Showing posts with label Funny Note. Show all posts
Showing posts with label Funny Note. Show all posts

Wednesday, June 25, 2014

Posted by Unknown | File under : ,

ဖောက်ထွင်းခဲ့သည့် အိမ်ရှိ ကွန်ပျူတာတွင် Facebook သုံးခဲ့သော ဖောက်ထွင်းရေးသမား ဖမ်းဆီးခံရ

Wed, 06/25/2014 - 11:49
မင်နက်ဆိုတာပြည်နယ်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း ဖောက်ထွင်းခဲ့သည့် အိမ်တွင် Facebook အသုံးပြုပြီး log out မလုပ်ခဲ့သောကြောင့် ရဲအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

နီကိုလပ်စ်ဝစ်ခ်ျဟုခေါ်သည့် ဖောက်ထွင်းရေးသမားသည် ဇွန်လ ၁၉ ရက်က စိန့်ပေါလ်တောင်ဘက်ရှိ နေအိမ်တစ်အိမ်တွင် ဖောက်ထွင်းမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး ၎င်းနေအိမ်ရှိ ကွန်ပျူတာတွင် Facebook အသုံးပြုခဲ့ကြောင်း၊ သို့သော်လည်း log out ပြုလုပ်ရန် မေ့လျော့သွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ထို့နောက်တွင် အိမ်ပိုင်ရှင် ဂျိမ်းစ်ဝုဒ်က ၎င်း၏အိမ် ဖောက်ထွင်းခံရကြောင်းကို သတိပြုမိပြီး နေအိမ်မှ ငွေသားများအပြင် အကြွေးဝယ်ကတ်များနှင့် နာရီတစ်လုံး ပျောက်ဆုံးခဲ့ကာ ဂျင်းဘောင်းဘီတစ်စုံ၊ ခါးပတ်တစ်ခုနှင့် Nike တင်းနစ်ဖိနပ်အချို့ကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းအပြင် ကွန်ပျူတာ၌ Facebook page တစ်ခု ဖွင့်ထားသည်ကို သတိပြုမိပြီးနောက် ရဲများထံ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


မစ္စတာဝုဒ်က ဝစ်ခ်ျသည် သူခိုးတစ်ယောက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ၎င်း၏ ဖုန်းနံပါတ်ကို ဝေမျှကာ အချက်အလက်များကို တောင်းဆိုခဲ့သည်။ ညနေပိုင်းတွင် မစ္စတာဝုဒ်သည် ဝစ်ခ်ျထံမှ message တစ်စောင်ကို ရရှိခဲ့ပြီး အိမ်တွင် ကျန်ခဲ့သည့် ပစ္စည်းများကို ပြန်ပေးရန် အတွက် ချိန်းဆိုခဲ့ကာ ဖောက်ထွင်းရေးသမားက ကျန်ခဲ့သည့် ပစ္စည်းများကို ပြန်လာယူချိန်တွင် ၉၁၁ ကို ဖုန်းဆက်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရဲများက ဝစ်ခ်ျကို ဖမ်းဆီးချိန်တွင် ၎င်းသည် မိမိ၏ နာရီကို ဝတ်ဆင်ထားကြောင်းနှင့် အဆိုပါ ဖောက်ထွင်းရေးသမားသည် ကမ္ဘာပေါ်တွင် အတုံးဆုံး ဒုစရိုက်သမား ဖြစ်ကြောင်း မစ္စတာဝုဒ်က ပြောကြားခဲ့သည်။

ဝစ်ခ်ျသည် အဆိုပါ ဖောက်ထွင်းမှုကြောင့် ထောင်ဒဏ် ၁၀ နှစ်အပြင် ဒဏ်ကြေး ဒေါ်လာ ၂၀,၀၀၀ ပြစ်ဒဏ်ချမှတ်ခံရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။

Thursday, February 13, 2014

Posted by Unknown | File under :

