Showing posts with label mobile Hardware knowledge. Show all posts
Showing posts with label mobile Hardware knowledge. Show all posts

Tuesday, February 3, 2015

Posted by Unknown | File under :

ဖုန်းတစ်လုံးရဲ့ Powersection ပိုင်းမှာပါဝင်တဲ့ components လေးတွေရဲ့အခေါ်အဝေါ်နဲ့ ပါင်းစပ်အလုပ်လုပ်ပုံ။ဖြစ်တတ်တဲ့ error များနဲ့ ပြုပြင်ပုံတို့ ကိုအခုမှစတင်လေ့လာနေတဲ့ညီငယ်
များပါနားလည်သဘောပေါက်အောင်၊ပုံလေးတွေနဲ့ တကွရှင်းပြပေးထားပါတယ်။ကျွန်တော့်ရဲ့
သင်ဆရာများဖြစ်ကြတဲ့ အခြေခံ electronic ပညာကိုသင်ပေးတဲ့ဆရာကြီးဦးသန်းဆင့်
ဆရာကြီးဦးထိန်ဝင်းနဲ့ ဖုန်း hardware ပိုင်းကိုသင်ပေးခဲ့တဲ့ ဆရာကိုထွန်း၊ဆရာချစ် နဲ့ မြင်ဆရာများ
ဖြစ်ကြတဲ့ဆရာဦးမောင်နိင်၊ဆရာကိုစိုင်း၊နဲ့ ကိုစိုးမြင့်သူသူငယ်ချင်းဆရာများကိုဒီဆောင်းပါးလေးနဲ့ 
ဂါရ၀ပြုလိုက်ပါတယ်။
တကယ်တော့ electronic နယ်ပယ်မှာ smartphone ဆိုတာ နည်းပညာအမြင့်ဆုံး electronic device
လို့ ပြောရင်ရပါတယ်။ဒီလို အဆင့်မြင့်နည်းပညာတစ်ခုကိုအခြေံအဆင့်မီတာတိုင်းနည်းတောင်မသိသေး
တဲ့ညီငယ်တွေအတွက်အရာရာဟာေ၀၀ါးနေမှာအမှန်ပါပဲ။ဒါပေမယ့်ဘာမှအားမငယ်ပါနဲ့ ညီလေးတို့ ၊
ဇွဲရှိရှိနဲ့ ကြိုးစားအားထုတ်ဖို့ ပဲလိုပါတယ်။အဆင်ပြေရင်တော့အခြေခံပိုင်းပါပေါင်းစပ်သင်ပေးတဲ့
သင်တန်းတွေကိုမေးမြန်းပြီးတက်ပေါ့။
ဖုန်းတစ်လုံးရဲ့ power ပိုင်းမှာပါဝင်တဲ့ပစ္စည်းလေးတွေက

(၁)  capacitor အ၀ါရောင်နဲ့ အညိုရောင်အတုံးလေးတွေပါ။သူတို့ က ပတ်လမ်းမှာလိုအပ်တဲ့
dc volt ကိုတည်ငြိမ်မှုရှိအောင်ပြုလုပ်ပေးပါတယ်။ dc လျှပ်စီးကြောင်းမှာရော ယှက်ပါလာတဲ့
ac လှိုင်းအနှောက်အယှက်တွေကိုလဲဖယ်ရှားစစ်ထုပ်ပေးပါတယ်။ဒါကတော့ capacitor လေးတွေရဲ့
ပုံပါ။

smd-capacitor1

ဒီကောင်လေးတွေထဲက တစ်ချို့  capacitor လေးတွေဟာဒီစီဗို့ လိုင်းရဲ့ အပေါင်းနဲ့ အနှုတ်ကိုခွပြီး

