Saturday, January 11, 2014

Posted by Unknown | File under :
ဒီဆော့ ၀ဲလ်လေးက android ဖုန်းတွေ မှာမိမိ မပေးသုံးချင်တဲ့softwareတွေကို lock ချထားဖို့ အတွက် ပါ။ဖုန်းရဲ့screen ကို pattern တွေ pin တွေနဲ့ ချထား ပေမဲ့ ကလိတတ်တဲ့သူတွေနဲ့တိုးတဲ့ အခါ မိမိချထားတဲ့ lock ကို မသိပဲ ရမ်းဆွဲတဲ့ အကြိမ် အရည်အတွက်များ သွားရင် ဖုန်းမှာ gmail တောင်းတဲ့အထိဖြစ်သွားတဲ့အခါ ဖုန်းထဲမှာ back up အနေနဲ့ ထည့်ထားရင်တော့ အကြောင်းမဟုတ်ပါ ဘူး မထည့်ထားမိဘူးဆိုရင်တော့။ဖုန်း မှာရှိတဲ့ data တွေ ဆုံးရှုံး သွားရပါလိမ့်မယ်။ဒါက အားနည်းချက်တစ်ခုပါ။အသုံးပြုသူတွေ တော်တော်များများ ဖြစ်လေ့ရှိပါတယ်။အိမ်က ကလေးဆော့လိုက်တာတို့ တစ်ယောက်ယောက်က ကလိလိုက်တာ တို့ဆိုပြီးတော့ပါ။အခု ဒီဆော့ဝဲလ်လေးက အဲ့အခက်အခဲတွေကို ဖြေရှင်းပေးပါလိမ့်မယ်။ဖုန်းမှာ screen lock ချစရာ လုံးဝမလိုပဲ ဒီဆော့ဝဲလ်လေးကို သုံးပြီး ကိုမပေးသုံးချင်တဲ့ application တစ်ခုချင်းစီသော်လည်းကောင်း ဒါမှမဟုတ် အားလုံးသော်လည်းကောင်း password ကိုမိမိကြိုက်နှစ်သက်ရာပေးပြီး ပိတ်ထားနိုင်ပါတယ်။password မသိပဲ ရမ်းဖွင့်လို့လဲ data ဖျက်စရာမလိုပါဘူး။မှားရင်လည်း warning တက်လာတာမျိုး မရှိပါဘူး။သူက မမှန်ရင် မပွင့်ဘူး။လုံးဝရှင်းတယ်။တကယ်လို့ ကိုယ့်အနေနဲ့ မေ့တတ်ရင်လည်း security question တစ်ခုခု ပေးထားနိုင်ပါသေးတယ်။ဖုန်းထဲမှာ ပါတဲ့ built-in application တွေအပြင် setting/call log/message ပါမကျန် လော့ချထားလို့ ရပါတယ်။ဒီဆော့ဝဲလ်လေးကို Hide လုပ်ထားလို့လဲ ရပါသေးတယ်ဗျာ။အသုံးတည့်တဲ့ ဆော့ဝဲလ်လေးမို့ လို့ တင်ပေးလိုက်ပါတယ်။လိုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူနိုင်ပါတယ်။
Download Here(app lock software)

လင့်လေးကိုနှိပ်ပီးရင် ညာဘက်ထောင့်နားလေးမှာ ငါးစက္ကန့် စောင့်ပြီးပေါ်လာတဲ့ skip Ad ဆိုတာလေးကိုနှိပ်ပေးပြီးရင်ဒေါင်းနိုင်ပါပြီ။



















0 comments:

Post a Comment