Showing posts with label ပရဟိတဆိုင်ရာ. Show all posts
Showing posts with label ပရဟိတဆိုင်ရာ. Show all posts

Thursday, January 30, 2014

Posted by Unknown | File under :

အကြောင်းအမျိုးမျိုး နဲ့ လမ်းပေါ်ရောက်နေရှာတဲ့
ကလေးငယ်တွေကို လှူဒါန်းတဲ့ အခါ တချို့ ကလေးတွေက
မယုံကြည်တဲ့ မျက်လုံးနဲ့ သေချာကြည့်တယ်..။
တကယ်ပေးနေတာ သိသွားတော့ ကြည်နူးစွာ ပေါ်လာတဲ့ အပြုံးကို တွေ့ ရတယ်..။

တချို့ ကလေးက ငိုမဲ့မဲ့လေး ဖြစ်သွားတယ်..။
ပိုက်ဆံတစ်ရာက လွဲရင် သူ့ ကို ဘာမှ မပေးပါနဲ့ ဆိုတဲ့ ကလေးကိုလဲ တွေ့ ခဲ့ရတယ်..။ အကျီ င်္ဝတ်ပြီးတော့မှ ဘာကို သတိရပြီး နာကျည်းသွားတာလဲ မသိဘူး..
ကျွန်တော် မ၀တ်တော့ဘူးတဲ့..။ သူ ဘယ်သူကို စိတ်နာနေလဲ ...။
အတတ်နိုင်ဆုံး ဖေးမပေမယ့် သူ့ နာကျည်းချက်ကို
နားလည်စွာ ထွက်ပေါက်ပေးခဲ့ရတယ်..။

ရင်ထဲမှာ ထိခိုက်ရဆုံးက သားသည်မိခင်တချို့ ရဲ့ မျက်ရည်ပါ...။
စီးပွားဖြစ် တောင်းစားနေ သူ တွေ ရှိပေမယ့်
တကယ်ဒုက္ခရောက်တဲ့ မိခင်တွေ ကျတော့
ကလေးကိုယ်ပေါ် အကျီ င်္လေး လွှမ်းတင်ပေးလိုက်တဲ့ ခဏမှာဘဲ
သူ့ မျက်ရည်စို့ တက်လာတာကို မြင်ရတယ်..။

သူ တို့ သားအမိကို ဘယ်သူက ပစ်ခွာခဲ့သလဲ...။
အပြစ်မရှိတဲ့ လသားအရွယ် နဲ့  မိခင်တစ်ယောက် အကြောင်းမရှိဘဲနဲ့ တော့
လမ်းဘေးမှာ ထိုင်နေမှာ မဟုတ်ပါဘူး.လေ..။

အမှန်အတိုင်းပြောရရင် သူတို့ မျက်လုံးကို သေချာမကြည့်ရဲ ဘူး..။
မျက်ရည်စို့ နေတဲ့ နေရာလေးကနေ မျက်ရည်တစ်ပေါက် ဖြစ်လာခဲ့ရင်
သူတို့ ကို နှစ်သိမ့်ဖို့  မတတ်စွမ်းပါဘူး..။
စကားတွေ အဆင်သင့် မဖြစ်ဘူး..။
တတ်စွမ်းသရွေ့ လုပ်ဖြစ်တဲ့ အလှူလေးတစ်ခုက
သူ့ အတွက် ခဏတာ ပျော်ရွှင်ခွင့် ကြုံရရင် အလှူပြီးမြောက်ပြီပေါ့..။
သူတို့ အားလုံး ပြုံးပျော်နိုင်ပါစေလို့ သာ ဆုတောင်းမိတော့တယ်...

Build the Children with Education for the best of Future.




















- Phoe Zaw

https://www.facebook.com/media/set/?set=a.207186879481592.1073742095.179651852235095&type=1