Showing posts with label android error slove. Show all posts
Showing posts with label android error slove. Show all posts
Thursday, November 13, 2014
Posted by Unknown | File under :
credit to thesupernaturalmyanmar
ဒီ Post လေးဟာဖုန်းလောကထဲ ကို စတင်ဝင်ရောက် လာသူတွေလေ့လာသင့်
တဲ့ Postလေးဖြစ်ပါတယ် Brick ဖြစ်သွားတဲ့ ဖုန်းတွေကို ပြန်ပြီး Flashing လုပ်နည်းလေးပါ။ 
ဒီနည်းလေးကို သုံး ဖို့ ရန်တိကျတဲ့ Firmware တွေကိုသုံးဖို့ လိုပါတယ် ဒါမှသာ သင့်ရဲ့ဖုန်းဟာ 
သုံးစားမရအောင်ဖြစ်သွားမဲ့ အနေထားကရှောင်နိုင်အောင်လို့ ဘဲဖြစ်ပါတယ်။ ဒီလို 
ဖုန်းတွေကိုFlashing ဖြစ်အောင်ပြန်လုပ်တဲ့နည်း နှစ်ခုရှိပါတယ်။ 
    1. Card Flash ဆိုတဲ့ SD Card ထဲကို Firmware ကို Install လုပ်ပြီး သုံးတဲ့နည်းနဲ့ 
    2. Cable Flash ဆိုတဲ့ PC တို့  Laptop တို့ နဲ့ ချိတ်ဆက်ပြီးလုပ်တဲ့ နည်းတို့ ဖြစ်ပါတယ်။ 
CARD FLASH: ဒီ နည်းကိုသုံးတာက ပိုမိုလွယ်ကူစေပါတယ် သို့ သော်လည်း  SD Card ထဲကို
Firmware တွေ install လုပ်ထဲ့ထားရမှာဖြစ်ပါတယ် ဒါမှမဟုပ် Recovery Install ရှိဖို့ 
လိုပါတယ်။ ဒါက သင်ဘာကို လိုတယ် ဆိုတာအပေါ်မှာမူတည်ပါတယ်။ 
    Micro SD Card ဟာ 4 GB အနည်းဆုံးရှိရပါမယ်။
    Battery အားက 70% ထက်နည်းနေလို့ မရပါဘူး။ 
ဒီအချက်လက်တွေကိုတိကျအောင်လိုက်နာပေးပါ။
အဆင့်ဆင့် လုပ် ဆောင်မှု များ။
SD Card ထဲကို ကွန်ပျူ  တာမှနေပြီး ROM File ကို Zip ဖြည်ဘဲထဲ့ပေးပါ ဒီနေရာမှာ 
သင့်ဖုန်းနဲ့  ကိုက်ညီတဲ့ ROM ဖြစ်ဖို့ အရန်းအရေးကြီးပါတယ် သို့ မဟုပ်ပါက 
အဆင်ပြေမည်မဟုပ်ပါ။ အင်္ဂလိပ်လိုပြောရရင် Unzip မလုပ်ပါနဲ့ ပေါ့။ သင်သုံးမဲ့ SD Card ဟာ အသစ်သော်၎င်း ဒါမှမဟုပ်Format ချထားတဲ့ Card ဖြစ်ရင် ပိုကောင်းပါတယ်။  ဖုန်းကို ပိတ်ပြီး SD Card ကိုထဲ့ပေးပါ။ ပြီးရင်Recovery Mode ထဲကိုဝင်ပါ ဒီနေရာကိုဝင်ဖို့  Volume Up Key နဲ့  Power အဖွင့်ပိတ် Keyကိုတစ်ပြိုင်ထဲ ဖိထားပေးပါ Power တက်လာတဲ့အထိဖိထားပါ ထို့ နောက် အောက်ပါပုံကဲ့သို့ တွေ့ ရပါမည်။ 
ထို့ နောက် သင့်ဖုန်းက Home Key ကိုနှိပ်လိုက်ပါ အောက်ပါ ပုံကဲသို့ တွေ့ ရပါမည်။ 