တပ်ထားပါတယ်၊တစ်ခါတစ်ရံမှာ ဒီကောင်လေးတွေရှော့ဖြစ်ပြီး
ဖုန်းပါဝါသေတဲ့ပြစ်ချက်မျိုးတွေကြုံရပါတယ်။
IMG_6429
ဒီပုံမှာဆိုရင်မျှားအနီရောင်လေးပြထားတဲ့ capacitor လေးရှော့ဖြစ်ပြီးပါဝါသေနေတာပါ၊
power supply နဲ့ ချိတ်လိုက်ရင်အမ်ပီယာအဆုံးထိပြသွားပါတယ်။ဒီလိုပြစ်ချက်မျိုးက
အတွေ့ အကြုံများတဲ့သူဆိုရင်ချက်ချင်းစဉ်းစားမိမှာပါ။ battery ငုတ်ရဲ့အ၀င်မှာနားက
အပေါင်းအနှုတ်လိုင်းကိုခွပြီးတတ်ထားတဲ့ ဒီကောင်လေးက dc ဗို့ ကိုလုံးဝပိတ်ချလိုက်တာ။
Capacitor တွေမှာဖြစ်တတ်တဲ့ ပြစ်ချက်ကတော့၊ရှော့ဖြစ်ပြီးဝါယာကြိုးတစ်ချောင်းလိုဖြစ်သွားတာ
နောက်တစ်မျိုးက open ဖြစ်တယ်လို့ လဲခေါ်ပါတယ်၊ capacitor ရဲ့ မိုက်ခရိုဖရက်တန်ဖိုးလုံး
ဝပျောက်သွားတာမျိုးပါ။ရေ၀င်တဲ့ဖုန်းတွေမှာအဖြစ်များပါတယ်။တကယ်လို့ ဒီပစ္စည်းလေး
တွေကိုအစားထိုးပြုပြင်မယ်ဆိုရင်၊စက်ပြားဟောင်းလေးတွေစုဆောင်းထားရပါမယ်။
ဖုန်းထဲမှာအသုံးပြုတဲ့ SMD components လို့ ခေါ်တဲ့ သေးငယ်တဲ့ပစ္စည်းလေးတွေကို
အပြင်မှာဝယ်ဖို့ မလွယ်ကူပါဘူး၊ဒါကြောင့်စက်ပြားများများစုဆောင်းထားတဲ့သူဟာ
အလွယ်တကူပဲပြင်ဆင်လို့ ရသွားမှာပါ။
(၂) Resistor ဒီကောင်လေးတွေကအမဲရောင်အတုံးအသေးဆုံးလေးတွေပါ။အရွယ်နဲနဲကြီးတဲ့
ကောင်တွေလဲအနဲငယ်သုံးပါတယ်။သူတို့ ကတော့ရှော့ဖြစ်တယ်လို့ သိပ်မရှိပါဘူး
open ပြတ်သွားတာများပါတယ်။ fuse resistor  ကိုတော့အဖြူရောင်အတုံးလေးတွေအဖြစ်
ခွဲခြားပေးထားပါတယ်။ပုံမှာမြင်နေရတာတော့ SMD Resistor လေးတွေပါ။
smd-resistor
(၃) coil ကွိုင်လေးတွေကိုတော့ပါဝါပိုင်းမှာအနဲဆုံးလေးလုံးကနေခြောက်လုံးထိတွေ့ ရတတ်ပါတယ်။
ကွိုင်လေးတွေသုံးရခြင်းရဲ့အကြောင်းကတော့၊ပတ်လမ်းမှာလိုအပ်တဲ့ လျှပ်စီးကြောင်း အမ်ပီယာ၊
တောင့်တင်းကောင်းမွန်စေရန်၊dc လျှပ်စီးကြောင်းကနေ ac အသွင်ကိုကူးပြောင်းယူရန်၊dc ဗို့ ကိုလို
အပ်သလိုထုပ်ယူပေးနိင်ရန်အသုံးပြုကြပါတယ်။ပုံမှာမြင်ရတာကတော့ SMD Coil လေးပါ။
´
power ic pin out
(၄) FET နဲ့  SOT
FET က Field effect transistor , SOT က Small outline transistor ပါ။ပါဝါပိုင်းမှာ
နှစ်မျိုးစလုံးသုံးတတ်ပါတယ်။ဒီကောင်လေးတွေက လျှပ်စီးကြောင်းတွေကိုလိုအပ်သလို
အပိတ်အဖွင့်လုပ်တဲ့နေရာမှာသုံးကြပါတယ်၊နောက်တစ်မျိုးက battery ကိုအားသွင်းတဲ့
နေရာမျိုးမှာအမ်ပီယာကိုလိုအပ်သလိုထိန်းချုပ်ပေးနိင်ဖို့ သုံးကြပါတယ်။ဒီပစ္စည်းလေးတွေ
ပျက်စီးသွားရင်တော့အမျိုးအစားတူတစ်ခုခုနဲ့ လဲလှယ်အသုံးပြုသင့်ပါတယ်၊
ခြေတောက်ကိုကြိုးပူးပြီးသုံးတာရတယ်ဆိုပေမယ့်၊တစ်ချို့ ပတ်လမ်းတွေမှာပါဝါအဖွင့်အပိတ်
လုပ်ပေးယုံသာမကပဲ၊ charging ပိုင်းကိုပါတွဲဖက်နေတာမျိုးဆိုရင်၊ error တစ်မျိုးမျိုးတက်လာ
နိင်ပါတယ်။ပုံမှာပြထားတာကတော့ SOT လေး၇ဲ့ပုံပါ။
Small-Outline-Transistors-SOT
(၅) DIODE ဒီကောင်လေးတွေကတော့ပါဝါပိုင်းမှာမပါ၇င်မဖြစ်တဲ့ပစ္စည်းလေးတွေပါ။
အေစီကနေဒီစီကိုပြောင်းပေးတဲ့နေ၇ာမှာသုံးပါတယ်။နောက်တစ်ခုကzener diode ပါ၊
သူ့ ကိုတော့တစ်ချို့ ညီငယ်တွေသိပ်သိမှာမဟုတ်ပါဘူး။သူကဘာလုပ်ပေးလဲဆိုတော့
ဒီစီဗို့ ကိုကန့် သပ်ပြီးတည်ငြိမ်အောင်ထိန်းငြှိပေးပါတယ်၊အထူးသဖြင့် charging ပိုင်းတွေမှာ
အသုံးများပါတယ်၊ဒီစီဗို့ အားရဲ့အပေါင်းနဲ့ အနှုတ်ကိုခွပြီးတပ်ဆင်ထားတဲ့အတွက်၊ဒီကောင်
လေးရှော့ဖြစ်ရင် ပါဝါပိုင်းပါသေသွားတတ်ပါတယ်။ပုံမှာပြထားတဲ့ပစ္စည်းကတော့ diode လေးပါ။
Rectifier-Diode
(၆) PMU  Power Management Unit ဖြစ်ပါတယ်၊ပတ်လမ်းမှာပါဝင်တဲ့၊အိုင်စီတွေရဲ့
ဲ့ဗို့ အားလိုအပ်ချက်ကိုဖြန့် ဝေပေးတဲ့အိုင်စီပါ။ဖုန်းတစ်လုံးရဲ့အသက်လို့ လဲပြောနိင်ပါတယ်။
ဒီအိုင်စီထဲမှာအဓိကအပိုင်း(၅)ပိုင်းလောက်ပါဝင်ပါတယ်။
battery ကနေ၀င်လာတဲ့ဗို့ အားကိုလက္ခံပေးတဲ့ input section
စတုဂံလှိုင်းကိုထုပ်လွတ်ပေးတဲ့ oscillator  ပိုင်း၊
ပါဝါအဖွင့်အပိတ်ကိုလက္ခပေးတဲ့ data in,out ပိုင်း၊
charging နဲ့ vibrator  အပိုင်း၊
ကွိုင်ပတ်လမ်းတွေနဲ့ တွဲဖက်လုပ်ဆောင်ပေးတဲ့ output အပိုင်းတို့ ဖြစ်ပါတယ်။
ပုံမှာပြထားတာကတော့ power section တစ်ခုမှာပါဝင်တဲ့ပစ္စည်းလေးတွေစုပေါင်းဖွဲ့ စည်း
ထားတဲ့ပုံလေးပါ။
IMG_6406
(၇) CRTSTAL ဒီကောင်လေးကတော့၊ pmu အတွက်လိုအပ်တဲ့ oscillator ပိုင်းကိုထိန်းချုပ်ပေးပါ
တယ်။ပုံမှန်ပတ်လမ်းတွေမှာ ( f=1/CR) ပုံသေနည်းကိုအသုံးပြုပေမယ့်၊ဒီအပိုင်းမှာတော့
တည်ငြိမ်တဲ့ဗို့ အားကိုလိုအပ်တဲ့အတွက်၊ crystal ကိုအသုံးပြုတာဖြစ်ပါတယ်။
Back light အပိုင်းမှာတော့ crystal ကိုမသုံးကြပါဘူး။
ပုံမှာပြထားတာကတော့ crystal ပတ်လမ်းလေးတစ်ခုပါ။

