Showing posts with label ကျန်းမာရေးဆိုင်ရာ ဗဟုသုတ. Show all posts
Showing posts with label ကျန်းမာရေးဆိုင်ရာ ဗဟုသုတ. Show all posts

Tuesday, November 11, 2014


ကွမ်းသီးများကို ဓာတု ပစ္စည်းများဖြင့် ပြုပြင်ထားသဖြင့် စားသုံးသူများ အသက်သေဆုံးသည် အထိ အန္တရာယ်ရှိနေကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြား သည်။
အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲမှု ဦးစီးဌာနသည် ရန် ကုန်မြို့ရှိ ဈေးကြီးငါးခု၌ လိုက် လံစစ်ဆေးရာတွင် ကွမ်းသီးအပါ အ၀င် အခြားစားသောက်ကုန် ခြောက်မျိုး၌ စားသုံးရန် အန္တ ရာယ်ရှိသည့် ဓာတုပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ ညောင်ပင်လေး ဈေး၊ ပုဇွန်တောင်ဈေး၊ စံပြငမိုး ရိပ်ဈေး၊ သိမ်ကြီးဈေးနှင့် သီရိ မင်္ဂလာဈေးများတွင်  စစ်ဆေးခဲ့ ခြင်းဖြစ်ရာ ကွမ်းသီးများ၌ ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုက် ပါဝင်မှု မြင့်မားနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
‘‘ဒီဓာတ်က အရမ်းအန္တရာယ်များတယ်။ ၀မ်းသွားမယ်။ အသက်ရှူကျပ်မယ်။ သွေးပေါင်ကျမယ်။ မူးဝေမယ်။ ပန်းနာရင်ကျပ်ဖြစ်စေနိုင်တယ်။ အခန့်မသင့်ရင် ရှော့ရိုက်ပြီး အသက်ဆုံးနိုင်တယ်’’ ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ ဇင်ဇင်နွယ်က ပြောသည်။
ကွမ်းသီးကို ပေါင်းရာတွင် ဓာတ်ပုံဖလင်ချွတ်သည့်ဆေးဖြင့် တစ်ညစိမ်ပြီးနောက် ပြန်လည်ရေ ဆေးကာ ကွမ်းသီးပေါင်းဖိုထဲတွင် ထည့်၍ ကန့်ကို မီးရှို့ကာအငွေ့ရိုက်ရသည်။ ထိုသို့ တစ်ညတာပေါင်းပြီးလျှင် ဈေးကွက်သို့ တင်သွင်း ရောင်းချနိုင်သည်ဟု မြောက်ဥက္ကလာပမြို့နယ်မှ ကွမ်းသီးဖိုလုပ် ငန်းရှင်တစ်ဦးက ပြောသည်။
‘‘ကွမ်းသီးပေါင်းတဲ့ ဆာလ ဖာပမာဏက သတ်မှတ်ထားတာ မရှိဘူး။ ကွမ်းသီးပေါင်းရင်အရမ်း အန္တရာယ်များလို့ တံခါးအလုံပိတ် ထားရတယ်’’ ဟု ၎င်းက ဆက် လက်ပြောသည်။
စားသုံးရန် မသင့်သော ဓာ တုဆေးများ အစားအသောက် များတွင် ထည့်ထားပြီး ရေဖြင့် ပြန်လည် သန့်စင်သော်လည်း ဓာတုအကြွင်းအကျန်များ ကျန်ရှိ နေသည်ဟု ဒေါက်တာ ဇင်ဇင်နွယ်က ရှင်းပြသည်။
ကွမ်းသီးအလေးချိန်တိုးပြီး ကွမ်းသီးပွလာသည်။ ထို့နောက်မှ ကွမ်းသီးဖိုထဲတွင် ကန့်ငွေ့ရိုက်လိုက်လျှင်  ကွမ်းသီးလည်း မှိုမတက်၍ ရောင်းချရာတွင် အဆင်ပြေသောကြောင့် အသုံးပြုခြင်းဖြစ်ကြောင်း ရန်ကင်းမြို့နယ်မှ ကွမ်းသီးရောင်းဝယ်သူတစ်ဦးက ပြောသည်။
ကွမ်းစားခြင်းကြောင့် ခံတွင်း ကင်ဆာဖြစ်ပွားမှုမြင့်မားနေချိန် မှာပင် ယခုကဲ့သို့ ကွမ်းသီးများကို ဓာတုဆေးသုံး ရောင်းချနေခြင်း ကြောင့် ကျန်းမာရေးထိခိုက်မှုမှာ ပိုမိုမြင်မားလာမည်ဖြစ်သည်။
ထို့ပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ဈေး များသို့ စစ်ဆေးရာတွင် မျှစ်၊ ပဲ ကြီးလှော်၊ ၀က်အူချောင်း၊ ချဉ် ဖတ်၊ အသားတုနှင့် နွားနို့များတွင် စားသုံးရန် မသင့်သော ဓာတု ပစ္စည်းများပါဝင်နေသည်ကို တွေ့ ရသည်။

Tuesday, September 9, 2014


တစ်ကိုယ်လုံး အဝလွန် သူများထက် ဗိုက်တွင် အဆီစု နေသူ များ သွေးတိုးရောဂါ ဖြစ်နိုင်သည့် အန္တရာယ် ပိုများ
ကြောင်း လေ့လာမှု အသစ် တစ်ရပ်က ဖော်ပြသည်။

အဝ လွန်ခြင်းမှာ သွေးတိုးရောဂါ (သို့မဟုတ်) သွေးတိုးခြင်း ကို ဖြစ်စေနိုင်ကြောင်း သိရှိ ထားပြီး ဖြစ်ကာ လူတစ်
ယောက်၏ ကိုယ်ခန္ဓာတွင် အဆီစုဝေးရာနေရာကိုလိုက်၍ နှလုံးရောဂါနှင့် ကင်ဆာရောဂါတို့ကဲ့သို့ အခြားကျန်း
မာရေး ပြဿနာများကို ပိုမို များပြားစေနိုင်သည်။ သို့သော် သွေးတိုးရောဂါ၊ တစ်ကိုယ်လုံး နေရာစုံအဝလွန်ခြင်း
နှင့် တစ်နေရာတည်းအဆီများစုဝေးခြင်းတို့ကြား ဆက်စပ်မှုကို ရှင်းလင်းစွာမသိရပေ။

ယခု လေ့လာမှု အတွင်း လူပေါင်း ၉၀၃ ဦး ပါဝင်ပြီး ၎င်းတို့ သွေးတိုးရောဂါ ဖြစ်ပေါ်မှုကို ခြေရာခံရန် ပျမ်းမျှအချိန် 
ခုနစ်နှစ်အထိလေ့လာထားခြင်းဖြစ်သည်။ အပေါ်သွေး ၁၄၀ (သို့မဟုတ်) ယင်းထက်မြင့်မားနေပြီး အောက်သွေး 
၉၀ (သို့မဟုတ် )ယင်းထက်မြင့်မားနေခြင်းကို သွေးတိုးသည်ဟုခေါ်ပြီး သွေးတိုး ကျဆေးများ စတင်သောက်သုံး 
ရမည့် အခြေအနေဖြစ်သည်။

လေ့လာမှုတွင် ပါဝင်သူများ၏ ဝမ်းဗိုက်ပိုင်းရှိ နက်ရှိုင်းသောနေရာတွင် ရှိသော အဆီ(သို့မဟုတ်) ခန္ဓာကိုယ် အ
စိတ်အပိုင်းများရှိ အဆီများ အရေပြားအောက်ရှိ အဆီများ (သို့မဟုတ်) ခန္ဓာကိုယ် အနှံ့ရှိနေသော မျက်စိဖြင့်မြင်
ရသည့် အဆီများနှင့် ကိုယ်အောက်ပိုင်းအဆီများကို ပုံရိပ်ဖော်၍ လေ့လာစစ်ဆေးခဲ့သည်။