ထို့ နောက်Volume Down Key ကနေဆင်းသွားပြီး Apply Update From SD-
Card ကိုရောက်င် Powerအဖွင့်ပိတ် Key ကိုနှိပ်ပေးလိုက်ပါ သူဘာသာ အလုပ်လုပ်တာတွေ့ 
ရပါမယ် ပြီးတဲ့အထိစောင့်ပေးပါ အောက်ကပုံအတိုင်းပြန် ဖြစ်သွားပါမယ် ဒီတစ်ကြိမ် Power 
Key ကို Reboot System Nowထပ်နှိပ်လိုက်ပါ ထိုအခါ သင်ထဲ့ထားတဲ့ ROM 
ခါ် Firmware မှန်ကန်ပါက ပြန်ကောင်းသွားပါမယ်။
သင်က SD Card အဟောင်းကို သုံးခဲ့ လို့ Error တက်လာခဲ့ရင် SD Card ကို Format ချ
ဘို့ မမေ့ပါနဲ့ ။
CABLE FLASH လုပ်နည်း 
ဒီနည်းကတော့ပိုပြီးခေါင်းစားပါတယ် ဒါမေမဲ့ သင့်ဖုန်းကို Upgrade လုပ်တာ
မျို  Version မြင့်တာမျိုးတွေကြတော့ ဒီနည်းနဲ့ ဘဲ လုပ်လို့ ရပါတယ် Card 
Flash နည်းကိုသုံးလို့ မရပါဘူး။ 
ဒီလိုလုပ်ဆောင်ဖို့ လိုအပ်တာတွေကတော့ 
    USB Data cable ကြိုး
    Battery Power ဟာ 70% အထက်ဖြစ်နေရပါမယ်။
    Computer (windows 7, ဖြစ်ရပါမယ် သူ့ မူရင်းရေးသူက Windows 8 နဲ့ 
မစမ်းရသေးဘူးတဲ့ ကျနော်ကတော့ Windows 8 နဲ့ လုပ်နေတာပါ)
    ZIP File ( File က တစ်ခြား ဘာသာဖြင့်ရေးထားရင် English လိုပြန်ပြောင်းပါ )
အဆင့်ဆင့် လုပ် ဆောင်မှု များ။
ဒီအဆင့်ကို လုပ်ဆောင်ဖို့  MT6575 သို့ မဟုပ် MT6577 USB Driver ကိုသင့်ရဲ့ PC 
သို့ မဟုပ်Laptop မှာ Install လုပ်ထားဖို့ လိုပါတယ်။ Dual Core Version များအတွက်တော့ 
သူ့ ထက်ဟောင်းတဲ့ Driver များကိုသုံးပေးရပါမယ်။ Driver အများအလုပ် မလုပ်ပါက 
ကွန်ပျူ တာထဲက Device Manager ထဲကိုဝင်စစ်ပြီး Update လုပ်ပေးခြင်း မရှိသေး
ါက Install လုပ်ပေးခြင်းတို့ ကို ပြု လုပ်ရပါမယ်။ Device Manager ကိုမသုံးတပ်သေးရင် ဒီ 
Post မှာလေ့လာပါ။
Flash Tool ကိုအသုံးပြု ဖို့ ရန် Version v3.1304.0.119 ဒါမှာမဟုပ် သူ့ ထက်မြင့်တာကိုသုံး
ပါFlash Tool ဟာ အလွန်ဇီဇာကြောင့်တဲ့ Tool တစ်မျိုးပါ တစ်ခါတစ် အဟောင်းက 
အသုံးဝင်တယ် တစ်ခါတစ်လေ အသစ်မှ သုံးလို့ ရတယ် ဒီတော့ Version စုံစုံလေး 
ရှိလေပိုကောင်းလေပါဘဲ ROMကို Extract လုပ်ပြီး Desktop အပေါ်မှာထားလေ 
ပိုကောင်းလေပါဘဲ ဘာဖြစ်လို့ လဲဆိုတော့ Fileလမ်းကြောင်းရှာရတာ ပိုလွယ်လို့ ပါ။ 
SP Flash Tools များကိုအောက်မှာ ဒေါင်းလုပ်ယူ ပါ။