11
အရင်ကတော့ဒီကောင်လေးတွေအပျက်နဲပါတယ်၊ hyawei g610 မှာတော့တော်တော်လေး
အဖြစ်များပါတယ်။သူရဲ့ error ကပါဝါဖွင့်ရင်တစ်ခါတစ်လေအလွယ်တကူပွင့်ပြီး၊တစ်ခါတစ်လေ
တော်တော်နဲ့ ဖွင့်မရတတ်ပါဘူး၊အဖုံးဖွင့်ပြီးအပူလေးပေးလိုက်မှရသွားတာမျိုးလဲရှိပါတယ်။
တစ်ချို့ ဖုန်းတွေမှာသုံးနေရင်းရုတ်တရက်ပါဝါပိတ်သွားပြီး၊ပြန်ဖွင့်လို့ မရတာလဲရှိပါတယ်။
အကြောင်းကတော့ဒီ crystal လေးအရည်အသွေးညံ့လို့ ပါ။အဲဒီလိုပါဝါကြောင်တဲ့ဖုန်းတွေဆို
crystal လဲကြည့်သင့်ပါတယ်။ဒါကတော့power section ပိုင်းမှာပါဝင်တဲ့ ပစ္စည်းလေးတွေနဲ့ 
ဖြစ်တတ်တဲ့ error လေးတွေပါ။ဒီပုလေးကတော့ power ပိုင်းရဲ့ ဆားကက်ပုံလေးပါ။

2014-04-27_100648
အလုပ်လုပ်ပုံအသေးစိတ်ကတော့ကျွန်တော့ရဲ့မြင်ဆရာဖြစ်တဲ့ ဆရာကိုစိုင်းရှင်းပြထားတာလေးကိုမှီ
ငြမ်းပြီးပြောပြပါမယ်။
Battery ကတဆင့်ရောက်လာတဲ့ 3.7v ဟာ pmu ic ရဲ့ input pinကနေတဆင့် pwm modulator
ထဲကိုဝင်ရောက်သွားပါတယ်၊ pwm ဆိုတာ pulse width modulation ကိုပြောတာပါ
လှိုင်းထုပ်တဲ့အပိုင်းပါ။အဲဒီလိုပဲအပေါင်းဗို့ ဟာ fet ရဲ့  drain ကိုကိုလဲတိုက်ရျိက်ရောက်နေပါတယ်။
power button ကို နှိပ်လိုက်ရင် အိုင်စီရဲ့ disable ငုတ်မှာရှိတဲ့ 1.8v ဟာ 0v သို့ ရောက်သွားပြီးအိုင်စီ
ကိုစတင်အလုပ်လုပ်စေပါတယ်။ oscillator ပတ်လမ်းအလုပ်လုပ်ပြီးoutput ပိုင်းမှာရှိတဲ့ coil
အုပ်စုကနေတစ်ဆင့်အိုင်စီများအတွက်လိုအပ်တဲ့ဗို့ အားများကိုထုတ်လွတ်ပေးပါတယ်။