လေ့လာပြီးဆုံးချိန်တွင် ပါဝင်သူအားလုံး၏ ၂၅ ရာခိုင်နှုန်းမှာ သွေးတိုးရောဂါဖြစ်လာသည် ခန္ဓာကိုယ်ညွှန်းကိန်း 
(BMI)မြင့်မားသူများ သွေးတိုးရောဂါ ဖြစ်နိုင်ခြေပိုများသည်။ ဝမ်းဗိုက်ပိုင်း အဆီပါဝင်မှု၊ တစ်ကိုယ်လုံးနေရာစုံ
အဆီပါဝင်မှုနှင့် ခန္ဓာကိုယ်အောက်ပိုင်း အဆီ ပါဝင်မှုများကို ထည့်သွင်း တွက်ချက်ကြည့်ရာ ဝမ်းဗိုက်ပိုင်းအဆီ
စုဝေးမှုနှင့် သွေးတိုးရောဂါကြား လုံးဝဆက်စပ်မှုရှိကြောင်း တွေ့ရသည်။

လိင် ကွဲပြားမှု၊ အသက် အရွယ် (သို့မဟုတ်) လူမျိုး ကွဲပြားမှု များကို ထည့်သွင်း တွက် ချက်ပြီး ချိန်၌လည်း ဝမ်း
ဗိုက်ပိုင်းအဆီစုဝေးမှုနှင့် သွေးတိုးရောဂါကြား ဆက်စပ်မှုမှာ အပြောင်း အလဲမရှိပေ။ ဝမ်းဗိုက်ပိုင်း အဆီ စုဝေး
မှုနှင့် သွေး တိုးရောဂါ အခိုင်အမာ ဆက်နွှယ်မှုကို ကျောက်ကပ်တစ်ဝိုက်နှင့် ဝမ်းဗိုက်ပိုင်း အနောက် ဘက်တွင် 
တည်ရှိသော ကိုယ် အင်္ဂါ အစိတ်အပိုင်း ဆိုင်ရာ အဆီ တစ်မျိုးဖြစ်သည့် ဝမ်းဗိုက် နံရံ အဆီများကို လေ့လာရာ
တွင် တွေ့ရှိခဲ့သည်။

ယခုလေ့လာမှုကို American College of Cardiology ဂျာနယ် တွင် ဖော်ပြထားသည်။ —Ref: TOI


၇ ရက် နေ့ စဉ် သ တင်း စာ မှ ကူး ယူ မျှ ဝေ သည် ။

Saturday, May 17, 2014


 ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊
ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြ ပါတယ်။ လတ်တလော လေ့လာမှုတွေ အရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင် နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ် အာနိသင် ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်း သတ္တိတွေ ပါဝင် နေပါတယ်။
အကိုက်အခဲပျောက်စေပါတယ်
ကွမ်းရွက်မှာ အကိုက်အခဲ ပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်း ထန်ထန် ခေါင်းကိုက် နေသူတွေမှာ ခေါင်း ကိုက်တဲ့ နေရာပေါ် ကွမ်းရွက် အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။
မွေးကျွတ်နာကို သက်သာစေပါတယ်
ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွား ပါလိမ့်မယ်။
ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်
ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။
အဆုတ် ထိခိုက်မှု ဝေဒနာကို သက်သာစေပါတယ်
ကွမ်းရွက်တွေကို ကလေးငယ်တွေနဲ့ အသက်ကြီး သူတွေမှာ ဖြစ်တဲ့ အဆုတ် ထိခိုက်မှု ဝေဒနာတွေ ကုသရာမှာ အသုံးပြု နိုင်ပါတယ်။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင် ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင် ချောင်းဆိုးတာနဲ့ အသက်ရှူ မဝတဲ့ ဝေဒနာတို့ကို သက်သာ စေပါတယ်။
အဆစ်ရောင်နာကို သက်သာစေပါတယ်
ကွမ်းရွက်ကို အဆစ်ရောင်နာတဲ့ နေရာပေါ်မှာ ကပ်ပေးရင် သက်သာစေပါတယ်။
အနာကျက်စေပါတယ်
ကွမ်းရွက် ပြုတ်ရည် အနည်းငယ်ကို ထိခိုက် ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး ပတ်တီး စည်းထား ပေးပါက နှစ်ရက်ခန့် အတွင်း အနာကျက် မြန်စေ ပါတယ်။
သတိပေးချက်
ကွမ်းယာကို မကြာခဏ ဝါးစားတာကြောင့် ခံတွင်းမှာ ကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာ ထည့်သုံးတဲ့ ဆေးနဲ့ တခြား ပါဝင် ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားတတ်သူတွေ အနေနဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စား သင့်ပါတယ်။
ကြယ်စင်
Myawady Health

Thursday, March 20, 2014


လူအများစုဟာ အသက်၂၅ နှစ်အရွယ်မှာ ဘ၀ရဲ့မှတ်ဥာဏ်ထဲမှာ စွဲမြဲစွာမှတ်သားနိုင်တဲ့အဖြစ် အပျက် တွေကိုပိုင်ဆိုင်ကြောင်း အမေရိကန် နိုင်ငံ၊New Hampshire တက္ကသိုလ် မှ သုတေသီတွေ က ဖော်ထုတ်နိုင်ခဲ့ ပါတယ်။ ဘ၀ရဲ့သက်တမ်းလေးပုံ သုံးပုံကိုကျော်လွန်လာသူတွေကို မေးခွန်းများ ဘ၀အမှတ်တရများကို မေး မြန်းခြင်းလုပ်ခဲ့ရမှာ အခုလိုသိရှိခဲ့ ရတာဖြစ်ပါတယ်။

“လူတွေဟာ သူတို့ရဲ့ဘ၀ကို ပြန်စဉ်းစားပြီး ပြောပြစေတဲ့အခါမှာ ဘ၀ရဲ့အရေးအကြီးဆုံး အချိန်တွေ ကိုပဲ မှတ်မိကြပါတယ်။ ဒါကြောင့် ဘ၀ရဲ့အမှတ်တရတွေကို အခန်း လေးတွေခွဲပြီး ယေဘုယျသဘော မေးမြန်း ခဲ့ပါတယ်။ ကောလိပ်စတင် တက်ရောက်ရခြင်း၊ အလုပ်စရခြင်း၊ လက်ထပ်ခြင်း၊ စစ်မှုထမ်းခြင်း၊ က လေးများကို ပိုင်ဆိုင်ခြင်းစသဖြင့် ဖြစ်ပါတယ်”လို့ သုတေသနခေါင်း ဆောင် Kristina Steineru က ပြော ကြားထားပါတယ်။

လေ့လာမှုမှာ အသက်၅၉နှစ် ကနေ ၉၂နှစ်အတွင်းရှိတဲ့ ပင်စင်စား တွေကို မေးမြန်ခဲ့ပြီး ၇၆%ကတော့ ဘွဲ့ရပြီးသူတွေဖြစ်ပါတယ်။ ပါဝင် သူတွေကို မိနစ်၃၀ကြာ ဘ၀အဖြစ် အပျက်တွေကို ပြောကြားစေခဲ့ပြီး ၄င်းတို့ကိုယ်တိုင် ဘ၀အဖြစ်အပျက်တွေကိုအခန်းငယ်လေးတွေ ခွဲခြား မှတ်သားစေခဲ့ပါတယ်။ တွေ့ရှိ လာရ တာကတော့ အမှတ်မိနိုင်ဆုံးအချိန် ဟာ ၁၇နှစ်ကနေ ၂၆နှစ်အတွင်း ဖြစ်ပါတယ်။ ဒါဟာ ဘ၀မှာအရေး အကြီးဆုံးဖြစ်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တဲ့ ကာလတွေကြောင့် ပဲ ဖြစ်ပြီးအမှတ်မိဆုံး အသက်အရွယ် အပိုင်းအခြားကတော့ ၂၅နှစ်အရွယ် ပဲဖြစ်ကြောင်း Kristina Steineru က ရှင်းပြထားပါ တယ်။

ဒီလေ့လာမှုကို Journal of Memory မှာ ဖော်ပြထားပါတယ်။
 ငြိမ်းအေး
ref;ANI

Thursday, February 20, 2014


(လူတစ်ယောက်ဟာ အလွန်အကျွံ့ ရီမောမယ်ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။