1> SP-Flash_Tool v3.1222.00
2> SP_Flash_Tool v3.1328.0.183
3> SP-Flash-Tool v5.1352.01
မှတ်ချက်။ ။ အထက်ပါ သုံး မျိုး တွင် နံပါတ်တစ် နဲ့  နှစ်ကဒေါင်းယူလို့ မရပါ ကျနော် File များကို Google Drive 
မှာတင်ထားတာပါGoogle ရဲ့ System ပြောင်းလဲမှာကြောင့်ဟုထင်ပါသည်။ ထို Software များကို Google တွင်တင်ထားပြီးပါပြီ။  
 လုပ်ငန်းစတင်လုပ်ဆောင်ရင် ဖုန်းထဲမှ Battery နဲ့  SD Card ကိုဖြု တ်ပါ၊ ပြီးရင် မိမိ Installလုပ်ထားတဲ့ SP Flash Tool ကိုဖွင့်ပါ။ ဖွင့်ပြီးရင် “MT6577_scatter_emmc.txt” 
ကို Flash Toolထဲကိုထဲ့သွင်းပါ။ (“Samsung5410_Android_scatter_emmc”) ကို Flash 
Tool ကလက်မခံပါဘူး (“Samsung5410_Android_scatter_emmc”) ဖြစ်နေခဲ့ရင် ဆက်လုပ်လို့ ရမှာ မဟုပ်ပါဘူး သို့ သော် သင့်ဖုန်းက MT6589 သူကို “MT6589_scatter_emmc.txt” ဆိုပြီးနာမည်ပြောင်းပေးလိုက်ပါ။ ဒီ File ကိုထဲ့ပေးရမဲ့နေရာက ပုံထဲမှာ နံပါတ် 2 လို့ ပေးထားပါတယ်။ ဒီနေရာမှာ ပြောခြင်တာလေး တစ်ခုရှိတယ် ဒီ ROM တွေမတူညီလို့ ဖြစ်လာမဲ့ ပြဿ      နာကို မိမိ ဘာသာပြုလုပ်တာဖြစ်လို့  မလုပ်ကိုင်မှီသေခြာအောင် လေ့လာဖို့ ကတော့ သင့်တာဝန်သာဖြစ်ပါတယ်။ ကျနော်ကတော့ ဖုန်းတွေ ကွန်မျူ တာတွေဟာ ကျနော်သေရင် လိုက်လာမှာ မဟုပ်လို့  ဖြစ်ချင်ရဖြစ် သဘောထားပြီးစမ်းသတ်နေတာဖြစ်ပါတယ်။ 
ပြီးရင် နံပါ 4 ကိုကြည့်ပါ Firmware Update လို့ ရေးထားပါတယ် Click နှိပ်ပေးပါ။ ပြီးရင် ဘက်ထရီကိုပြန်တပ်ပါ ဖုန်း Power ကိုတော့မဖွင့်ပါနဲ့။ PC နဲ့  USB သူ့ အလိုလို ဆက်သွယ်ပါလိပ်မယ်။
Flash Tool စတင်အလုပ်လုပ်ပြီဆိုရင် အောက်မှာမြင်ရတဲ့ ပုံကဲ့သို့  အဝါရောင်တန်းလေးနဲ့  ရာခိုင်နှုံးတက်လာတာမြင်ရပါတယ်။
a2root10e
https://usmanafzal.files.wordpress.com/2013/10/a2root12e.gif?w=630&h=395
SP Flash Too သရုပ်ပြပုံကိုလည်းလေ့လာပါ။ 
Q&A  အမေး အဖြေများကိုလည်း ဖတ်ကြပါ။
Q: မေးထားတာက Flash tool error တက်ပြီး 
(“Samsung5410_Android_scatter_emmc”)
စတင်လုပ်ဆောင်မှု မရှိပါဘူးတဲ့၊  
A: ပြန်ဖြေပေးထားတာက သင့်ဖုန်းက MT6589 ဖြစ်နေရင် MT6577 ကို 