21
power ic  တွေမှာအဖြစ်များတဲ့ပြစ်ချက်ကတော့ no power,charging error, ပိုင်းတွေပါ၊ရေ၀င်တဲ့ဖုန်းတွေမှာ pmu ရှော့ ဖြစ်တာများပါတယ်။ battery တတ်လိုက်ရင် vibrator ဆက်တိုက်တုန်ခါနေတာမျိုးလဲဖြစ်တတ်ပါတယ်။
pmu ရှော့ဖြစ်ရင်တော့အသစ်လဲလယ်ပေးမှသာကောင်းနိင်ပါမယ်။ huawei g730,610 အိုင်စီတွေကတော့
၄၀၀၀ လောက်ရှိပြီး အခြားမော်ဒယ်တွေမှာအသုံးများတဲ့ pm8029 ကတော့ ၂၅၀၀ ပဲရှိပါတယ်။




ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်
အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။

Monday, January 19, 2015

Posted by Unknown | File under :

ကျွန်တော် U8650 Deadboot ကို GPGJTAG-pro Box နဲ့ ပြန်နှိုးတာလေးကို သာမန် User တွေ ဗဟုရအောင်ပိုစ့်လေးတစ်ခုအနေနဲ့ ပြန်တင်ပေးတာပါခင်ဗျာ အရင်ဆုံး လိုအပ်တဲ့ Huawei_U8650_BOOT.bin ဖိုင်လေးကို ဒေါင်းရပါမယ် ဒါက အဲဖိုင်ဒေါင်းတဲ့ မူရင်းလင့်ပါClick Here
ဒေါင်းပြီးရင် GPGJTAG-pro Box ကို PC နဲ့ ချိတ်ပြီး အောက်ပုံ မှာ ပြ ထားတဲ့ အတိုင်း တစ်ဆင့်ချင်း လုပ်ရပါမယ်။
1509286_353082684834930_1466324778_n
( 1 ) ပြ ထားတဲ့ နေရာမှာ ဖုန်းအမျိုး အစားကို ရွှေးပေးရပါမယ် 
( 2 ) နေရာမှာ ဖုန်းမော်ဒယ် ကို ရွှေးပေးရပါမယ်
( 3 ) နေရာ မှာ ပြထားတဲ့ အတိုင်း GPGJTAG-pro Box နဲ့ ဖုန်းချိတ်မဲ့ ကြိုး ကို ဖုန်းမှာ သက်ဆိုင်ရာနေရာတွေ အလိုက် ခဲဆော် ရပါမယ် ခဲဆော်ပြီးရင် GPGJTAG-pro Box နဲ့ ချိတ် လိုက်ပါမယ်
( 4 ) နေရာက Set Defaul Point ကို တစ်ချက်နှိပ်ပြီးပေးရပါမယ်
( 5) နေရာမှာတော့ မိမိဖုန်း ကို ပြန် Flash မဲ Boot.bin ဖိုင်အလိုက် ရွှေးပေးရပါမယ် ကျွန်တော် U8650 အတွက်တော့ 4M ကိုရွှေးလိုက်ပါတယ် အဲအဆင်တွေပြီး သွားပြီ ဆိုရင် 
( 6 )နေရာလေးကို နှိပ်ပြီး ဒေါင်းလော့ ဆွဲထားတဲ့ Huawei_U8650_BOOT.bin ကို သွားရွှေးပေးရပါမယ်ပြီးရင်
( 7 ) နေရာလေးက Write ကို နှိပ်ပေးလိုက်ပါ ဘောက်တစ်ခုကျလာရင် Ok ကိုနှိပ်ပေးလိုက်ပြီး သူနှိပ်ခိုင်းသလို Power Key 
ကို နှိပ်ထားပေးလိုက်ပါ ဒါဆိုရင် စပြီးအလုပ်လုပ်နေပါလိမ့်မယ် 100% ပြည့်သွားပြီ ဆိုရင် Power Key ကို လွှတ်ခိုင်းပြီးနောက်တစ်ခေါက် အလုပ်လုပ် နေပါလိမ့်မယ် 100% ပြည့်ပြီး Write Finish ဆိုရင်တော့ Deadboot ကိုပြန်နှိုးခြင်း အောင်မြင်ပါပြီခင်ဗျာ ဖုန်းမှာခဲဆော်ထားတဲ့ ကြိုးတွေ ကို ဖြုတ်ပြီး Battery တပ် ပြီး Power ခလုပ်နှိပ်ကြည့်လိုက်ပါ Huawei Logo လေးပေါ်လာပြီဆိုရင် အမောပြေ ပြီ ပေါ့ဗျာ နောက်တစ်ဆင့်အနေနဲ့ သူနဲ့ သက်ဆိုင်တဲ့ Firmware ထဲက dload ဖိုဒါလေးကို Sdcard ထဲ ကူးထည့်ပြီး Firmware ပြန်တင်ပြီးပြီ ဆိုရင်တော့ ပြီးပြည့်စုံ သွားပါပြီ ခင်ဗျာ…………စိတ်ရှည်လက်ရှည်ဖတ်ပေးတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ကျွန်တော်လုပ်ရင်းနဲ့ မှတ်ထားတာလေးကိုမှတ်မိသလောက်ပြန်ပြောပြထားတာပါ လိုအပ်တာလေးတွေရှိရင်လဲ သိပြီးသားသူတွေက ဖြည့်စွက်ပေးပါလို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ မိမိသိသလောက်လေးကို အစဉ် မျှဝေပေးနေပါမယ်။
Credit ; Ko NayLa

