Unknown | File under :

၁၂ပေါင် (ဒေါ်လာ၂ဝ)သာ ပေးရသော ကြောက်စရာ ကားဟက်ကာ Remote Control သည် မည်သည့် ကားကိုမဆို ရှေ့မီးများ ဖွင့်နိုင်၊ သော့ချက်ချနိုင်၊ စတီယာရင်ကို ထိန်းကျောင်းနိုင်သည့် အပြင် ဘရိတ်ပါ ဖမ်းနိုင်လေသည်။
ဤပစ္စည်းကို ခေတ်ပေါ် ကားတစ်စီး၏ ကွန်ထရိုး ဧရိယာ နက်ဝပ်ခ်တွင် တပ်ဆင်နိုင်သည်။ ကားကို ပြုလုပ်ထားသည့် အပေါ်တွင် မူတည်ပြီး မီးဖွင့်နိုင်၊ သော့ချက်ချနိုင်၊ ဘရိတ် ဖမ်းနိုင်ခြင်း ဖြစ်သည်။
ဟက်ကာများ၏ အဆိုအရ ဤပစ္စည်းလေးသည် မည်သည့်ကား၏ နက်ဝပ်ခ်တွင် မဆို ငါးမိနစ် အတွင်း တပ်ဆင်နိုင်သည်။
ဤကားဟက်ကာ Remote Control သည် ကား၏ စနစ်အတွင်းမှာ ပါသောကုတ်ဖြင့် ထိန်းချုပ်ခြင်း ဖြစ်သည်။
၎င်းကို အင်္ဂလိပ်လို CAN Hacking Tool (CHT) ဟုခေါ်ပြီး အထက်တွင် ပြောခဲ့သလို ခေတ်ပေါ်ကား မှန်လျှင် မည်သည့် ကားကိုမဆို ငါးမိနစ် အတွင်း ကား၏ ကွန်ထရိုး ဧရိယာ နက်ဝပ်ခ်အတွင်း ဝင်ရောက်၍ ကုတ်အမှား အသုံးပြုကာ ဝင်ရောက် ကိုင်တွယ်နိုင်မှု ရှိသည်။ ခေတ်ပေါ်ကား အများ အပြားသည် ဖုန်းများ၊ ကွန်ပျူတာ များနှင့် အလားတူစွာ Operating system တစ်ခု အပေါ်တွင် လုပ်ဆောင်နေခြင်း ဖြစ်ရာ ယင်းအတွက် နဂိုကပင် ဆော့ဖ်ဝဲလ်ယား ပါသည်။
ကားဟက်ကာ Remote Control (CHT) တွင်ပါရှိသည့် ဝါယာမျှင် လေးခုကို ကား၏ ကွန်ထရိုး ဧရိယာ နက်ဝပ်ခ်၏ အထွက်ဘက်နှင့် ချိတ်ဆက်လိုက်ခြင်း ဖြစ်သည်။
ကားအင်ဂျင် စက်ကွန်ထရိုး ယူနစ်၏ Flash Memory မှ အချက်အလက် များကို ဖတ်ရှုခြင်းနှင့် ရေးသားခြင်း မပြုလုပ်မီ ကား၏ လျှို့ဝှက် မည်သည့်ကုတ်ကို မဆို ကျော်ဖြတ်နိုင်ရန် တစ်ဒေါ်လာသာ ပေးရသော ကွန်ပျူတာ ချစ်ပ်ကို သုံးသည်။
အရွယ်အစားမှာ i Phone ထက် သေးငယ်သဖြင့် ဟက်ကာ၏ လက်ဝါးပြင် ထဲတွင် ထည့်ထား၍ ရပြီး Remote Control ပီသစွာ အဝေးမှ နေ၍ ထိန်းချုပ်နိုင်သည်။
ဟက်ကာသည် CHT ကိုသုံး၍ ပေးချင်သည့် အမိန့်ကို ပေးနိုင်သည်။ ဘရိတ်ကို သုံးမရအောင် ဖျက်ဆီး ပစ်၍လည်း ရသည်။ လေအိတ်ကို ပွင့်ထွက်လာအောင် လုပ်နိုင်သလို တံခါး သော့ချက်များ ပိတ်ထားပြီး Alarm ကိုလည်း မြည်အောင် လုပ်နိုင်သည်။
ဤပစ္စည်းကို စပိန်လူမျိုး လုံခြုံရေး သုတေသီများ ဖြစ်သော ဂျေဗီယာ ဗေ့စ်ကွက်ဇ် ဗိုင်ဒက်လ်နှင့် အယ်လ်တို ဂါစီးယာ အေးလာရာ တို့က တီထွင်ခဲ့ခြင်း ဖြစ်သည်။
၅ မိနစ်ထက် မကျော်သော အချိန်တို အတွင်း ဤပစ္စည်း မျိုးကို ကား၏ စနစ်နှင့် ဆော့ဖ်ဝဲလ်ယားထဲ ဝင်၍ မိမိလိုရာ ကြိုးကိုင်ထိန်းချုပ် ခိုင်းစေခြင်းကို ပြုလုပ်ခြင်းသည် ပထမ အကြိမ်တော့ မဟုတ်ပါ။
သူတို့သည် Lap Top သုံး၍လည်း ကား၏ အီလက် ထရွန်နစ် စနစ်နှင့် ချိတ်ဆက်၍ အင်ဒီယာနာမြို့ လုံခြုံရေး အင်ဂျင်နီယာများ ဖြစ်သော ချာလီမေလာနှင့် ခရစ်ဗာလာဆက်ခ် တို့လည်း ကားဘရိတ်ကို Remote Control အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ် ခဲ့သလို ကားအရှိန်မြှင့် လီဗာနင်းပြီး ထိုင်ခုံခါးပတ် တင်းခြင်းနှင့် ကားဟွန်းကို ဆူညံစွာ အသံထွက်ပေါ် စေခြင်းများအား တိုယိုတာ ပရီးယစ်နှင့် ဖို့ဒ်အက်စကိတ် ကားအမျိုး အစားများတွင် ပြုလုပ်ခဲ့ကြ ဖူးသည်ဆို၏။
ကားနှစ်စီး၏ နက်ဝပ်ခ်ကို ဟက်ကင်း လုပ်ခြင်းနှင့် ဘလူးတုသ် ဘာ့ဂ်ကို အသုံး ချခြင်းဖြင့် ဆော့ဖ်ဝဲလ်ယားကို ဟက်ကင်း လုပ်နိုင်သည်။
သုတေသီ များ၏ အဆိုအရ မိုဘိုင်းလ် ကိရိယာ သုံး၍ အဝေးမှ နေကာ ကုတ်ကို ပို့၍လည်း ဖြစ်နိုင်မှု ရှိသည်။ အဝေးမှ ကုတ်ကို အသုံးချသည့် အခါ ကား၏ အသွင်အပြင်ကို အဝေးမှ ထိန်းချုပ်နိုင်မှု ရှိစေပါသည်။
ဝါရှင်တန် တက္ကသိုလ်၊ ကာလီဖိုးနီးယား တက္ကသိုလ်နှင့် ဆန်ဒီယာဂို တက္ကသိုလ် တို့မှ သုတေသီ များက ၂ဝ၁ဝ ပြည့်နှစ်က ကားဆော့ဖ်ဝဲလ်ယားကို ဟက်ကင်း လုပ်နိုင်သည်ကို တွေ့ရှိရကြောင်း လူသိရှင်ကြား ပြောခဲ့သည်။

0 comments:

Post a Comment