Sunday, February 9, 2014

Posted by Unknown | File under :

Nokia X လို့ခေါ်ဝေါ်ကြတဲ့ Nokia ၏ ပထမဆုံး Android ဖုန်း ပေါ်ထွက်လို့
လာပါပြီ။ ထူးခြားမှု အနေနဲ့ကတော့ ကင်မရာ 5-megapixel သို့သော် 3-megapixels CamSpeed မျှသာ ဖြစ်ပါတယ်။ Android ဗားရှင်း အနေနဲ့ကတော့ 4.1 ဖြစ်ပါတယ်။ ဒါကြောင့် ဗာရှင်းကို နိမ့်ပြီး ပြုလုပ်ထားတယ်လို့ ဆိုရမှာပါ။

ဒါ့အပြင် ဆင်းကတ်နှစ်ခု အသုံးပြုလို့ ရသည့်အတွက် အကြိုက်တွေ့စေမှာပါ။ ထိုဟန်းစက်ဟာ အာရှတိုက်က လူတွေ အများအပြား အကြိုက်တွေ့စေနိုင်လိမ့်မယ်လို့ နိုကီယာမှ ဆိုပါတယ်။ RAM အနေနဲ့ကတော့ 512MB ဖြစ်ပြီး 4GB storage ဖြစ်ပါတယ်။ microSD ကို တိုးချဲ့ပြီး အသုံးပြုလို့ ရတဲ့အတွက် အဆင်ပြေစေမှာပါ။
ဒါ့အပြင် ဘတ္တရီကိုလည်း ကြာရှည်ခံအောင် ပြုလုပ်ပေး ထားပါတယ်။ ဘတ္တရီ အနေနဲ့ကတော့ 1500mAh ဖြစ်ပါတယ်။ Nokia ကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အတွက် မကြာမီ ဈေးကွက် အတွင်းသို့ ရောက်ရှိ လာပါတော့မည်။  
ကျော်လင်းနိုင် 

0 comments:

Post a Comment