Sunday, December 7, 2014

Posted by Unknown | File under :

အခုနောက်ပိုင်း 5109 တော်တော်များများ ဖြစ်တတ်ပါတယ်....အဲဒါကို Network ic ဖြစ်တဲ့ PA 6340 

နံပါတ်နဲ့အစားထိုးလိုက်ရင်အဆင်ပြေပါတယ် သူ့ original pa no. က 5405 ပါ ဒါပေမယ့် 6340PA က 

CDMA Handset တော်တော်များများနဲ့ အစဉ်ပြေပါတယ်. ကျွန်တော်လဲပြီး အသုံးပြုတာ 


5109 သုံးလုံးရှိသွားပါပြီ...ဘာ Error မှ မရှိပါဘူး အစဉ်ပြေပါတယ်. PA လဲတာ Service 

သမားတော်တော်များ လုပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်..Airgun ကို အပူချိန် 300 လောက်နဲ့


ပေးပြီး ဖြုတ်တက်လိုက်ရင် အစဉ်ပြေပါတယ်. ကျွန်တော် ဓာတ်ပုံလေးနဲ့ တကွ တင်ပေးလိုက်ပါတယ်

တကယ်လို့ ပစ္စည်းဝယ်မရခဲ့ ရင်  ဘယ်လိုလုပ်ရမယ်ဆိုတဲ့နည်လမ်းလေးကို ပြောပြခြင်ပါတယ်


သိတဲ့သူများ ဒီပို့ကျော်သွားလိုက်ပါ မသိသေးတဲ့သူများ အတွက်သာ ရည်ရွယ်ပါတယ်.............

ကျွန်တော်လုပ်ခဲ့နည်းလမ်းလေးပါ  C8812 ထဲက PA  လေးကိုဖြုတ်ပြီးထည့်လိုက်ရင် အဆင်ပြေပါတယ်


စမ်းသပ်ပြီးသားပါ။ off line ဖတ်ချင်တယ်ဆိုရင်တော့ အောက်မှာ docx ဖိုင်လေးလုပ်ထားပေးပါတယ် 

ဒေါင်းသွားနိုင်ပါတယ်။





Tuesday, November 25, 2014

Posted by Unknown | File under :
 