(လူတစ်ယောက်ဟာ ပုံမှန်ထက် ပိုပြီး အိပ်တတ်မယ်ဆိုလျှင် သူသည် ဝမ်းနည်းလွယ် ပါတယ်။

(လူတစ်ယောက်သည် စကားနည်းမယ်ဆိုလျှင် ဒါမှမဟုတ် စကားပြောတာ မြန်မယ်ဆိုလျှင် သူသည် လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။

(လူတစ်ယောက်သည် အတော်အတန် မငိုဘူးဆိုလျှင် သူသည် အားနည်းနေလို့ ဖြစ်ပါတယ်။

(လူတစ်ယောက်သည် အစားစားရာတွင် ပုံမှန်မဟုတ်သော အပြုအမှုများနှင့် စားလျှင် သူသည် စိတ်ဖိစီးမှု တစ်စုံတစ်ရာ ရှိနေလို့ဖြစ်ပါတယ်။

(လူတစ်ယောက်သည် ဘာမဟုတ်သော ကိစ္စများမှာပင် မျက်ရည် ကျတယ်ဆိုရင် သူသည် စိတ်ထိခိုက် လွယ်သောသူ ဖြစ်ပါတယ်။

(လူတစ်ယောက်သည် အသေးအမွှား ကိစ္စများမှာပင် စိတ်တိုဒေါသ ဖြစ်တယ် ဆိုရင် သူသည် ချစ်ခြင်းမေတ္တာလိုအပ် နေသောသူဖြစ်ပါတယ်။

Wednesday, February 19, 2014


လူသားတစ်ယောက်အတွက် ကိုယ်တွင်းအပူချိန်ဟာ ပျမ်းမျှ ၉၈.၆ ဒီဂရီဖြစ်ပြီး၊ ရာသီဥ တုပေါ်မူတည်၍ ၄င်းပမာဏထက် အပူချိန် အတက်/ အကျ အနည်းငယ်ပြောင်းလဲ တတ်ပါတယ်။ ကိုယ်တွင်းအပူများတာကို ဆေးပညာလောကမှာ “heat stress” လို့ ခေါ်ကြပြီး၊ ခန္ဓာကိုယ်တွင်းအပူချိန်က သူ့ အလိုလိုအေးသွားမျိုးမရှိတတ်ပါဘူး ။ လို အပ်တာထက် အပူချိန်များနေတဲ့အခါ၊ ပိန်ချုံးလာခြင်း၊ ကြွက်တက်ခြင်း၊ လျှာ-နှုတ် ခမ်းတွေသာမက အရည်ပြားပေါ်မှာ အဖုအပိမ့်တွေထွက်လာခြင်း၊ ၀က်ခြံထွက်ြ ခင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့ အန်ခြင်းတို့ အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါ ပျက် စီးစေနိုင်ပါတယ်။ 

ရေခဲရေများ၊ ရေနွေး-စွပ်ပြုတ် စတဲ့အရည်ပူပူများ၊ နေပူပူထဲအချိန်အကြာကြီးသွား လာခြင်း၊ ငရုပ်သီး-ဂျင်း-မျှစ်ချဉ်- ငရုပ်ကောင်း-ပတဲကော စတဲ့ ပူပူလောင်လောင်အစပ်တွေ စားခြင်း၊ ရေသောက် နည်းခြင်းတို့ က ကိုယ်တွင်းအပူရှိန် မြင့်တက်လာစေလို့  (အထူး)ရှောင်ကျဉ်ပေးရမယ့် အစားအသောက်တွေဖြစ်ပါတယ်။ ခန္ဒာကိုယ်တွင်း အပူငြိမ်းအေးစေဖို့ အတွက်၊ အဓိ က ဆေးကတော့ ရေ၀၀သောက်၍ တစ်နေ့ ကို ရေ ၂-ကြိမ် ချိုးပေးခြင်းပါဘဲ။ (မိုးရာ သီမှလွဲ၍ ချမ်းအေးတဲ့ ဆောင်းရာသီနဲ့  နွေပူပူတို့ မှာ ခန္ဓာကိုယ်တွင်း အပူဓာတ်များ သူတွေအနေဖြင့် ယခင်ကထက် ရေပိုသောက်ရင်း၊ နေ့ စဉ်စားသမျှ အစားအစာတွေ ထဲမှာ ရေဓာတ်ကြွယ်ဝတဲ့ အအေးစာလေးတွေကို ဖြည့်စွက်စာအဖြစ် စားသုံးသင့် ပါတယ်)  

(ဖရဲသီး) 

လူ့ ခန္ဓာကိုယ်ရဲ့  ၃-ပုံ ၂-ပုံကို အရည်ဓာတ်နဲ့ ဖွဲ့ စည်းတည်ဆောက်ထားပါတယ်။ ဖရဲ သီးထဲမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်း ကျော် ပါရှိတာကြောင့် အပူငြိမ်းအေးစေတဲ့ အကောင်းဆုံး သီးနှံဖြစ်ပါတယ်။  

(သခွားသီး) 

သခွားသီးလေးတွေမှာ ရေဓာတ်ကြွယ်ဝစွာပါရှိလို့ ၊ ခန္ဓာကိုယ်ကို ထိ ထိရောက်ေ ရာက် အေးမြစေပါတယ်။ ဒါကြောင့် တန်ဖိုးနည်း သခွားသီးလေးတွေ ကို နေ့ စဉ် စားပေးသင့်ပါတယ်။ 

(ပူစီနံရွက်) 

ပူစီနံရွက်ဟာ ခန္ဓာကိုယ်တွင်းကို အေးမြစေတာကြောင့် မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ မကာအို စတဲ့ အာရှတိုက် တခွင်ရှိ ရှေးတိုင်းရင်းဆေးဆရာကြီးများက ပူစီနံပင်များကို အပူငြိမ်းဆေးအဖြစ် ဆေးဝါးဖော်စပ် လာခဲ့ကြပါတယ်။ 

(မုန်လာဥအဖြူ) 

အဖြူရောင် မုန်လာဥလေးတွေမှာ ဗီတာမင်စီပါရှိတဲ့အပြင်၊ ကိုယ်တွင်းအပူရှိန်ကို တိုက် ထုတ်ပေးနိုင်တဲ့ ဓာတ် တိုးဆန့် ကျင်ပစ္စည်းတွေ အလုံအလောက်ပါရှိနေပါတယ်။ ဒါကြောင့် “heat stress” ကို တိုက်ထုတ်ပေးနိုင်တဲ့ မုန်လာဥအဖြူ တွေကို စားဖြစ်ေ အာင် စားပေးပါ။ 

(နှမ်း) 

နှမ်းစေ့လေးတွေက အပူငြိမ်းအေးစေတဲ့ အိမ်တွင်းဆေးဝါး တစ်မျိုး ဖြစ်တာေ ကြာင့် နှမ်းစားရင်း ရေများများသောက်ပါ။ (နှမ်းပျစ်၊ နှမ်းယို လေးတွေကလည်း အပူငြိမ်းအေးစေအောင် အထောက်အပံ့ပေးပါတယ်) 

(စမုံစပါး) 

စမုံစပါးအစေ့လေးတွေကို သောက်ရေခွက်ထဲ တညအိပ်စိမ်ထားပြီး၊ နံက်အိပ်ယာ ထတဲ့အခါ ရေသောက်ရင်း အဖတ်တွေပါ ကုန်အောင်ဝါးစားပေးပါ။ တနေ့ တာလုံး အပူငြိမ်းအေးစေနိုင်တဲ့အပြင် ခံတွင်းရနဲ့ ကိုပါ ရှင်းသန့် စေပါတယ်။ 

(အုန်းစိမ်းရေ) 

အုန်းသီးစိမ်းနုနုမှရတဲ့ အုန်ုးစိမ်းရည်ဟာလည်း ခန္ဓာကိုယ်တွင်းအပူငြိမ်းစေ တဲ့ ဆေးကောင်းတလက် ဖြစ်တာမို့ ၊ ကိုယ်တွင်းအပူဓာတ်များသူတွေ နဲ့ ကိုယ်ဝန်ေ ဆာင် မိခင်လောင်းများ မှီဝဲသင့်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းမှလည်း ကာ ကွယ်ပေးပါတယ်။ 

