Sunday, January 4, 2015

Posted by Unknown |

1

လေယာဉ်နှင့် အာကာသနည်းပညာ ကုမ္ပဏီ Boeing က Phone ခိုးယူခံရလျှင် Software နှင့် ဒေတာအားလုံးကို အလိုအလျှောက် ဖျက်ဆီးပစ်နိုင်သော လုံခြုံရေးမြင့်မားသည့် Black Phone ကို တီထွင်နေပါသည်။ အဆိုပါ ဖုန်းသည် ဖုန်းခေါ်ဆိုမှုနှင့် အခြား ထုတ်လွှင့်သော ဒေတာများကိုလည်း Encrypt လုပ်ပေးနိုင်ပြီး အလွန်အရေးကြီးသော ဒေတာများကို ကာကွယ်ရန်လိုအပ်သည့် အစိုးရ အေဂျင်စီများအတွက် ရည်ရွယ် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါသည်။

BlackBerry ၏ CEO ဖြစ်သူ John Chen က Boeing နှင့် ပူးပေါင်း၍ BlackBerry ၏ BES12 Platform ကို ထည့်သွင်းထားသော Android Device ကို ပံ့ပိုးပေးမည်ဟု ကြေညာပါသည်။ BlackBerry Enterprise Service နောက်ဆုံး ဗားရှင်းဖြစ်သော BES12 သည် စီးပွားရေးလုပ်ငန်း အဆင့် လုံခြုံရေး စွမ်းဆောင်ချက်များ ပါရှိသည့် Device Management Software ဖြစ်ပါသည်။ BES10 ကတည်းက Cross-Platform ဖြစ်စေရန် ပြုလုပ်ပေးခဲ့သည့်အတွက် BlackBerry နှင့် သာမက Android , iOS များနှင့်ပါ အသုံးပြုနိုင်ပါသည်။
၂၀၁၄ ခုနှစ်အစောပိုင်းတွင် Boeing Phone နှင့် ပတ်သက်သော သတင်းများထွက်ပေါ်ခဲ့ဖူးပါသည်။ ထိုသတင်းများအရ Boeing Phone သည် Android Device ဖြစ်ပြီး ကွန်ရက်များစွာကို ချိတ်ဆက်နိုင်ရန် SIM Card နှစ်ခုပါရှိပါသည်။ ထို့အပြင် Fingerprint Sensors, Eye Scanners များကဲ့သို့ Biometrics များနှင့် တွဲဖက် အလုပ်လုပ်နိုင်မည် ဖြစ်သည်။

0 comments:

Post a Comment