တစ်ချက်ကတော့ Hardware ပိုင်းမှာ Error ရှိလို့ ပါ၊နောက်တစ်ချက်ကတော့

software ပိုင်း error ကြောင့်ပါ၊ ဖုန်းကိုအဖုန်းမဖွင့်သေးပဲအကြမ်းဖျင်း စစ်ကြည့်လို့ 
ရပါတယ်။ power supply နဲ့ ချိတ်လိုက်လို့ အသံမြည်ပြီး အမ်ပီယာအဆုံးထိတက်
သွားရင် ဗို့ လမ်းကြောင်းမှာရှိတဲ့ components တွေ တစ်ခုခုရှော့ဖြစ်နေပါပြီ။
နောက်တစ်မျိုးက ရှော့တော့မရှိဘူး အမ်ပီယာလေး 0.2 လောက်ပြပြီး၊ပြန်ကျသွား
လိုက် ပြန်တက်လာလိုက်နဲ့ ဖြစ်နေရင် software ပိုင်း error ဖြစ်နိင်ပါတယ်၊
boot မတက်နိင်တဲ့ပြသနာပါ၊ huawei တွေမှာဆိုရင် flashtool firmware ရှာပြီး
တင်ကြည့်ပါ၊ samsung ဆိုရင်တော့ down load mode ၀င်တဲ့ usb jig လေးနဲ့ 
တပ်ကြည့်လိုက်လို့ ၇ရင် odin နဲ့  firmware ပြန်တင်လို့ ရပါတယ်။
hardware ပိုင်းကြောင့်ပါဝါမတက်ရင်တော့ဗို့ လမ်းကြောင်းကိုစစ်ရပါတော့မယ်၊
battery ငုတ်ရဲ့အပေါင်းဗို့ လိုင်းပေါ်မှာ တိုက်ရိုက်တတ်ဆင်ထားတဲ့ပစ္စည်းတွေ
ကိုလေ့လာကြည့်ရင် zener diode,capacitor, pa,pmu,back light ic,blue tooth
ic, charging ic အစရှိတဲ့ ပစ္စည်းလေးတွေကို 4v တိုက်ရိုက်ရောက်နေပါတယ်။
ရေ၀င်တဲ့အလုံးဆိုရင် back light ic နဲ့ 
pmu ရှော့ဖြစ်တာများပါတယ်။တကယ်လို့ အားသွင်းရင်း
ဖြစ်တာဆိုရင် zener diode,charging ic တို့ ရှော့ဖြစ်တတ်ပါတယ်၊သုံးတာအချိန်ကြာ
လို့ ပိတ်သွားပြီးပြန်ဖွင့်တဲ့အခါရှော့ဖြစ်ရင် wifi,bluetooth ic,pa ic တို့  ကြောင့်ဖြစ်တတ်ပါတယ်။
components လေးတွေရှော့ရှာမယ်ဆိုရင်အကောင်းဆုံးနည်းကတော့၊ထင်းရှုးဆီ
အငွေ့ ကိုမှိုင်းခံပြီးစစ်ချင်တဲ့နေရာလေးပေါ်မှာ ဖြူနေအောင်တင်ပေးလိုက်ပါ၊
ပြီးရင် 3A,5A, power supply ကိုသုံးပြီးရှော့ဖြစ်တဲ့အရာလေးတွေကိုရှာနိင်ပါတယ်။
pmu pm 8029 လဲအဖြစ်များပါတယ်၊ တကယ်လို့ power နိုးပြီး pmu ic တအားပူ
နေရင်အထွက်ပိုင်းဗို့ လမ်းကြောင်းပေါ်မှာရှိတဲ့ components လေးတွေစစ်ကြည့်
ရပါမယ်။ တစ်ချို့ ဖုန်းတွေမှာ emmc ရဲ့အ၀င်ဗို့ တစ်ခုဖြစ်တဲ့ 1.5v လမ်းကြောင်းပေါ်
မှာ 1.5v zenzer diode လေးတတ်ထားတတ်ပါတယ်၊အဲဒီ diode လေးရှော့ဖြစ်ရင်
pmu ရဲ့ output section မှာရှိတဲ့ transistor လေးပူလာပါတယ်။ 8029 မှာ
output transistor သုံးလုံး ပါရှိပါတယ်။
မော်ဒယ်မြင့်ဖုန်းတွေမှာတော့ second pmu ဖြစ်တဲ့ u2 ic လေးတွေကြောင့်လဲ
power ပြန်သေတတ်ပါတယ်။ဖုန်းလေးတွေမှာပုံမှန်အတိုင်းbattery တတ်လိုက်ရင်
4v ရောက်နေတဲ့နေရာလေးတွေရှိပါတယ်။ဒီနေရာလေးတွေမှာဗို့မရောက်ရင် နိုးဖို့ 
မလွယ်တော့ပါဘူး၊ပုံမှာနမူနာပြပေးထားပါတယ်၊အနီအစက်လေးတွေက ပုံမှန်ရောက်
နေရမဲ့ဗို့ နေရာလေးတွေပါ။အစိမ်းရောင်ကတော့ ပါဝါနိုးလိုက်တဲ့အခါမှာ ဘာ error မှ
မရှိရင်ဗို့ ထွက်ရှိနေမယ့်နေရာလေးတွေပါ။အားလုံးပဲအဆင်ပြေကြပါစေ။




Posted by Unknown | File under :


  • ကြာတော့လဲကြာခဲ့ပါပြီ၊ဒါပေမယ့်မသိသေးတဲ့သူလဲရှိနေဆဲမို့  ဆရာသမားတို့ မျက်စိ
    နောက်သွားရင်ခွင့်လွတ်ပေးပါခင်ဗျာ
    ဒီလိုပါ HUAWEI G730-C00 တွေမှာမဲနယ်ပုံးထဲပြုတ်ကျတဲ့ကိစ္စပါ။
    တစ်ချို့ က ပါဝါဖွင့်ပြီး logo ပေါ်ပြီးမှဖြစ်တာပါ။တစ်ချို့ ကြ battery တတ်လိုက်တာနဲ့
    ပါဝါတန်းပွင့် ပြီး blue screen တန်းတက်သွားတတ်ပါတယ်။ဒီနေရာမှာပုံစံနှစ်မျိုးကွဲနေ
    တာသတိထားထားမိပါတယ်။တကယ်လို့ ပုံမှန်အတိုင်းပါဝါဖွင့်လို့  logo တက်ပြီး ပြာသွားတာဆိုရင် CPU ဘေးမှာ 1.9v,2.5v တွေပုံမှန်ရောက်နေပါမယ်။ အနီရောင်
    ကွိုင်လေးပြထားတဲ့နေရာမှာ 1.1v ပျောက်နေတဲ့အတွက် CPU VCC C2 ဗို့ ပျောက်
    ပြီးအပြာပြင်ကြီးဖြစ်သွားတာပါ။အဲဒီ VCC C2 ကိုထုတ်ပေးတာက 6335D ဆိုတဲ့အိုင်စီ
    သေးသေးလေးပါ။ အဲဒီအိုင်စီလေးမှာပင် ၂၀ ပါပါတယ်။ပင် ၁၁၊၁၂ နဲ့ ၁၉၊၂၀ က
    battery ကလာတဲ့3.5v ပေးသွင်းထားပါတယ်။ပင် ၁၊၂၊နဲ့ ၉၊၁၀ ကတော့boot coil
    လေးတစ်လုံးခံပြီး CPU အတွက်လိုအပ်တဲ့ 1.1v ကိုထုတ်ပေးပါတယ်။ပင် ၆နဲ့ ပင်၁၇
    တွေမှာတော့ r လေးတစ်လုံးစီခံပြီးPMU ကလာတဲ့ 1.9v ကိုပေးသွင်းထားပါတယ်။
    ပင်၃၊၄ နဲ့ ၇၊၈ ကတော့ ground ပင်တွေပါ။
    ဒီလိုအခြေအနေမှာ 1.1v ပျောက်ရင် PMU ဘေးနားက 1.1v ထွက်တဲ့ကွိုင်လေးတစ်လုံး
    ဆီကနေ diode ခံပြီး jumper ကျော်ကြည့်လို့ ရပါတယ်။6335D ကိုလဲကြည့်ရင်လဲရနိင်ပါတယ်။ 610 -C00 တွေမှာလဲဒီအိုင်စီပဲသုံးပါတယ်။
    တကယ်လို့  battery တတ်လိုက်တာနဲ့ ပါဝါတန်းတက်တဲ့အလုံးကိုတော့ jumper 
    ကျော်လို့ မ၇နိင်ပါဘူး။ဒီကောင်တွေဆိုရင် PMU အရင်လဲကြည့်လိုက်ပါ။ပြန်ကောင်းသွား
    နိင်ပါတယ်။
    အားလုံးပဲအဆင်ပြေကြပါစေ။