သမီး။   ။ "မေမေရေ၊ ထမင်းလည်း ကျက်၊ ဟင်းလည်း ကျက်ပြီ၊ ပွဲပြင်ပြီး ဦးဦးဖျားဖျား တင်လိုက်တော့မယ်နော်။"
အမေ။  ။ "အေးကွယ်၊ သောက်တော်ရေလဲပြီး ဆီမီးလည်း ထွန်းလိုက်ဦး၊ သာဓုကွယ် သာဓု သာဓု။"
သမီး။   ။ "ဟင်…မေမေကလည်း ဘာတွေ လာပြောနေတာလဲ၊ ဟင်းပွဲတွေကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် တင်မလို့ ပြောနေတာ၊ မြန်မြန်လုပ်မှ၊ တော်ကြာ ဟိုကောင်မတွေ ဦးသွားလိမ့်မယ်။"

စက္ကန့် ၃၀ ကြာသောအခါ… ဖေ့စ်ဘွတ်ခ်ပေါ်တွင်….
မယ်ကမ္ဘာကြွားစိန်။       ။ "ဒီတစ်ခါတော့ တစ်နေ့တစ်လေ ချွေတာပြီး ဒီဟင်းလေးပဲ ချက်လိုက်တယ်၊ စားကြပါဦး သယ်ရင်းတို့…" (အညဲတမ်း ဂျေဝင်နေတဲ့ ကောင်မတေ မှတ်ကရော ဒန်တန့်ဒန်...)
ဂျေသခင်မ။      ။ "အို သွတ်ပြားတို့လည်း တစ်ခါတစ်ရံ ဒီလို ဟင်းမကောင်းပေမယ့် ကြိတ်မှတ် မျိုချရတာပဲေိေိေိ" (တေနာမ… ပုစွန်တုပ်ဟင်းချက်ပြီး လာကြွားနေတယ်)
ဖွတ်မင်းသားမွဲပြာ။။ "ဟာ… ကြည့်ပါဦး ဂွတ်ဒ်ရှယ်ပဲဟေ့ Like Like Like " (တူညား ဗိုက်ချာနေရတဲ့အထဲ တေဂျင်းဇိုးမက ဟင်းကောင်းတွေ လာပြနေတယ်၊ ဒဂယ် စားရတာလဲ ဝုတ်ဖူး… )
ကိုကိုဖွန်ကြောင်။          ။ "ညလေးရယ်… ရုပ်ကလေးက မင်းသမီးရှုံးအောင် ချောသလို ဟင်းချက်လည်း တော်လိုက်တာနော်" (ကိုရီးယားမင်းသမီးပုံကို ပရိုဖိုင်းတင်ထားတဲ့ ဟာမ၊ ဒီပုံလည်း ဘယ်က မ လာတယ် တိဝူး… လေတယ်ကွာ၊ အို ဘာဖြစ်ဖြစ် ကျူရမှာ ကိုယ့်တာဝန်ပဲ ငဲငဲငဲ)
အန်တီလက်မနှေး။        ။ "ဟယ် အတော်ပဲ၊ အခု သမီးတို့ ရပ်ကွက်နားမှာ ရောက်နေတယ်၊ ကြုံတုန်း ဝင်ပြီး သမီးလက်ရာကို အားပေးရမှာပေါ့ " (သွားရမယ့် ခရီးစရိတ်နဲ့ တွက်လိုက်ရင် သူ့ပုစွန်ဟင်းက တန်ပါတယ်လေ၊ မြန်မြန်အဝတ်လဲမှ)
မယ်ကမ္ဘာကြွားစိန်။       ။ "ဟော.. အခုပဲ သမီးတို့ ထမင်းဝိုင်း လက်စသတ်တယ်၊ ဆေးစရာ အိုးပဲ ကျန်တယ် အန်တီရေ… ဒီလိုမှန်း သိရင် အန်တီ့အတွက် ချန်ထားပါတယ်…အဟင့်" (ဘာရမလဲ… ဒီဘွားတော် လာရင် အပီဆွဲမှာ သိနေတယ်လေ… ငင်းငင်းငင်း…)
(Facebook ပေါ်မှာ ဒီလိုပဲ ရှိတယ်။ ကြိုက်ရင် Like ကောင်းရင် Share နော်)

Sunday, February 9, 2014

Posted by Unknown | File under :

