Thursday, January 16, 2014

Posted by Unknown | File under :

အမေရိကန်ဒေါ်လာ ၂၃၀၀ ဝန်းကျင်လောက် ကုန်ကျမယ့် စမတ်ဖုန်း ဖြစ်ပါ တယ်။ ဈေးက ကြီးတယ်ဆိုတော့ ဘာများထူးခြားသလဲ ဆိုတာကို လေ့ လာကြည့်မိပါတယ်။ အမှန်တော့ ဈေးကြီးရတဲ့ အကြောင်းက ဒီဇိုင်းနဲ့ တံဆိပ်စားလို့ဖြစ်ပါတယ်။ Blackberry ထုတ်ဖုန်း လို့ တပ်အပ်ပြောလို့မရပါဘူး။ Porsche Design Group က Blackberry ဖုန်း နာမည်ကို အခြေခံလို လိုသလို ပုံစံထွင် ထုတ်ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ သူတို့အနေနဲ့မှာတော့ တော်တော်လေးကို လှတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ Feature ကလည်း ယခုခေတ်အခါအတွက် အနေတော်လောက်ပဲ ဖြစ်ပါတယ်။
Blackberry OS 7.1 ကို သုံးပြီး Processor ကတော့ 1.2 GHz ရှိပါတယ်။ internal storage က 8GB ဆိုပေမယ့် 16GB microSD ကဒ်ပါ တစ်ခါတည်း ထည့်ပေးထားပါတယ်။ 32GB အထိ upgrade လုပ်နိုင်တယ်လို့ ဆိုပါတယ်။့ ပြီးတော့ Blackberry ကပေးတဲ့ အခြားသော feature များလည်း ပါဝင်အုံးမှာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အဖြူရောင် ဗားရှင်း BlackBerry Porsche Design P'9981 ထွက်ရှိပြီး ဒီတစ်ခါကတော့ အနက်ရောင် ဗားရှင်း ဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့ကစလို့ စတင် ဖြန့်ချိမှာ ဖြစ်ပါတယ်။ အလုံးရေလည်း အနည်းငယ်သာ ထုတ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အများထက် ထူးတဲ့ ဖုန်းကိုမှ ကိုင်ချင်သပဆိုရင် သိန်း ၂၀ ကျော်တဲ့ Blackberry Porsche ကို ပြည်တွင်း Mobile shop များမှ တစ်ဆင့် အော်ဒါ မှာ ယူ နိုင်ပါတယ်။ -- 
Aung Kham ( www.smart.com.mm )

0 comments:

Post a Comment