(သလဲသီး) 

သလဲသီးနဲ့ သလဲသီးဖျော်ရည်တွေက ခန္ဓာကိုယ်ကိုအေးမြပြီး၊ ကိုယ်တွင်းအပူတွေကို သူ့ အလိုလိုစုပ်ယူပစ်တာ မို့ နေ့ စဉ်စားသုံးသင့်တဲ့ သီးနှံတစ်ခုပါဘဲ။ 

(ဘိန်းစေ့) 

ဥပမာ ဘိန်းမုန့် ၊ ဆနွင်းမကင်း စတဲ့ သရေစာမုန့် တွေမှာအသုံးပြုလေ့ရှိတဲ့ ဘိန်းစေ့ေ လးတွေကလည်း ကိုယ်ပူရှိန်ကို ပုံမှန်ဖြစ်အောင် အထောက်အပံ့ပေးပါတယ်။ ညအိပ် ယာဝင်ခါနီး ဘိန်းစေ့ လက်တဆုပ်စာဝါးစားပြီး ရေသောက်အိပ်တဲ့အခါ နှိပ်ခြိုက်စွာ အိပ်မောကျစေတဲ့အပြင် နောက်တနေ့ တာလုံး အပူငြိမ်းအေးစေပါတယ်။ 

(ပဲနံ့ သာပင်အစေ့) 

ရှေးရှေးကစလို့ ယနေ့ ထိတိုင် အိန္ဒိယနိုင်ငံမှာ အပူငြိမ်းဆေးတိုင်းရင်းကုထုံးဖြင့် ပဲနံ့  သာပင် အစေ့တွေကို အသုံးပြုလျှက်ရှိပါတယ်။(ပဲနံ့ သာပင်အစေ့လေးတွေကို အိန္ဒိယပ ရဆေးဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်) 

(နွားနို့ ) 

ကိုယ်တွင်းအပူငြိမ်းလိုသူများ ကျိုချက်ပြီးနွားနို့ ကို အအေးခံ၍ နံက်တိုင်းသောက်ပေး ပါ။ (သို့ မဟုတ်) နွားနို့ ကို ပျားရည် အနည်းငယ်ခတ်၍ သောက်နိုင်ပါတယ်။ (ရေခဲဖြင့် အအေးခံထားတဲ့ နို့ အေးမျိုးကို မဆိုလိုပါ) 

(သံပုရာသီး) 

နံက်အိပ်ယာထ သံပုရာရည်တစ်ခွက် သောက်ခြင်းကလည်း ကိုယ်တွင်းအပူငြိမ်းေ အးစေရုံမျှမက၊ နေရထိုင်ရတာ ပေါ့ပါးလန်းဆန်းလာပြီး တနေကုန် သက်လုံကောင်းစေပါတယ်။  

ပေါက်ပေါက်
ကိုးကား…American Health Digest


ကဲနေပူထဲ ထွက်ပြီး အာသီးရောင်တတ်တဲ့သူတွေအတွက်လည်းအဆင်ပြေစေမယ်လို့ ယုံကြည်ပါတယ်။

Thursday, February 13, 2014


လူငယ်များ အကြားတွင် ခေတ်စားနေသော တက်တူး ထိုးခြင်းသည်
အရေပြား ကင်ဆာ ဖြစ်ပွားမှု နှုန်းကို မြင့်တက် စေကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြ ထားသည်။ တက်တူး ထိုးရာတွင် အသုံးပြုသော ဆေးရည်သည် အရေပြား ကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများ ပါဝင် နေသည်ဟု သိရသည်။ အထူးသဖြင့် အပြာရောင်ခြယ် တက်တူး မင်သည် တက်တူး ထိုးသူများနှင့် ထိုးနှံ ပေးသော သူများ အကြိုက် အရောင် တစ်မျိုး ဖြစ်ပြီးကို ဘော့သတ္ထုနှင့် အလူ မီနီယမ်များ ပါဝင် နေသည်။

နယူး ဒေလီမြို့ BLK ဆေးရုံ၊ အရေပြား အထူးကုဌာနမှ Dr. D.J.S Tula တက်တူးနှင့် ကိုယ်ခန္ဓာ အပေါက်ဖောက်သော ကိရိယာများသည် လူ့သွေးများမှ တစ်ဆင့် ကူးစက်သော ရောဂါများ ရရှိနိုင်ချေ များကြောင်း၊ သွေးမှ တစ်ဆင့် ကူးစက် တတ်သော HIV၊ အသည်းရောင် အသားဝါ B,Cနှင့် အရေပြား ကင်ဆာ ရောဂါ အချို့ကို ရရှိနိုင်ကြောင်း၊ အရေပြား ကင်ဆာ များတွင် မှဲ့ကင်ဆာနှင့် Squamous cell carcinoma တို့ ပါဝင်ကြောင်း၊ တက်တူး ထိုးသူတိုင်း အဆိုပါ ရောဂါများကို ရရှိနိုင်သည်ဟု မဆိုလိုဘဲ အသုံးပြုသော တက်တူး မင်အမျိုးအစား၊ တက်တူး ထိုးသော ကိရိယာ၊ လုပ်ငန်းစဉ် များ၏ ပိုးသတ် ထားမှု ရှိမရှိက အဓိကကျ ကြောင်းကို ရှင်းပြ ထားသည်။

“တက်တူးထိုးတဲ့ မင်မှာ တစ်ခါတလေ အာဆင်း နစ်တွေ ထည့်သွင်း ထားတတ် ပါတယ်။ ထိုးနှံ သူကတော့ မသိတဲ့ အတွက် အရေပြား ကင်ဆာ ဖြစ်ဖို့ အခွင့်အလမ်းများ နေပါတယ်။ နောက်ပြီး မှဲ့ရှိတဲ့ နေရာတွေ နားမှာလည်း တက်တူး မထိုး သင့်ပါဘူး တကယ်လို့ တက်တူး ထိုးထားတဲ့ နေရာ အနီးတ၀ိုက်မှာ ပုံမှန် မဟုတ် ဘဲမှဲ့တွေ ပေါ်လာပြီဆိုရင် အရောင်၊ အရွယ် အစား၊ ပုံသဏ္ဌာန်၊ အနားသတ် ပုံစံတွေကို သေချာ စစ်ဆေးဖို့ လိုပါတယ်။ တကယ်လို့ သေချာ မကြည့်ဘဲ ပေါ့ပေါ့ဆဆပဲ ထားမယ်ဆိုရင် မှဲ့ကင်ဆာနဲ့ အခြား အရေပြား ကင်ဆာ တွေကို အချိန်လွန်မှ သိတာမျိုး ဖြစ်သွား နိုင်ပါတယ်ဟု ကင်ဆာ ရောဂါ အထူးကု ဆရာဝန် Dr.Amit Kumarက အကြံ ပေးထားသည်။

ထို့ပြင် တက်တူး ဖျက်ခြင်းတွင်လည်း ဆိုးကျိုးများ ရှိနေကြောင်း၊ အရေပြား အရောင် ဖျော့သွားခြင်း (hypo pigmentation)၊ ရင့်သွားခြင်း (hyper pigmentation) များ ရလာ နိုင်ကြောင်း သိရသည်။ ကျွမ်းကျင်သော တက်တူး ထိုးပေးသူများ ထံသာ သွားသင့်ကြောင်း၊ progessional tattooistသည် အော်ဂဲနစ် မင်ကိုသာ အသုံးပြု ကြကြောင်း၊ ဈေးပေါပေါ သုံးထားသော တက်တူးများတွင် အာဆင်းနစ်၊ ကိုဘော့နှင့် အလူမီနီယမ် ကဲ့သို့သော အရေပြား ကင်ဆာ ဖြစ်စေနိုင်သည့် ဓာတ်များ ပါဝင် နေကြောင်းကို ယခု လေ့လာမှုတွင် ဖော်ပြ ထားသည်။

(ကျန်းမာရေးအတွက် မည်သူမဆိုမျှဝေယူပါ)
လူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။

အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အာဟာရတန်ဖိုး နည်းပါးပြီး ဆား(ဆိုဒီယမ်)၊ အဆီ၊ အချို မှုန့်၊ အရသာ စတဲ့ အရာတွေ ပါဝင်မှု များတာကြောင့်ပါ။

ဆား(ဆိုဒီယမ်) ပါဝင်မှု များတာ ကြောင့် အဆင်သင့် ခေါက်ဆွဲခြောက် ထုပ်တွေကို နေ့တိုင်းစားရင် သွေးတိုးရော ဂါ ဖြစ်စေနိုင်ပါတယ်။အဲဒီကတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက် ကပ်ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ အ ရွယ်ရောက်သူနဲ့ လေးနှစ်ကျော်တဲ့ က လေးတွေရဲ့ တစ်နေ့မှာ ဆိုဒီယမ် စားနိုင် တဲ့ ပမာဏက ၁၅၀ဝ မီလီဂရမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ခေါက်ဆွဲထုပ်တစ်ထုပ် မှာ ပါဝင်တဲ့ ဆိုဒီယမ်က ၂၇၀ဝ မီလီဂ ရမ်ဖြစ်ပါတယ်။ ခေါက်ဆွဲ ခြောက်ထုပ်မှာ ပါဝင်တဲ့ ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန် ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။ အချိုမှုန့် (Flavour) ပါဝင်တာကြောင့် သွေးတိုးရော ဂါနဲ့ တခြားရောဂါဝေဒနာတွေကို ဖြစ်စေ နိုင်ပါတယ်။

အရသာ (Junk Food ) အဖြစ် အမဲ သားအနံ့၊ ပင်လယ်စာအနံ့ စတာတွေကို ထည့်သွင်းထားကာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး အမျိုးအစား မတူပေမယ့် အများအားဖြင့် အန္တရာယ်ရှိပါတယ်။ ခေါက်ဆွဲထုပ်ကို အများကြီး စား ရင် အစာမကြေဖြစ်တတ်ပါတယ်။ ခေါက် ဆွဲထုပ်ကို အဆင်သင့်အစာ (Junk Food) အဖြစ် ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အစာလို့ ဝေဖန်ကြပါတယ်။

ခေါက် ဆွဲထုပ်တစ်ထုပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှု များပေမယ့် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုက လျော့နည်းပါတယ်။

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း ခေါက်ဆွဲထုပ်ကို ဖောက်ပြီး ခေါက် ဆွဲတွေကို အရင်ဆုံး ရေနွေးထဲ ထည့် ပြုတ်ပါ။ ပြီးရင် ရေကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင် ခေါက်ဆွဲတွေ မကပ်ငြိအောင် ကာကွယ်ပေးတဲ့ ဖယောင်း (Wax)ကွာ ကျသွားပါ လိမ့်မယ်။ ပြီးမှ ဟင်းအရည်နဲ့ စားချင်ရင် ရေနွေး ထပ်ထည့်ရပါမယ်။ ခေါက်ဆွဲကျက်မှ ဆီ၊ ဆား စတဲ့ ပါဝင်တဲ့ အရသာအမှုန့်တွေကို ထည့်ပေးရမှာ ဖြစ် ပါတယ်။

ဒီနည်းက လုံးဝ အန္တရာယ်ကင်း တာတော့ မဟုတ်ပါဘူး။ အရင်က လူအ များစုဟာ ရေနွေးပြုတ်ထဲ ခေါက်ဆွဲနဲ့ ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ထည့်ပြီး ခေါက်ဆွဲကျက်ရင် စားလေ့ရှိကြပါတယ်။ ဒီနည်းနဲ့ စာရင် အခုပြောပြတဲ့ ချက်ပြုတ် နည်းက အန္တရာယ် ပိုလျော့ပါးသွားတာ ဖြစ်ပါတယ်။

နောက်တစ်ချက်က လတ်ဆတ်တဲ့ ဟင်းသီးဟင်း၇ွက်တွေ ထည့်ပြီး ပြုတ်စားရင် ခေါက်ဆွဲထုပ်မှာ ပါဝင်မှု နည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ရရှိစေနိုင်တာကြောင့် ကျန်းမာ ရေးအတွက် ကောင်းပါတယ်။ အန္တာရယ်ကင်းချင်ရင် ခေါက်ဆွဲ ထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားချင်ရင် သုံးရက်ကြာမှ တစ် ထုပ်လောက်ပဲ စားပါလို့ ပြောချင်ပါတယ်။

ဒေါက်တာဦးကိုကို

Wednesday, February 12, 2014


လူတစ်ဦးရဲ့ တစ်သက်တာမှာ အသက်အရွယ် အပိုင်းအခြား အလိုက် ဇီဝကမ္မ အနေ အထား၊ 

ပတ်ဝန်းကျင်နဲ့ဘဝနေကျင့်ပုံစံတွေဟာ ကွဲပြားခြားနားလာကြတဲ့ အလျောက် အဖြစ်လွယ်၊ အဖြစ်များတဲ့ 

ရောဂါချင်းလည်းမတူတတ်ကြပါ။ ဒါကို သိထားရင် စိတ်ထဲရှင်းနေတော့ ကြိုတင်ကာကွယ်နိုင်သလို ကုသမှုကိုလည်း 

စောစီးစွာခံယူနိုင်ပါလိမ့်မယ်။

အသက်၂၀-၃၀ အရွယ်
   
 သွေးမတည့်၊ ဓာတ်မသင့်တာ ဖြစ်လွယ်လှပါတယ်။ အကြောင်းကတော့ လူငယ်ကာလမှာ ကိုယ်ခံအား မပြတ်မြင့်တက်နေဆဲမို့ 

တုံ့ပြန်အား အထူးပြင်းနေ၊ ထက်နေတဲ့ အတွက်ကြောင့်ပါပဲ။

အသက် ၃၁-၄၀ အရွယ်

 အယောက် ၂၀မှာ တစ်ယောက်ဟာ ခေါင်းကိုက်တတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများ  ပိုဖြစ်တတ်တယ်။ဒီလို 

ခေါင်းကိုက်ဝေဒနာ ဖြစ်ရတဲ့ အကြောင်းရင်း အလွန်များပါတယ်။ 

အရက်သောက်ခြင်း၊ သနေ တားဆေးသုံးစွဲခြင်း၊အလုပ်ပင်ပန်းခြင်း၊ အလုပ်ဖီစီးမှုကြီးခြင်း စတာတွေ ကြောင့်ပါ။

အသက် ၄၁-၅၀ အရွယ်

အဖြစ်များဆုံးကတော့ နှလုံးကြွက်သား သွေးငတ်၊ သွေးပြတ်နာပါပဲ။(အထူးသဖြင့် အမျိုးသားတွေ အဖြစ်များတယ်။) 

အမျိုးသမီးတွေမှာတော့ သွေးဆုံးခါနီးအရွယ်ဖြစ်ရင်  သွေးဆုံးကိုင်တဲ့

 ဝေဒနာ ခံစားရတတ်ပါတယ်။ အစမှာ ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်း၊အားမရှိ ချည့်နဲ့ခြင်း၊ အိပ်မပျော်ခြင်း 

၊ပျာယာခတ်ခြင်း၊စိုးရိမ်ပူပန်ခြင်း၊ထိတ်လန့် ကြောက်ရွံ့ခြင်း ၊ ကိုယ်တစ်ချက်တစ်ချက်ပူခြင်း

၊ချွေးထွက်လွယ်ခြင်း၊ကာမရာဂစိတ်ဆန္ဒလျော့ပါးခြင်း၊ ခါးကိုက်ဗိုက်နာခြင်း၊သားမြတ်တင်းခြင်း

၊ခြေလက်ထုံကျဉ်ခြင်း(သို့) ဖောရောင်ခြင်း၊ ဓမ္မတာမမှန်ခြင်း စတာတွေဖြစ်တတ်ပါတယ်။

 အသက်(၅၀) ဝန်းကျင်မှာ ပခုံးပတ်လည် ရောင်ရမ်းတာလည်း သိပ်ဖြစ်လွယ်ပါတယ်။

အသက် ၅၁-၆၀ အရွယ်

အဖြစ်အများဆုံး ရောဂါကတော့ ကင်ဆာပါပဲ။ အဓိက အကြောင်းရင်းကတော့ ကိုယ်ခံအား ဆုတ်ယုတ်ကျဆင်းလာလို့ပါ။အဓိက 