Tuesday, November 18, 2014

Posted by Unknown | File under :

 Mobile ဖုန်း၏ Hardware ပစ္စည်းများ ပြုပြင်ရေးနည်းလမ်းများ ဟူသော စာအုပ်ကို pdf version အဖြစ် ဆရာရဲမာန်အောင်(Ray Electronic) မှအခမဲ့ထုတ်ပေးလိုက်ပြီဖြစ်ပါသည်။ Mobile Phone ပြုပြင်သူများကို တစ်ထောင့်တစ်နေရာမှ အကူအညီဖြစ်စေလိမ့်မည်ဟု မျှော်လင့်မိပါသည်။ Electronic ၀ါသနာပါသူများ၊ Mobile Phone ကလိလိုသူများအနေဖြင့်လည်း  အသုံးဝင်နိုင်ပါသည်။လိုအပ်ပါက အောက်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်။အောက်မှကြော်ငြာများကိုလဲဝင်ရောက်ကြည့်ပေးပါဦးခင်ဗျာ။

Download Here(pdf)

Tuesday, September 9, 2014

ဖုန်းကိုအကြောင်းအမျိုးမျိုးကြောင့် reset ချဖို့လိုလာပြီဆိုရင် ဥပမာ....pattern lock မေ့သွားတဲ့အခါမျိုး၊စက် ကဖွင့်မရအောင် ဟန်းနေတဲ့အခါမျိုးမှာ ဒီနည်းလေးတွေက အဆင်ပြေစေမှာပါ။

  (1)Turn on SAMSUNG GALAXY S5
  1. Make sure you already backup the important data
  2. Go to menu:  Setting 
  3. Choose the General tab
  4. Choose Backup and reset > Factory Data Reset > Reset device
  5. Choose : Erase Everything
  6. The SAMSUNG GALAXY S5 will doing the factory data reset.

 (2) Hard Reset SAMSUNG GALAXY S5 (SM-G900F / G900I / G900M / G900A / G900T / G900K / G900L / G900S) with Hardware Key Button:
  1. Turn off SAMSUNG GALAXY S5
  2. Make sure the important data already backup
  3. Make sure tha battery fully charge
  4. Press and Hold together Volume Up Button + Home Key Button + Power Button for several seconds
  5. You will see the menu appear in the SAMSUNG GALAXY S5 screen
  6. Choose at menu Wipe Data / Factory Reset with Volume Up or Down to navigate
  7. Press Power Key to select or enter.
  8. Select Delete User Data

 (3) Hard Reset SAMSUNG GALAXY S5 (SM-G900F / G900I / G900M / G900A / G900T / G900K / G900L / G900S) with secret code key: 
  1. Turn on SAMSUNG GALAXY S5
  2. Backup your important data
  3. Dial *2767*3855#
  4. Please be careful, because all data will removed from SAMSUNG GALAXY S5 when access that code.

Wednesday, July 9, 2014

Posted by Unknown | File under : ,
ရေးသားသူ- ကိုနေလ (Myanmar Mobile App Store)
GPGEMMC Box နဲ့ EMMC IC ကို ပြန်ရေးတဲ့ နည်းလေးပါ ( သိပြီးသားဆရာတွေ အတွက်တော့ အနှောင့်အရှက်ဖြစ်သွားရင် Sorry ပါလို့ ကြီုတင်တောင်းပန်ပါရစေ )
အရင်ဆုံး လိုအပ်တာကတော့ GPGEMMC Box ပေါ့နော် ပြီင်္းရင် လိုအပ်တဲ့GPGEMMC Box အတွက် Setup ဖိုင်နဲ့ EMMC ဖိုင်ကို ဒီလင့် http://www.gpgindustries.com/download/GPGeMMC/index.php?dir
ကနေဒေါင်းယူရင်ဖြစ်ဖြစ် ၊ အကောင်းတစ်လုံးကနေဖြစ်ဖြစ် Backup ယူလို့ရပါတယ်
( ကျွမ်းကျင်သူဆရာများကတော့ အကောင်းကနေ Backup ယူတာပိုပြီးစိတ်ချရတယ်လို့ ဆိုပါတယ် )
ကဲ ပြန်ရေးကြည့်ရအောင်နော် အရင်ဆုံးပြန်ရေးမဲ့အိုင်စီကို ခဲပြန်ဖော်ပြီး GPGEMMC Box ရဲ့ IC ထဲ့တဲ့ ပုံစံခွက်ထဲ မှာ ထည့်ပါ