နာမည်ပြောင်းပေးပါတဲ့ ဆိုလိုတာက “MT6589_Android_scatter_emmc.txt” 
လို့ ပြောင်းရေးပေးရမယ်လို့ ပြောတာပါ။
Q: အမေးက Flash Tool စတင်လုပ်ဆောင်မှု မရှိဘူးတဲ့။ 
A: အဖြေက ကွန်ပျူ တာကို Restart ပြန်လုပ်ပါတဲ့ သို့ မဟုပ် Folder နာမည်တွေကို
 Englishပြောင်းပေးပါတဲ့။ 
Q: မေးထားတာက Firmware Upgrade ကို Click နှိပ်ပြီးပေမဲ့ ဘာမှာ ထူးခြားမှု မပြပါဘူးတဲ့။
A: ပြန်ဖြေထားတာက Driver ကိုပြန်ပြီး Install လုပ်ပေးပါ Reboot လုပ်ပေးပါ၊ USB 
Portကိုပြောင်းပေးပါတဲ့ 
Q: မေးထားတာက Flash Tool ကတော့ စတင်အလုပ် လုပ်ခြင်နေပြီး သို့ သော် ပြဿ    
  နာ ရှိနေသေးတယ်တဲ့။ 
A: ဖြေထားတာက Flash Tool ဟာ အလွန်ကထိကထများပါတယ်တဲ့ Flash Tool ရဲ့
အခြားVersion တွေကိုပြောင်းလဲ စမ်းသတ်ပါတဲ့။ နောက်ဆုံးပေါ်ဖြစ်လေ ကောင်းလေပါတဲ့ 
သို့ သော် တခါတစ်ရံ အဟောင်းတွေကို ပြောင်းရပါတယ်တဲ့။ 
Q: မေးထားတာက ရာခိုင်းနှုံး အပြည့်မတက်ဘူးတဲ့ 50 % 
နဲ့  70% လောက်သာတက်တယ်တဲ့။ 
A: ဖြေထားတာက Stop မှာ ကလစ်နှိပ်ပါ ပြီးရင် Reflash ထပ်လုပ်ပါ ဒီအတွက်သင့် 
ဖုန်း Brickမဖြစ်နိုင်ပါဘူးတဲ့။ ဘက်ထရီကိုအားကောင်းအောင်ဖြည့်ထားပေးဖို့ တော့လို
ပါတယ်တဲ့။ 
Q: မေးထားတာက Reboot လုပ်ပြီးပေမဲ့ ဘာမှ အလုပ် မလုပ်ပါဘူးတဲ့။ 
A: ဖြေထားတာက သုံး မီးနစ်လောက်စောင့်ပါတဲ့ ဒါမှမဟုပ် ဘက်ထရီကိုဖြုတ်ပြီး ပြန်တပ်ပါ 
ဒါမှ မရသေးရင် Reflash ထပ်လုပ်ပါတဲ့။ 
Q: မေးထားတာက Scatter File ဆိုတာဘာလဲတဲ့။ 
A: အဖြေက အောက်ကပုံကိုကြည့်ပါတဲ့။ ( ဟီး တော်တော်ကောင်းတဲ့ အဖြေ ပုံ
နဲ့ ကိုပြထားပေးတယ် )
Q: မေးထားတာက ROM ဆိုတာဘာလဲတဲ့ ။
A: အဖြေက အောက်ပုံကိုကြည့်ပါတဲ့။  
Thursday, February 27, 2014
Posted by Unknown | File under : ,
Sony ဖုန်းများတွင် externel မန်မိုရီိကို Internel မန်မိုရီအဖြစ်ပြောင်းလဲနည်း
Application Games များ Data များ..များများထည့်သွင်းနိုင်ရန
ကျတော်..အသစ်အစမ်းလေးမတင်တာကြာတော့ ဒီတစ်ခါ တစ်ခုလောက်တင်ပေးမယ်နော်..အခု
တင်ပေးမှာပါ Sony ဖုန်းတွေမှာ Internel မန်မိုရီနဲတဲ့ ပြဿာနာကို ဖြေရှင်းနည်းလေးပါ..ကျတော်ကိုတိုင် 
စမ်းထားတာပါ..သိပြီးသားသူတွေရှိနေရင်လဲ..ခွင့်လွတ်ပါဗျာ..ကဲ့.ပြောကြည်မယ်နော်.. 