အကြောင်းရင်းကတော့ ကိုယ်ခံအား ဆုတ်ယုတ်ကျဆင်းလာလို့ပါ။ဒါအပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှု ၊ 

အစားအစာညီညွတ်မျှတခြင်းမရှိမှု၊ ဆေးလိပ်နဲ့ အရက်သောက်သုံးမှု၊ စိတ်ချမ်းသာအောင် မနေနိုင်မှု ဒဏ်တွေ ကာလကြာရှည် 

ခံစားလာခဲ့ရတာနဲ့လည်း ဆက်စပ်ပတ်သက်နေတတ်ပါတယ်။

အသက် ၆၀ နှစ်အထက်

အဖြစ်အများဆုံးကတော့  အရိုးပွခြင်းပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဖြစ်လွယ်ပါတယ်။

from;;;ရောဂါဖြစ်စ အချက်ပြလက္ခဏနှင့်ရောဂါဖြစ်လာကိုယ့်ဘာသာ အမြန်အဖြေရှာ

မင်းစံအိမ်

Saturday, February 8, 2014


အထူးသဖြင့် ကျွန်တော်တို့ ကွန်ပြူတာရှေ့ မှာ တနေကုန်အောင်ထိုင်ပြီး အလုပ်လုပ်နေကြ တဲ့ နည်းပညာသမား တွေ အခြားသော 

အထိုင်များသောသူတွေ အတွက်ဖြစ်လေ့ ဖြစ်ထရှိတဲ့ error တစ်ခုပါ။ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုပါပဲ ရုတ်တရတ် 

ထလိုက်ပြီဆိုရင် ခေါင်းက မိုက်ခနဲ့ ဖြစ်သွားပြီး မျက်စိတွေတောင်ပြာသွားပါတယ်။ကျွန်တော့်လိုပဲ အဲ့လို အဖြစ်မျိုးကြုံနေရတဲ့ 

သူငယ်ချင်း မိတ်ဆွေတွေ အတွက်ပါ။


***ထိုင်လိုက်၊ထလိုက် ပြုရာတွင် မူးဝေတတ်သော ရောဂါအတွက်***

ဆားနှင့် သကြား အနည်းငယ်စီသင့်သလောက်ထည့်ထားသော

သံပရာဖျော်ရည်ကို နေ့စဉ် သောက်စေခြင်းဖြင့်သက်သာ

 ပျောက်ကင်းစေ နိုင်ပါသည်။

ဆေးဖက်ဝင်လက်ဖက်တစ်ရိုးနှင့် အဖေပေးခဲ့သောဆေးနည်းတိုများ

by ဆရာဦးခန့်ကျော်



Thursday, January 30, 2014



အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ 

နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ 

စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။
 

 ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် 

သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို 

စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ 

မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို 

ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။
 

 ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက 

အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ 

ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။

အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ 

စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ 

လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ 

ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော 

သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

ကိုသက်တန့် ဆီမှ ကူးယူဖော်ပြပါသည်။


ညာဘက်ထောင့်အောက်နားမှာရှိတဲ့ ကြော်ငြာတွေကို ၀င်ရောက် ကြည့်ရှုပေးခြင်းဖြင့် ပြန်လည်ကူညီနိုင်ပါတယ်ဗျာ။ 

Wednesday, January 22, 2014


ဆေးပညာ ဗဟုသုတအနေနဲ့တင်ပြပေးခြင်းဖြစ်တဲ့ အတွက် ကျန်းမာရေး အမြင်နဲ့သာ 

မြင်စေလိုပါတယ်။တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ 

လေ့လာတွေ့ ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ့  ဆိုးကျိုးတစ်ချက် ကတော့ အမျိုးသားကို 

လိင်အင်္ဂါကို တိုစေခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ 

ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို 

သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။ ဒါကြောင့် elastic ဖြစ်နှုန်းကျဆင်းပြီး နဂိုရှိရင်း ထက်တောင် 

တိုသွား တယ်လို့ လေ့လာထားကြပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက်အရ ၁ 

စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။ဒါတင်မက အင်္ဂါသို့ ရောက်အောင်သွားတဲ့ ဟိုမုန်း တွေကိုလည်း 

သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ 

နည်းသွားပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ 

ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။

သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက်ကတော့ အမျိုးသား တို့ ဆေးလိပ်သောက်သုံးခြင်းဟာ နှလုံးကို 

ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှု ကို ပိုမို တိုက်ရိုက်ဆက်စပ်စေကြောင်း သိရပါတယ်။
--
Ref: medic-facts

၁။ ဂရိတ်ဖရုသီးနဲ့ သောက်နေတဲ့ ဆေးတွေ မတည့်ခဲ့ရင်

တချို့အစားအစာတွေ၊ သစ်သီးတွေက သင်သောက်သုံးနေရတဲ့ ဆေးတွေရဲ့ အာနိသင်ကို နှောင့်ယှက် တတ်ပါတယ်။ ဂရိတ်ဖရုသီးက သွေးပေါင်ကျဆေး၊ စိတ်ငြိမ်ဆေးနဲ့ အိပ်ဆေးတွေနဲ့ ဓာတ်ပြုမှု ရှိတာကြောင့် ဒီဆေးတွေ သောက်ထားတဲ့အခါ ဂရိတ်ဖရုသီးစားတာ၊ ဖျော်ရည်သောက်တာတွေ မလုပ်သင့်ပါ။ ဂရိတ်ဖရုသီးမှာ ဗီတာမင်စီနဲ့ ပိုတက်စီယမ်တွေ ပါဝင်တယ် ဆိုပေမယ့် ဂရိတ်ဖရုသီးအစား လိမ္မော်သီးနဲ့ ရှောက်သီးတွေကို စားသုံးနိုင်ပါတယ်။


၂။ ဟင်းသီးဟင်းရွက်တွေ အစိမ်းအတိုင်း စားရတာ ခက်ခဲနေရင်

သွားတွေနဲ့နေတာ၊ ကျိုးပဲ့နေတာနဲ့ သွားမရှိသူတွေမှာ ဟင်းသီးဟင်းရွက် အစိမ်းစားတာတွေက ဝါးရ ခက်ခဲတတ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေက ရနိုင်တဲ့ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေ မရရှိနိုင်မှာကို မစိုးရိမ်ပါနဲ့။ အစိမ်းစားမယ့်အစား နူးအိနေအောင် ချက်ပြုတ်စားပေးပါ။ မုန်လာဥနီ၊ ကန်စွန်းဥနဲ့ ရွှေဖရုံသီးတွေကို စွပ်ပြုတ်လုပ်စားတာမျိုးတွေက အစာကြေညက်လွယ်စေပါတယ်။

၃။ ပဲစားတိုင်း လေပွနေရင်

ပဲအမျိုးမျိုး စားသောက်တာက လေပွစေပြီး ဝမ်းဗိုက်နာတာ ဖြစ်တတ်တာကြောင့် တချို့တွေက ပဲအမျိုးမျိုး စားသောက်မှုကို ရှောင်ရှားတတ်ကြပါတယ်။ တကယ်လို့ သင့်စားသောက်မှုမှာ ပဲအမျိုးမျိုးကို ရှောင်လိုက်ပါက အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ သံဓာတ်တွေ မရရှိနိုင်ပါဘူး။ သင်စားတဲ့ အစားအသောက်ထဲမှာ ပဲတစ်မျိုးမျိုးကို နည်းနည်းချင်း ထည့်စားဖို့ လိုပါတယ်။ တစ်ပတ်ကို အကြိမ်အနည်းငယ်လောက် စားပေးပြီး လေပွပါက ဆရာဝန် ညွှန်ကြားချက် မလိုတဲ့ အစာကြေဆေးတွေကို ဝယ်ယူ သောက်သုံး နိုင်ပါတယ်။