( ပုံ-၀.၁ ) Box နဲ့ PC ကို ချိတ်ပြီး PC ကနေ ဒေါင်းထားတဲ့ အထဲက GPGeMMC_v1.22 >> GPGeMMC.exe ကို run ရပါမယ်
GPGEMMC Box ဆော့ဝဲ ပွင့်လာပြီဆိုရင် EMMC ဆိုတဲ့ အကွက်ကိုနှိပ်ပြီး All Manufacturers မှာ မိမိ အိုင်စီ အမျိုးအစားကိုရွှေးပြီး Select Chip နေရာမှာတော့ အိုင်စီရဲ့ နံပတ်လေးတွေ ကို ရွှေးပေးရပါမယ်
( ကျွမ်းကျင်သူများကတော့ မလိုဘူးလို့ ပြောပါတယ် / ကျွန်တော့် အမြင်တော့ မလိုအပ်ရင် ထည့်ပေးမှာမဟုတ်ဘူးထင်တာဘဲ ကျွန်တော့်အထင်မှားရင်လဲ မှားမှာပေါ့နော် )



ပုံ-၁/၂ ပြီးရင် ပြန်ရေးမဲ့ အိုင်စီကောင်းမကောင်း Read info ကိုနှိပ်
ပြီး Run ကြည့် ပါမယ် နမူနာအနေနဲ့ GT-I9300 ရဲ့ EMMC ကို ပြပေးထားပါတယ်



( ပုံ ၃/၄ ) အတိုင်းပြနေရင် ပြန်ရေးလို့ မရပါဘူး


( ပုံ ၅ )အတိုင်းပြနေရင်တော့ ပြန်ရေးလို့ ရပါတယ် ပြီးရင် User နေရာထည့်ထည့် က မှန်ဘီလူးနေရာလေးကို
နှိပ်ပြီး မိမိပြန်ရေးမဲ့ EMMC ဖိုင်ကိုသွားရွှေးပေးပြီး Write ဆိုတာလေးကိုနှိပ်ပေးလိုက်ရင် ဖိုင်ပြန်ရေးခြင်းစလုပ်နေပါပြီ


( ပုံ ၆ ) အတိုင်းစာတွေ ပေါ်လာပြီဆိုရင်တော့ EMMC ပြန်ရေးတာ အောင်မြင်စွာပြီးဆုံးပြီပေါ့ဗျာ အိုင်စီလေးကို စက်ပြားမှာပြန်တပ်
ပြီး လိုအပ်တာလေးတွေ ထပ်လုပ်လိုက်ရင် အားလုံးပြီးပြီပေါ့နော်

Monday, May 26, 2014

Posted by Unknown | File under :
လိုအပ်တာရှိပါက ချက်ဘောက်ကနေဖြစ်ဖြစ် Facebook ကနေဖြစ်ဖြစ် တောင်းဆိုနိုင်ပါတယ် ကျွန်တော်လည်း အလျင်းသင့်သလို့ ရှဲပေးသွားပါမယ်။
















  • Elpida FA164A2PM - The same 2 GB RAM package we found in the HTC One (M8), and different from the 2 GB Samsung chip found in Chipworks' analysis. Quad-core 2.5 GHz CPU likely layered beneath
  • Samsung KLMAG2GEAC-B0 16 GB on-board memory
  • Avago ACPM-7617 multi-mode, multi-band RF front end
  • Murata KM4220004 (likely Wi-Fi module)
  • C1N75R UMR3
  • Maxim Integrated MAX77804K (System PSoC) and MAX77826
  • STMicroelectronics 32A M410





    • SWEP GRG28 antenna switch module (thanksChipworks)
    • Qualcomm WTR1625L RF transceiver (another encore from the HTC One M8) and...
    • Qualcomm WFR1620 receive-only companion chip
    • Qualcomm PMC8974
    • Lattice LP1KSD 84071R25
    • Invensense MP65M gyroscope/accelerometer
    • Qualcomm WCD9320 audio codec
    • SIMG 8240B0 mobile HD-link transmitter and NXP 47803 NFC controller



      • Cypress CY8C20075-24LKXI CapSense capacitive touch-sensing controller
      • RF1119

        ဒီပို့စ်ကို pdf အနေနဲ့ သိမ်းထားချင်တယ်ဆိုရင်တော့ အောက်ကပေးထားတဲ့ လင့်ကနေတစ်ဆင့်ဒေါင်းနိုင်ပါတယ် ခင်ဗျာ။

        Download Here (S5 Disassemble PDF)  


        PDF file password = koaung