sony ဖုန်းတွေမှာ Internel မန်မိုရီနည်းနေတဲ့သူများ..အတွက် Externel မန်မိုရီကို Internel 
မန်မိုရီအဖြစ်ပြောင်းလဲ..အသုံးပြုနည်းလေးပါ လုပ်ရမှာ..လွယ်..
မပြောင်းလဲခင်မှာ မိမိဖုန်းဟာ Root ဖောက်ထားရပါ့မယ်.. Root Explorer ရှိပါ့မယ်..
ကဲစ မယ်နော်..
အရင်းဆုံး Root Explorer ကိုဖွင့်ပါ
Root explorer ထဲက system /etc ဖိုင်ထဲကိုဝင်ပေးပါ
etc ဖိုင်ထဲက vold.fstab ဖိုင်လေးကိုရှာပါ(အရင်းဆုံး Backup) လုပ်ထားပါ သတိသည် 
ပိုသည်လိုသည်မရှီိ..........................
vold.fstab ဖိုင်ကိုတွေ့ပြီဆိုရင် Open with Edit Text သို့မဟုတ် Notepad နဲ့ဖွင့်လိုက်ပါ
ဟိုအောက်ဆုံးမှာ..အောက်ပါစာကြောင်းတွေကိုတွေ့ရပါလိမ့်မယ်..
#MTD-BSP-LC-uSD_and_eMMC_coexistence-00 *[
dev_mount ext_card /mnt/ext_card auto /devices/platform/msm_sdcc.1/mmc_host
dev_mount sdcard /mnt/sdcard 16 /devices/platform/msm_sdcc.3/mmc_host/mmc0
#MTD-BSP-LC-uSD_and_eMMC_coexistence-00 *]
Devices တစ်လုံးနဲ့တစ်လုံးမတူကြပါဘူး.စာသားချင်း..အဲ့တော့ အောက်ဆုံးအပိုက်လို့မှတ်ထားပေးပါ # 
နဲ့စတဲ့စာပိုက်လို့မှတ်ထားပေးလိုက်ပါ..ဒါအလွယ်ဆုံးပြောပြတာပါ..
