ဒီ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး အရမ်းကိုခံစားရပါတယ်။လူတိုင်းမှာသာ မိဘကိုချစ်တတ်တဲ့ အသိစိတ်၊လူကြီးသူမ များကို ကူညီတတ်တဲ့စိတ်ဓါတ်သာရှိမယ်ဆို ဒီလိုမျိုး သနားစရာကောင်းတဲ့ သက်ကြီးရွယ်အိုတွေ ရဲ့ ဘ၀နေ၀င်ချိန်ဟာ အပူအပင်ကင်းမဲ့ပြီး သာယာဖြောင့်ဖြူးမှာ အမှန်ပါပဲ။ဒါပေမဲ့ လူတစ်ချို့ အတွက် ကျေးဇူးတရား၊ဂါရ၀ တရားဆိုတာ ဘာမှ မသက်ဆိုင်သလိုပါပဲဗျာ။လူမဟုတ်သော လူတွေပေါ့ဗျာ။မိမိမှာ လက်ရှိမိဘ ဘိုးဘွားတွေရှိနေရင် သူတို့ကို ပိုဂရုစိုက်ပေးပါ။မိသားစု ဆိုတာ လုပ်ယူလို့ မရပါဘူး။သင့်ရဲ့ အရေးကြီးပါတယ်ဆိုတဲ့ အရာတွေကို သူတို့နဲ့မယှဉ်လိုက်ပါနဲ့။အစားမထိုးလိုက်ပါနဲ့၊အတူရှိနေစဉ်ကာလမှာ ပြောသမျှ ဆိုသမျှကို လေးစားလိုက်နာပြီး ဂရုစိုက်ပေးလိုက်ပါ။ပစ်တော့ မထားမိပါစေနဲ့ဗျာ။
အောက်ကလင့် ကနေ ဒေါင်းပြီး ကြည့်နိုင်ပါတယ်။
0 comments:
Post a Comment