Sunday, February 9, 2014

Posted by Unknown | File under :

Samsung က သူတို့ အသစ်ထုတ်လုပ်မဲ့ Lite Time လို့ နာမည်ပေးထားတဲ့ app နဲ့ ပတ်သက်လို့ အချက်အလက် တချို့ ဖော်ပြလာခဲ့ပါတယ်။ ဒီ app ကတော့ နေ့စဉ် မှတ်တမ်း app နဲ့ ဆင်တူမှာပါ။ ကိုယ်က တကူးတက ရေးမှတ်စရာ မလိုပဲ ၊ မိုဘိုင်းဖုန်းက ကိုယ်သုံးတဲ့ app တွေ ၊ ဖုန်းခေါ်ဆိုမှုတွေ၊ message တွေ ၊ ရိုက်ကူးတဲ့ ဓာတ်ပုံတွေ ၊ social network တွေက status တွေ ၊ စတာတွေကို ခြုံငုံ ရယူပြီး ကိုယ့်အတွက် တစ်နေ့တာ မှတ်တမ်းကို ပြင်ဆင်ပေးကာ ကိုယ်ကိုယ်တိုင်လည်း ဖြည့်စွက် ရေးသား နိုင်မဲ့ မှတ်တမ်း app ဖြစ်ပါလိမ့်မယ်။ ထွက်ပေါ်လာတဲ့ app screenshots တွေအရ Android OS အသစ် KitKat ရဲ့ စည်းမျဉ်းတွေကို လိုက်နာ ဖန်တီး ထားတာကြောင့် မကြာခင် S5 ဖုန်း အသစ်ထွက်ပြီး Life Time app ပါ တစ်ပါတည်း ထည့်သွင်းလာမလားလို့ စဉ်းစား စရာ ဖြစ်လို့နေပါတယ်။

0 comments:

Post a Comment