၎။ အရက်သောက်တတ်သူ ဖြစ်နေရင်

အရက်အနည်းငယ် သောက်သုံးတာက နှလုံးရောဂါ တိုက်ခိုက်ခံရနိုင်ခြေနဲ့ လေဖြတ်နိုင်တာကို လျှော့ချနိုင်ပါတယ်။ ဒါပေမဲ့ အသက်ကြီးလာချိန်မှာတော့ အရက်သောက်သုံးတာက သင့်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ညစာနဲ့အတူ ဝိုင်တစ်ခွက် သောက်တာ ဒါမှမဟုတ် ဘီယာတစ်ခွက်လောက် သောက်တာတောင် ညဘက် အိပ်မပျော်တာနဲ့ သွေးပေါင် တက်တာတွေ ဖြစ်စေပါတယ်။ ဆီးချိုသွေးချိုရောဂါ ရှိသူတွေမှာ သွေးတွင်း သကြားဓာတ် ကျဆင်းတာတွေ ဖြစ်စေပါတယ်။ အရက်က သင်သောက်သုံးနေရတဲ့ ဆေးဝါးတွေနဲ့လည်း ဓာတ်ပြုနိုင်တာကြောင့် အရက်သောက်တတ်ကြောင်း ဆရာဝန်ကို ပြောပြ တိုင်ပင်ဖို့တော့ လိုပါတယ်။

၅။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားတိုင်း အစာမကြေ ဖြစ်နေရင်

နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးတာက အသက်ကြီးလာချိန်မှာ အစာမကြေတာမျိုး ခံစားရတတ်ပါတယ်။ ဒီလိုဖြစ်တာကြောင့် ကယ်လ်စီယမ်နဲ့ ပရိုတင်းကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို လုံးဝရှောင်စရာတော့ မလိုပါဘူး။ အများစုက နို့နဲ့ နို့ထွက်ပစ္စည်းတွေ အနည်းငယ် စားသုံးတာကြောင့် အစာအိမ်နဲ့ ပတ်သက်တာတွေ မဖြစ်နိုင်ပါဘူး။ အဆီထုတ်ထားတဲ့ ဒိန်ချဉ်၊ ချိစ်တွေက စားသောက်ဖို့ သင့်တော်ပါတယ်။ ဒါမှမဟုတ် လက်တို့မပါဝင်တဲ့ နို့ထွက်ပစ္စည်းတွေလည်း စားသုံးနိုင်ပါတယ်။

၆။ အသားတွေ ဝါးရတာ ခက်ခဲရင်

သက်ကြီးတွေမှာ သွားမကောင်းတာကြောင့် အသားတွေဝါးရတာ ခက်ခဲတတ်ပါတယ်။ အဆီထုတ်ထားတဲ့ အသားမှာတောင် အဆီက ၁၀ ရာခိုင်နှုန်း ပါဝင်ပါသေးတယ်။ သက်ကြီးတွေအနေနဲ့ အသားဓာတ် မချို့တဲ့စေဖို့နဲ့ ဝါးရလွယ်ကူတဲ့ ငါးစားနိုင်ပါတယ်။

၇။ ဆားစားသုံးမှု များနေရင်

အသက် ၄၀ ကျော်လာပါက တစ်နေ့ကို ဆား (ဆိုဒီယမ်) ၁၅၀၀ မီလီဂရမ်ထက် ပိုမစားသင့်ဘူးလို့ CDC က ဆိုပါတယ်။ ဆားစားသုံးမှုများပါက သွေးဖိအားတက်စေပြီး နှလုံးတိုက်ခိုက်ခံရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေ များပါတယ်။ အသင့်စား အစားအစာတွေမှာ ဆားပါဝင်မှု များတတ်တာကြောင့် အသင့်စားအစားအစာတွေ ဝယ်ယူစားသုံးတဲ့အခါ ပါဝင်ပစ္စည်းမှာ ဆားပါဝင်မှု အနည်း၊ အများကို ဖတ်ကြည့်ပြီးမှ ဝယ်ယူသင့်ပါတယ်။

၈။ ပန်းဂေါ်ဖီ စားတာကြောင့် လေပွနေရင်

ပန်းဂေါ်ဖီ မျိုးရင်းဝင်တွေဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ကိုက်လန်တွေ စားသုံးတဲ့အခါ လေပွတတ်ပါသလား။ ဒီဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်စီ၊ ဘီတာကယ်ရိုတင်း၊ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်နဲ့ ဖောလိတ်တွေ များစွာပါဝင်ပါတယ်။ လေ့လာမှုတချို့မှာ ပန်းဂေါ်ဖီမျိုးရင်းဝင် ဟင်းသီးဟင်းရွက်တွေက ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးတယ်လို့ တွေ့ရှိရပါတယ်။ ဒါကြောင့် လုံးဝမစားဘဲ မနေပါနဲ့။ တစ်နေ့ကို နည်းနည်းစီ စားပေးပြီး ရေများများ သောက်ပေးပါက လေပွတာကို သက်သာစေပါတယ်။

၉။ သစ်သီးတွေ ဝါးစားဖို့ ခက်ခဲနေရင်

လတ်ဆတ်တဲ့ သစ်သီးတွေမှာ ဗီတာမင်၊ အမျှင်ဓာတ်နဲ့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်ပါတယ်။ အသက်ကြီးသူတွေမှာ သစ်သီးကို အလုံးလိုက် ကိုက်စားဖို့ အခက်အခဲရှိတဲ့အခါ မွှေစက်ထဲထည့်မွှေပြီး ဖျော်ရည် လုပ်သောက်နိုင်ပါတယ်။ သကြား ထပ်မထည့်ဘဲ သဘာဝအတိုင်း သောက်သုံးပါ။

၁ဝ။ ပဲပင်ပေါက် စားမယ်ဆိုရင်

ပဲပင်ပေါက်မှာ ဗီတာမင်ဘီအုပ်စုနဲ့ တခြား အာဟာရဓာတ်တွေ များစွာ ပါဝင်တယ်ဆိုပေမယ့် သက်ကြီးသူတွေနဲ့ ကိုယ်ခံအား နည်းသူတွေအနေနဲ့ အစိမ်းအတိုင်း မစားသုံးသင့်ပါဘူး။ ပဲပင်ပေါက်ဖောက်ရတဲ့ အနေအထားအရ ဘေးပတ်ဝန်းကျင်မှာ ဘက်တီးရီးယားပိုးတွေ များစွာ ပေါက်ပွားတတ်ပါတယ်။ ဒါကြောင့် ပဲပင်ပေါက်ကို သေချာစွာ ချက်ပြုတ်ပြီးမှသာ စားသင့်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး။:P ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညိုသလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။ 

အဲ့ဒီတော့ရုပ်ဆိုးဆိုးကြွက်နို့လေးတွေအကြောင်းကို လေ့လာကြည့်ရအောင်ပါ။ ကြွက်နို့ဟာ Human Papilloma Virus (HPV) ကြောင့် ဖြစ်တာပါ။ အဲ့ဒီအကောင်လေးတွေက ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကို ပိုမျက်စိကျတတ်တယ်နော်။ ဖြစ်လာပြီဆိုလည်း မျက်နှာလှလှလေးဆိုပြီး ချန်ထားတယ်မရှိဘူး။ တစ်ကိုယ်လုံး ပေါ်ချင်တဲ့နေရာ ပေါ်လာတတ်တာလေ။ ဒီလောက်ဆိုးတဲ့ ကြွက်နို့တွေကို နှိမ်နင်းရေးနည်းတွေ အများကြီးရှိပါတယ်။ ဆေးလိမ်း၊ ခွဲစိတ်၊ မီးရှို့ နည်းမျိုးစုံပါပဲ။ ဒါတွေကလည်း အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ သေချာလုပ်ရမှာပါ။ 

လိမ်းဆေးတွေက ပြင်းတော့ အခန့်မသင့်ရင် ဒုက္ခရောက်နိုင်တယ်။ ကိုယ့်ဟာကိုယ်ခွဲလို့မရ၊ မီးရှို့တာလဲ လူတိုင်းသိတဲ့မီးနဲ့ ရှို့တာမဟုတ်တော့လေ။ ဒီတော့ ဆရာဝန်ကြီးတွေဆီသွားဖို့ အဆင်မပြေသေးဘူးဆိုရင် အန္တရာယ်ရှိနိုင်တဲ့နည်းတွေကို ရမ်းသမ်းပြီးလက်တည့်မစမ်းဘဲ အိမ်မှာအလွယ်တကူလုပ်နိုင်တဲ့ နည်းလေးတွေကို စမ်းကြည့်ရအောင်။ 

