Tuesday, December 17, 2013

Posted by Unknown | File under :
အခုထွက်ရှိလာတဲ့ LG GX smartphone ကတော့ မျက်နှာပြင် အကျယ် 5.5 လက်မရှိပြီး full HD IPS display နဲ့ထုတ်လုပ်ထားပါတယ်, CPU ကတော့ quad-core Snapdragon 600 CPUဖြစ်ပြီး , ကင်မရာကတော့ 13 megapixel ဖြစ်ပါတယ်, 32GB of onboard storage ပါဝင်မှာဖြစ်ပြီး battery ကတော့ 3,140 mAh ဖြစ်ပါတယ် ။နောက်ပြီး GX smartphone ဟာ G2 ရဲ့ "knock on" feature ကိုပြန်လည် အသုံးပြုထားပါတယ်, ဖုန်း screen မှိတ်သွားတဲ့ အခါ ဘာ key မှနှိပ်စရာမလိုပဲ ဖုန်း screen ကို နှစ်ချက်နှိပ်ပြီး ပြန်နိုး လို့ ရတဲ့ feature လေးပါပြန်လည်ထည့်သွင်းထားတဲ့ အပြင် ဂိမ်းဆော့နေရင်း ဖုန်းလာရင်ပဲဖြစ်ဖြစ် မက်ဆေ့ ၀င်လာရင်ပဲဖြစ်ဖြစ် LG smart TVs နဲ့ တွဲသုံးပြီး TV Screen ပေါ်မှာ ဖော်ပြခိုင်းလို့ ရတဲ့ feature တွေပါ ထည့်သွင်းထားပါတယ်။screen ကြီးကြီး ကိုမှ ကြိုက်သူများ ဖုန်းတွင်း မှာdata တွေကို များများ ထည့်ထားချင်သူများ အတွက် ဒီ ဖုန်းလေးက တော်တော်လေးကို အဆင်ပြေစေမှာဖြစ်ပြီး ကင်မရာ ရုပ်ထွက်ကလဲ 13 megapixel ဖြစ်တာမို့ ဓါတ်ပုံရိုက် ၀ါသနာ ပါသူများ အတွက် အကြိုက်တွေ့ စေမှာပါ။ ခုလောဆယ်မှာတော့ ကိုရီးယားမှာ ပဲ ၀ယ်ယူရရှိနိုင်ဦး မှာဖြစ်ပါတယ်။LG ရဲ့ ထုတ်ကုန်တွေ ကို ကြိုက်နှစ်သက်တဲ့ အမာခံ ပရိတ်သတ်တွေ အတွက်ကတော့ လုံးဝ သဘောကျနှစ်ခြိုက်စေမှာ အမှန်ပါပဲ။

0 comments:

Post a Comment