Tuesday, December 17, 2013

Posted by Unknown | File under :
Dell မှ သူ့ Company အတွက် Strategic Partnership အဖြစ် Dropbox ကို ရွေးချယ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလို လက်တွဲရတာဟာ စီးပွားရေးလုပ်ငန်းတွေထဲမှာ ရှိနေကြတဲ့ ၀န်ထမ်းတွေအတွက် သူတို့ရဲ့ data တွေကို အချိန်မရွေး နေရာမရွေး ရယူအသုံးပြုနိုင်စေဖို့အတွက်ဖြစ်ပါတယ်။ Dell မှ Dropbox ၏ IT control နှင့် Data Visibility တို့အတွက် ပြင်ဆင်မှုတွေမှာ ကူညီပေးခဲ့ပါတယ်။ ဒါကြောင့် Dell product တွေကို အသုံးပြုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ ၀န်ထမ်းအားလုံးကို Dropbox ရဲ့ Secure enterprise file sharing, collaboration solution အစရှိတဲ့ feature တွေကို အသုံးပြုနိုင်စေတော့မှာဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Dell နှင့် Dropbox တို့ လက်တွဲပြီးထုတ်လုပ်ထားတဲ့ Development အသစ်တွေကို အသုံးပြုလာနိုင်ဖွယ်ရှိပါတယ်။

0 comments:

Post a Comment