ကြက်သွန်ဖြူ 

အနံ့ကနဲနဲဆိုးပေမဲ့ အစွမ်းထက်တယ်နော်။ ကြက်သွန်ဖြူကို ကြိတ်ချေပြီး ကြွက်နို့ပေါ် အုံလိုက်ပါ။ ပြီးတော့ ပတ်တီးစည်းရပါမယ်။ ၄ - ၅ နာရီကြာတဲ့အခါ ပတ်တီးကို ဖယ်လိုက်ပြီး ရေနွေးလေးနဲ့ ဆေးပါ။ ကြွက်နို့ပျောက်သွားတဲ့အထိ နေ့တိုင်းလုပ်ပေးရမယ်နော်။  

နာနတ်သီး 

ကြွက်နို့က နာနတ်သီးကို ကြောက်တယ်တဲ့။ နာနတ်သီးအရည်ကို ကြွက်နို့ပေါ်တို့ပြီး ရေမဆေးဘဲ ဒီတိုင်းသာ ပစ်ထားလိုက်။ ပြီးတော့ နေ့တိုင်းသာ ပုံမှန်လုပ်ပေးရင် ရက်အနည်းငယ်အတွင်းမှာပျောက်တယ်လို့ သုတေသနတွေထဲမှာ ဖော်ပြထားပါတယ်ရှင်။  

ကြက်ဆူဆီ

ကြွက်နို့ကိုတိုက်တဲ့အခါ အံ့ဖွယ်အစွမ်းထက်တဲ့ ကြက်ဆူဆီကို သုံးကြည့်ပါ။ စွမ်းပေမယ့် လွယ်တယ်နော်။ ကြက်ဆူဆီကို ကြွက်နို့ထဲစိမ့်ဝင်အောင် လိမ်းပေးရုံပါပဲ။ တရက်၂ကြိမ် လိမ်းပေးရမှာပါ။ ကြွက်နို့တွေဟာ တဖြည်းဖြည်း ခြောက်လာပြီး ပျောက်သွားပါလိမ့်မယ်။

ငှက်ပျောသီး 

ငှက်ပျောသီးကို အရေပြားပြသနာတိုင်းမှာ သုံးလို့ရတယ်နော်။ ခဲတလုံးနဲ့ငှက်နှစ်ကောင်ပစ်ဆိုသလို ကြွက်နို့တွေပျောက်စေတဲ့အပြင် တခြားအနာအဆာတွေပါပျောက်ပြီး အသားအရေပိုလှလာအောင် ငှက်ပျောသီးက အစွမ်းပြနိုင်တယ်လေ။ ငှက်ပျောသီးကို အခွံခွာပြီးရင် စားလိုက်။ နောက်တာ ဟုတ်ဘူးနော်။ ခုက အခွံကိုပဲသုံးမှာလေ။ ငှက်ပျောသီးခွံကို သေးသေးလေးဖြစ်အောင်လုပ်ပြီး ကြွက်နို့ပေါ်ကပ်၊ ပြီးတော့ ပတ်တီးထပ်ပတ်၊ ပြီးတော့ ၁၂ နာရီတစ်ခါပြန်လဲ၊ ကြွက်နို့တွေပျောက်သွားတဲ့အထိလုပ်၊ ကြွက်နို့တွေမျိုးပြုတ်ရောတဲ့။ 

လ္ဘက်ဆီ 

လ္ဘက်ဆီက ၀က်ခြံတွေကို ကောင်းကောင်းနှိမ်နင်းပေးသလို ကြွက်နို့တွေကိုလည်း ပျောက်ကင်းစေနိုင်တယ်လေ။ လ္ဘက်ဆီကို ၀ါဂွမ်းမှာဆွတ် ကြွက်နို့ပေါ်ကပ်ပြီး ပတ်တီးစီးထားဖို့ လိုပါတယ်။ ပြီးတော့ အနည်းဆုံး ၇ ရက်ထားပါ။ အရေပြားဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ နည်းလေးပါပဲ။  

သံပုရာရည် 

သံပုရာရည်ကိုလည်း အရေပြားပြသနာတော်တော်များများမှာ သုံးတယ်နော်။ ကြွက်နို့ကို နှိမ်နင်းဖို့ကတော့ သံပုရာရည်ကို ကြွက်နို့ပေါ်သုတ်လိမ်းပြီး မိနစ်၂၀ ကြာတဲ့အခါ ရေဆေးချလိုက်ရုံပါပဲ။ တစ်ရက်ကို နှစ်ကြိမ်လုပ်ပါ။ သံပုရာရည်ရဲ့ အက်ဆစ်ဓာတ်က ကြွက်နို့ကိုပျောက်စေပါတယ်။ 

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဆိုတာနဲ့ အသားအရေလှစေတဲ့အပြင် ဆေးဘက်လဲဝင်တယ်ဆိုတာ သိကြတယ်နော်။ ခုလည်း ကြွက်နို့ကို နှိမ်နင်းပေးအုံးမှာပါ။ ရှားစောင်းလက်ပတ်ထဲက ဂျလ်တွေကို ကြွက်နို့ပေါ်လိမ်းပေးရုံပါပဲ။ တရက်ကို ၃ ကြိမ်သာလုပ်ပါ။ တစ်ပတ်လောက်ကြာတဲ့အခါ သိသိသာသာ သက်သာလာမှာပါ။ 

ဆရာဝန်ဖြစ်ပြီး ဗိန္ဓောနည်းတွေပေးနေလို့ အံသြမသွားပါနဲ့အုံး။ သဘာဝဆေးဖက်ဝင်အပင်တွေကလည်း စွမ်းတာပဲ။ ရင်နှင်းတို့ကျောင်းတက်တုန်းက သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ တိုင်းရင်းဆေးကို ဘာသာရပ်တစ်ခုအနေနဲ့တောင် သင်ခဲ့ရတယ်လေ။ တကယ်က သဘာဝတရားကြီးက သူ့ရဲ့ရင်သွေးလေးတွေအတွက် လိုတာတွေ စီစဉ်ပေးပြီးသားပါ။ သဘာဝဆေးဘက်ဝင်အပင်တွေရဲ့အစွမ်းကို စမ်းကြည့်ပါဦးနော်။ 

ပလတ်စတစ်တိပ်နှင့် ကြွက်နို့
 

ရိုးရာကုထုံးကို အခြေပြုပြီး ကြွက်နို့သတ်နည်းတစ်ခုမှာ စက္ကူများတွင် ကပ်သော

တိပ်ပြားကို ကြွက်နို့ပေါ်၌အုပ်ပြီး လေလုံအောင် လေးထပ်ခန့် ခပ်တင်းတင်းလေး

ကပ်ထားပေးလျှင် ကြွက်နို့များ သေသွားနိုင်ပါသည်။
     တိပ်ပြားတစ်ကြိမ်ကပ်လျှင် ပြန်မခွာဘဲ (၆)ရက်ထားပါ။ (၇)ရက်မြောက်နေ့တွင်
ခွာကြည့်ပါ။ ကြွက်နို့သေစေပါသည်။ ဆရာဝန်များအနေဖြင့် အဘယ်ကြောင့် ဤသို့
တိပ်ကပ်ရုံမျှ ကြွက်နို့ဖြစ်စေသော ဗိုင်းရပ်ပိုးများ သေစေရပါသနည်းဆိုသည်ကို
မဖြေနိုင်သေးပါ။
အောက်စီဂျင်ဓာတ် ပြတ်လပ်သွားသောကြောင့် ဗိုင်းရပ်များ သေရသည်ဟုသာ
ယူဆထားကြပါသည်။

ဒေါက်တာအောင်နိုင်(ဆေးသုတေသန)
မြန်မာမှု နှင့် တိုင်းရင်းဆေးပညာ စာအုပ်မှ တင်ပြလိုက်ပါသည်။