 အမျိုးသားများနှင့် အမျိုးသမီးများ၏ ကွာခြားချက်

၁။အမျိုးသမီးများမှာ အမျိုးသားများထက် အကွက် ကြိုမြင်ကြသည်။


အမျိုးသားများမှာ ထိုအချက်ကို ကြိုသိထား၍ အမျိုးသမီးများကို တစ်ပတ်ရိုက်ကြကုန်၏။

၂။အမျိုးသမီးများ၌ အမှားများစွာ ရှိသည်။


အမျိုးသားများ၌မူ အမှားနှစ်ခုသာရှိသည်။


ယင်းတို့မှာ ထင်ရာစွတ်ပြောခြင်းနှင့် ထင်ရာစွတ်လုပ်တတ်ခြင်း ဖြစ်သည်။

၃။မိန်းမများ ဖြုန်းနိုင်သည့် ငွေ ပမာဏထက် ဝင်ငွေ ပိုရှာပြနိုင်သူမှာ အာဂ ယောကျာ်း မည်၏။


ထိုယောကျာ်းကို ရအောင် ယူနိုင်သူကား အာဂမိန်းမပင် ဖြစ်၏။

၎။အမျိုးသားများမှာ အမျိုးသမီး တစ်ဦးဦး၏ အချစ်ဦး ဖြစ်လိုကြသည်။


အမျိုးသမီးများမှာမူ အမျိုးသား တစ်ဦးဦး၏ နောက်ဆုံးချစ်သူ သာ ဖြစ်လိုကြ၏။

၅။အမျိုးသားများမှာ အချစ်ဦး မဖြစ်ရသည့်တိုင် စိတ်ပျက်စရာ မလိုပေ။ ပထမဆုံးသော တရားဝင် 


ခင်ပွန်းသည် ဖြစ်ခွင့်ရှိ နိုင်ပါသည်။အမျိုးသမီးများမှာလည်း နောက်ဆုံးချစ်သူ မဖြစ်ရ၍လည်း 

ဝမ်းမနည်းသင့် ပေ။ နောက်ဆုံးမိန်းမ ဖြစ်ရခြင်း ကပင်ကံကောင်းလွန်း နေပြီ ဖြစ်သည်။

၆။မိန်းမတစ်ဦးမှာ ယောကျာ်းက ၎င်းကို ချစ်နေရန်သာ လိုလားသည်။ ၎င်းအား နားလည်မှု့ ပေးခြင်းကိုမူ 


မလိုလား။ယောကျာ်းတစ်ဦးမှာ မိန်းမတစ်ဦးက ၎င်းကို ချစ်နေမည်ထက် နားလည်ပေးမည်ကိုသာ ပို၍ 

လိုလားသည်။

၇။မိန်းမက နည်းနည်းသာချစ်ပြီး နားလည်မှု့ များများပေးမည် ဆိုလျှင် ယောကျာ်းက ကျေနပ်သည်။


ယောက်ကျာ်းက နားလည်မှု့ နည်းနည်းပေးပြီး များများချစ်လျှင် မိန်းမက ကျေနပ်သည်။

၈။မိန်းမများသည် အပြောင်းအလဲ လုပ်လို၍ လက်ထပ်ကြခြင်းဖြစ်သည်။


ယောကျာ်းများမှာ ဘာများ ပြောင်းလဲမည်နည်းဟု မျှော်လင့်၍ လက်ထပ်ကြခြင်း ဖြစ်သည်။


လက်ထပ်ပြီးနောက် ဘာမှ မထူးမှန်း သိကြကုန်၏။



အနှစ်ချုပ်


-------------

လက်ထပ်ပြီး ယောကျာ်းများမှာ လက်မထပ်ရသေးသော ယောကျာ်းများထက် အသက်ပို ရှည်ကြသည်။


သေချင်စိတ်လည်း ပိုများ ကြလေ၏။ ခဏမကြာဆိုသလိုလည်း နောင်တ များစွာရရှိပြီး 

လက်မထပ်ရသေးသော သူများအား အဝီစိသို့ သွားရာလမ်းပမာ လက်မထပ်ရန် တားမြစ်ကြကုန်၏။