Thursday, March 20, 2014

Posted by Unknown | File under :

စူပါမန်း အစစ်ရယ်လို့ မဟုတ်ပါဘူး။ စူပါမန်းလို ရုပ်ရည်သွင်ပြင်ရအောင် ပလပ်စတစ် ဆာဂျရီ ဝင်ထားတဲ့ အမျိုးသား တစ်ဦး ဖြစ်ပါတယ်။
Herbeart Chavez လို့အမည်ရတဲ့ အသက် ၃၆ နှစ်အရွယ် ဖက်ရှင်ဒီဇိုင်နာ တစ်ဦး ဖြစ်ပြီး စူပါမန်းကို ငယ်ငယ် လေးကတည်းက ခရေဇီ ဖြစ်လာသူ တစ်ဦး ဖြစ်ပါတယ်။ ယနေ့အထိ သူ စုစည်းထားတဲ့ စူပါမန်း အရုပ်နဲ့ ပစ္စည်း၊ အဝတ် အရေအတွက်ဟာ ၅ထောင်ကျော်သွားပါပြီ။ တစ်သောင်းပြည့်ဖို့ စုဆောင်းနေပြီ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်တိုင်ကလည်း ဒီဇိုင်နာ ဖြစ်တာမို့ စူပါမန်း လိုဂိုနဲ့ အရုပ်ပါရှိတဲ့ အဝတ်အစားများကို ကိုယ်တိုင်လည်း ဖန်တီး ပါတယ်။ အကြီးမားဆုံး ဖန်တီးမှုအနေနဲ့ ကတော့ သူကိုယ်တိုင်ကို စူပါမန်း ပုံစံပေါက်အောင် ခွဲစိတ်ခန်း ဝင်လိုက်ခြင်း ဖြစ်ပါတယ်။
နှာခေါင်းပြင်ဆင်ခြင်း၊ နှုတ်ခမ်း နဲ့ တစ်ကိုယ်လုံး အသားရောင်ကို အဖြူရောင်ဖြစ်အောင် ပြောင်းလဲခြင်းတို့ဟာ ငွေကြေး မြောက်များစွာ အကုန်ကျခံပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် သူငွေကြေး အသုံးချရတာ တန်ပါတယ်။ ဖိလစ်ပိုင်မှာ ကျော်ကြားတဲ့ Celebrity တစ်ဦး ဖြစ်လာပြီး ကြော်ငြာဘေလ်ဘုတ်မှာကော၊ တီဗီ မှာကော ပါဝင်လာသူ တစ်ဦး ဖြစ်လာပါတယ်။ သူ့ကို ဖိလစ်ပိုင် စူပါမန်းလို့တောင် မဲ့ခေါ်ထားပါတယ်။
မနီလာမြို့ တောင်ပိုင်း Calamba မြို့  ဖွားဖြစ်တာမို့ သူ့ကို ဒေသခံတို့က ရွာစူပါမန်းလို့ နာမည်ပြောင် ပေးထားကြောင်း သိရပါတယ်။

0 comments:

Post a Comment