ကဲပြောင်ကြရအောင်
ပြောင်းလဲပြုပြင်ထားသောအပိုက် (မှတ်ချက်..ဘယ်နေရာပြောင်းလဲသွားတယ်ဆိုတာသေချာကြည့်ပေးပါ)
#MTD-BSP-LC-uSD_and_eMMC_coexistence-00 *[
dev_mount ext_card /mnt/sdcard auto /devices/platform/msm_sdcc.1/mmc_host
dev_mount sdcard /mnt/ext_card 16 /devices/platform/msm_sdcc.3/mmc_host/mmc0
#MTD-BSP-LC-uSD_and_eMMC_coexistence-00 *]
ပြောင်းလဲသွားသောစာသားမှာ ext_sdcard နေရာမှာ sdcard auto လို့ပြောင်းလဲသွားတာပါ။
sdcard 16 နေရာမှာ ext_sdcard 16 ဆိုပြီးပြောင်းလဲသွားတာပါ။
အဲ့လိုပြောင်လဲသွားပြီးပြီဆိုရင်တော့ save မှတ်လိုက်ပါ
အရေးကြီးတာတစ်ခုလုပ်ရပါအုံးမယ် permissions ပေးရပါလိမ့်မယ် အဲ့ဒီ save မှတ်ထားတဲ့ Vold.fstab 
ဖိုင်လေးကိုဖိထားလိုက်ပါ permissions ဆိုတာလေးကိုရွေးပေးလိုက်ပါ အဲဒီမှာ 
အကုန်သာအမှန်ခြစ်ပေးလိုက်ပါ 0K ရွေးပေးလိုက်ပါ.
ကဲ့..ပြီးသွားပြီ ဆိုရင်တော့
ဖုန်းကို Reboot ချလိုက်ပါ ပြန်တက်လာပြီးဆိုရင်တော့..မိမိတို့ဖုန်းလေးဟာ ဖုန်းမှာပါတဲ့ မန်မိုရီဟာ 
externel အဖြစ်ပြောင်းသွားပြီး..Externel မန်မိုရီလေးဟာ Internel မန်မိရီအဖြစ်ပြောင်းလဲပိုင်ဆိုင
သွားပါပြီ..
ပြန်ချိန်းချင်တယ်ဆို ကျနော်..ပြောတဲ့နေရာလေးတွေမှာ.
ပြောင်းပြန် 
ပြန်ပြောင်းပေးလိုက်ရင်ရပါပြီ
ဟိန်းသူ(MMUG)
Sunday, February 23, 2014
Posted by Unknown | File under :
2.3 တွေတော့မမှတ်မိတော့ဘူးဗျ 4.0 နဲ့ အထက်ဖုန်းတွေကိုင်တဲ့သူတိုင်း ကြုံရမဲ့အဖြစ်ကလေးနဲ့ ဖြေရှင်းရမဲ့နည်းလမ်းလေးတွေ ပြောပြချင်ပါတယ် အဲဒါကတော့ sd ကဒ်ထဲမှာ ကိုယ်က data တွေကို 2 Gb လောက်ပဲထည့်ထားပေမယ့် 4 Gb sdကဒ် တစ်ခုလုံးပြည့်လုနီးပါးဖြစ်နေတာ ပြောရရင် dcim folder ထဲက .thumbnail folder ဖိုင်ဆိုဒ်တအားကြီးလာတာကိုပြောတာပါ အများအားဖြင့်တော့ photo, video တွေအထည့်မျာ gallery အကြည့်များတဲ့သူတွေမှာ ဖြစ်တတ်ပါတယ် ကျွန်တော်ဆိုရင် 16 Gb sd ကဒ်ကိုသုံးပါတယ် သူငယ်ချင်းတွေကို စဖို့နောက်ဖို့ photo coment တွေက ပုံပေါင်း 1000 ကျော်လောက် ဒေါင်းထားတဲ့ video တွေက 300 လောက်ဆိုတော့ data တွေက စုစုပေါင်း 6 Gb လောက်သုံးထားတယ် ခင်ဗျ ဖုန်းကိုသုံးပြီးလို့ နာရီပိုင်းလောက် ကြာလို့ storage ကိုကြည့်လိုက်ရင် ပြည့်လုလုဖြစ်ပြီး အပိုက 8Gb လောက်ဖြစ်သွားတယ် အဲဒါနဲ့ thumb တွေကိုရှာဖျက် ပြီးပြန်တက်နဲ့ သံသရာလည်နေတော့ မဖြစ်တော့ဘူးဆိုပြီး android forum တွေလိုက်မွှေတော့ ကိုယ်လိုလူတွေအများကြီးတွေ့တယ်ဗျ နည်းလမ်းကလည်းအစုံဗျ သူငယ်ချင်းတစ်ယောက်က nomedia folder ဆောက်ဆိုလို့စမ်းကြည့်တယ် မရဘူး တစ်ယောက်က nomedia က folder မလုပ်ရဘူး file အသစ်တောင်းပြီး name ပြောင်းပေးရမှာဆိုလို့ လုပ်ကြည့်လဲ မရ ပြန်ပြီး တက်တာပဲ နောက်ဆုံးတော့ အဆင်ပြေတဲ့နည်းလေးတွေ့တယ်ဗျ အဲ့ဒါကတော့ root explorer နောက်ဆုံး ဘားရှင်းလေးကိုသုံးပြီး ဖြေရှင်းတဲ့နည်းပါ ပထမဆုံး setting > manange app> all tab ကိုသွားပြီး gallery နဲ့ media storage app နှစ်ခု ကို clear data နဲ့ force stop လုပ်ပေးပြီး ဖုန်းကို reboot ချပါ ပြန်တက်လာရင် rootexplorer apk ကနေ sd card > dcim> .thumbnail folder ထဲဝင်ပါ အဲ့ထဲမှာ ဖိုင်ဆိုဒ်ကြီးတဲ့ thumbnail တစ်ဖိုင်ဒါမှမဟုတ် နှစ်ဖိုင် (အများအားဖြင့် .thumbdata3-19672902099) နဲ့ ပုံလေးတွေတွေ့ပါလိမ့်မယ် အဲဒီ thumb ဖိုင်လေးရဲ့ name ကို သေသေချာချာ ကြည့်ပြီး စာရွက်ပေါ်မှာကူးရေးထားပါ ဒါမှမဟုတ် ဖိထားပြီး rename နှိပ်လိုက်ပြီး name ကို copy ယူထားပါ ပြီးရင် ဖိုဒါထဲမှာ ရှိတဲ့ ဖိုင်တွေအကုန်ဖျက်ပါ ဖျက်ပြီးမှ rootexplorer ရဲ့အောက်ခြေက အပေါင်းသင်္ကေတလေး ကိုနှိပ်ပြီး file ကိုရွေးပါ ခုနက မှတ်ခဲ့တဲ့ name ကိုပေးပါ အဲဒါဆို ကိုယ့်ဟာကိုယ် တည်ဆောက်ထားတဲ့ thumb ဖိုင်လေးနဲ့ အစားထိုးပြီးဖြစ်ပါတယ် ပြီးရင် ဖုန်းကို reboot ချ လိုက်ပါ gallery ထဲဝင်ကြည့်ပါ ပုံတွေကိုစစ်ကြည့်ပါ မပေါ်သေးရင်စောင့်ရပါမယ် တခါတလေ တော်တော်ကြာတတ်တယ် data အနည်းအများပေါ်မူတည်ပါတယ် storage ကိုလည်းစစ်ထားပါ ပြီးရင်ဖုန်းကိုပုံမှန်သုံးလို့ရပါပြီ အဓိပ္ပါယ်ကတော့ သူ့ဟာသူ တက်တဲ့ thumb ဖိုင်နေရာမှာ ကိုယ်တိုင်တည်ဆောက်တဲ့ thumb ဖိုင်ကိုအစားထိုးလိုက်တာပါ အဲဒါကတော့ android forum ရှာပြီးကျွန်တော် သုံးလို့အဆင်ပြေတဲ့နည်းလေးကိုဝေမျှလိုက်တာပါ 
Download Here 
Root Explorer - screenshot
Root Explorer - screenshot
