Thursday, January 16, 2014

Posted by Unknown | File under :

Samsung ရဲ့  ပထမဆုံး Windows Phone OS သုံး စမတ်ဖုန်းကို ထုတ်လုပ် ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။ ဖုန်းရဲ့  Codename ကို SM-W750V လို့ အမည်ပေးထား ပါတယ်။ Samsung ရဲ့  ထူးထူးခြားခြား ပထမဆုံး ဝင်းဒိုးဖုန်း ဖြစ်ပါတယ်။ အရွယ်အစား၊ ပုံစံများက Samsung Galaxy S3 နဲ့ မကွာဘူးလို့ ဆိုပါတယ်။ S3 ကိုပဲ Windows Phone 8 GDR3 နဲ့ မြင်ရမှာ ဖြစ်ကြောင်း ဆိုပါတယ်။ Samsung က တရားဝင် မပြောကြားသေးတဲ့ သတင်းတစ်ခု ဖြစ်ပါတယ်။ ဓာတ်ပုံထွက်ရှိမှုလည်း မရှိခဲ့ ပါဘူး။
၅ လက်မ အရွယ် မျက်နှာပြင်ကို အသုံးပြုထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Android Platform မှာ နေရာတစ်ခုရရှိထားပြီး ကမ္ဘာ့ရောင်းအား အကောင်းဆုံး စံချိန်ယူထားတဲ့ Samsung ဟာ ဝင်းဒိုးဖုန်းလောကကို ဝင်လာမယ်လို့ ဘယ်သူမှ ထင်မထား ပါဘူး။ ဝင်တော့လည်း စမတ်ဖုန်း အဆင့်သင်မဟုတ်ပဲ Phablet ကို တန်းထုတ်တာကြောင့် Nokia 1520 လို့ အရွယ်ကြီး ဝင်းဒိုးဖုန်းရဲ့  ပြိုင်ဘက် ဖြစ်လာမှာ ဖြစ်ပါတယ်။
မျက်နှာပြင် အရည်အသွေးက 1920x1080 resolution ရှိပြီး LTE Network ထောက်ပံ့ ပေးမှာ ဖြစ်ပါတယ်။ ၂၀၁၄ Mobile World Congress မှာ ဝင်ရောက်ပြသမှာ ဖြစ်ပါတယ်။ အဆင့်မြင့် စမတ်ဖုန်း စာရင်းထဲ ပါဝင်မယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ၂၀၁၄ နှစ်လယ်လောက်မှာ ယင်းဖုန်းကို ထုတ်လုပ် ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။ 

0 comments:

Post a Comment