Root Explorer - screenshot
Root Explorer - screenshot
Root Explorer - screenshot
Root Explorer - screenshot
Saturday, February 22, 2014
ဟုတ်ကဲ့ ကျွန်တော် တို့ ခုနောက်ပိုင်းတော်တော်များများ V root one click tool ကိုအသုံးပြုပြီး root ဖောက်လာကြတာတော်တော်များများတွေ့ရလေ့ရှိပါတယ်။Root ဖောက်လိုက်ရင် ပေါ်လာတဲ့ vroot super user  icon ဆိုတာလေး ကိုမကြိုက်တဲ့သူများ change ချင်တဲ့သူများ အတွက် ဖော်ပြပေးလိုက်ပါတယ်။ လုပ်ပုံလုပ်နည်းကို အောက်ပါအတိုင်းလုပ်ဆောင်ပါ။ Root ဖောက်ထားပြီးမှ လုပ်ရမှာပါ။
အရင်ဆုံးလိုအပ်တဲ့ ဖိုင်လေး နှစ်ဖိုင်ကိုဒေါင်းလိုက်ပါ။
Replace_VRoot_With_SuperSU.zip
Terminal emulator app
အကုန်လုံးဒေါင်းပြီးသွားရင်တော့ စလုပ်ပါတော့မယ်။
ဒေါင်းလို့ ရလာတဲ့ဖိုင်ထဲက replace Vroot with superSu.zip ဖိုင်လေးကိုဖြည်လိုက်ပါ။အဲ့မှာ mrw ဆိုတဲ့ဖိုင်လေးကိုတွေ့ရပါလိမ့်မယ်။အဲ့ mrw ဖိုင်လေးကို ဖုန်းရဲ့ internal storage ထဲထည့်လိုက်ပါ။
ပြီးသွားပြီဆိုရင် စောနက ဒေါင်းထားတဲ့ထဲက Terminal emulator app ဆိုတာကို ဖုန်းထဲကို install လုပ်ပေးထားလိုက်ပါ။ပြီးသွားပြီဆိုရင် mrw file ကိုဖွင့်ပြီးပြန်စစ်ကြည့်ပါ။အနည်းဆုံး ဖိုင်က (၅) ဖိုင်ရှိရပါမယ်။ အိုကေ အကုန် အဆင်သင့်ဖြစ်ပြီဆိုရင် စလိုက်ကြရအောင် 
အရင်ဆုံး Terminal emulator apk ကိုဖွင့်လိုက်ပါ။ 
ဖွင့်ပြီးသွားပြီဆိုရင် အဲ့မှာ ပေါ်လာတဲ့ window 1 မှာ 
Su  ဆိုတာလေးကို ရိုက်ထည့်ပေးလိုက်ပါ။
  • Allow root permission ဆိုတာလေးတက်လာရင် allow ပေးလိုက်ပါ။ နောက်တစ်ကြောင်းမှာ
sh /sdcard/mrw/root.sh  ဆိုတာလေးကိုထပ်ရိုက်ပေးလိုက်ပါ။
ဘာပဲပေါ်လာပေါ်လာ မစိုးရိမ်ပါနဲ့ ဖုန်းက သူ့ဘာသူ reboot ကျသွားပါလိမ့်မယ်။ပြန်တက်လာပြီဆိုရင်တော့ ဖုန်းရဲ့ 
vroot superuser icon နေရာမှာ SuperSu ဆိုတာလေးနဲ့လန်းနေတာကိုတွေ့ရပါလိမ့်မယ်။ကျွန်တော် 
samsung S 3 နဲ့   Samsung Tablet P3110  မှာစမ်းထားပြီးပါပြီ 
အဆင်ပြေပါတယ်။အလုံးတိုင်းရမယ်လို့မဆိုလိုပါဘူး။ 
အောက်မှာ လုပ်ပုံလုပ်နည်းကို video နဲ့ ကြည့်ချင်ရင် အောက်ကလင့်ကနေ ကြည့်နိုင်ပါတယ်။
http://www.youtube.com/watch?v=crLvs8ec0FE